သမီးရေ...
ဟုတ်မေမေ ။ မေမေပြောစရာလေးရှိတယ်။ ဟုတ်ပြောပါမေမေ
သမီးရည်းစားတွေ ဘာတွေရနေပြီလား ။ မရသေးပါဘူးမေမေရဲ့ ဘာလို့လဲ
မေမေက သမီးကိုရနေပြီထင်နေတာ ခုခေတ်ကရည်းစားထားဖို့လွယ်နေတာပဲ မေမေ့သမီးလေးရပြီလို့ထင်တာပေါ့ကွယ်..
(အပြင်မှာသာဆို သာသာ အိမ်ပေါ်ကဆင်းရမှာ)
မရသေးဘူးလေမေမေရဲ့ သမီးကစီးပွားရေးဘက်ကိုပဲ လေ့လာကြည့်ချင်သေးတယ် ခုလောလောဆယ်တော့
အေးကွယ် သမီးသဘောပါပဲ... ဒါနဲ့ မေမေပြောမလို့ သမီးနဲ့ငယ်ငယ်ကသူငယ်ချင်းဆိုလားပဲ ပေါင်းလာတဲ့ကောင်လေးလေ...သမီးသိလား..
နာမည်က ဘာပါလိမ့်..အော်...သိပီ
ကမ္ဘာမာန်လေ..သိပ့်တော့မမှတ်မိဘူး ဒါနဲ့ဘာလို့မေးတာလဲဟင်
အော် မေမေကသူ့အဖေတို့နဲ့ကရင်းနှီးတယ်လေ သူ့သားက စီးပွားရေးလေ့လာမလို့တဲ့ အဲ့တာသမီးများသူနဲ့အတူတူလေ့လာချင်လားလို့လေ မေမေက သမီးအဖော်ရအောင်ပါ
ဟုတ်ကဲ့ပါမေမေ သမီးကအဆင်ပြေပါတယ်။
အေးကွယ် ။
----------------------------
ဟျောင့် ကမ္ဘာမာန်!
ဘာတုန်းကွ မင်းကိုငါမေးမလို့...
မေးမေး
မင်းမှာကောင်မလေးလှလှလေးတွေရဲ့အကောင့်တွေဘာတေရှိလား။
မင်းကလဲကွာ ငါ့အကြောင်းမသိတာလဲမဟုတ်ဘဲနဲ့ ရှိတာပေါ့ကွ။
ငါ့ကိုချိတ်ပေးစမ်းပါကွာ ငါစော်လိုချင်တယ်ဟ။
သောက်အရေးထဲဒီကောင်ကတော့ ဒီမှာ ဟျောင့် ငါစိတ်ညစ်နေတယ် ငါ့ကိုအာရုံလာမစားနဲ့နော် ။
မင်းကလဲ ငါကဒါလေးပြောမိတဲ့ဟာကို ဘာတွေလာဖြစ်ပြနေတာလဲ ပြော!
ငါကွာ အိမ်က ဖားသားရီးပေါ့ကွာ အလုပ်တွေဇွတ်လုပ်ခိုင်းနေလို့ ငါစီးပွားရေးဘက်လေ့လာရတော့မှာကွ..
ဟ ငါ့ကောင်က အတည်ရီးလားဟ။
မင်းကလဲကွာ မသေချာသေးပါဘူးဟ!
----------------------
ဟယ်လို...မောင်လား
ဟမ် ဘယ်သူလဲ နွေ...နွေဦးလားဗျ့
ဟုတ်ပါတယ်ရှင့်
ဟာ ကိုယ့်ရဲ့နွေဦး ...မောင်လေ..နွေဦးကို သိပ့်လွမ်းနေတာသိလား..
ခု ခုချိန်ထိ မောင်က နွေဦးကိုစောင့်နေသေးတာလား...
ဒါပေါ့ အချစ်ရယ် မောင်ပြောခဲ့တာပဲ နွေဦးလေးကို စောင့်နေပါ့မယ်ဆိုတာလေ...
ဟင့် မောင်... မောင်ဗျာ ...
မငိုပါနဲ့ဗျ နော်...
ကျွန်တော်ကလေ မောင်က ကျွန်တော့်ကိုစောင့်မနေဘူး ထင်နေခဲ့တာ ခုကလေ ကျွန်တော် လာနှုတ်ဆက်တာပါ...
ဟင် !
ဟို.. ကျွန်တော် နိုင်ငံခြားသွားတော့မယ် ဟိုမှာ နှစ်နဲ့ကြာနိုင်တယ် ဖြူနဲ့သွားမှာလေ မောင့်ကို သိစေချင်လို့... ကျွန်တော်လေ မောင့်ဖုန်းနံပတ်ကို အချိန်ဘယ်လောက်ထိရှာလိုက်ရလဲသိလား...ဟင့်
မောင့်ကလေးလေးက မောင့်ကိုသတိရသားပဲ ပြန်လာမှာမလားဟင်..
ပြန်လာမှာပေါ့
အချစ် မောင်တို့ အစကနေပြန်စကြရအောင်လေ...
ရှင်!
မောင်ကနောက်နှစ်တွေအထိစောင့်နိုင်ပါတယ်..
ကျွန်တော် အဲ့စကားကိုစောင့်နေခဲ့တာ... မောင်..
စနေနေ့အားတယ်မလား...အားတာပေါ့ဗျာ
အဲ့တာဆို ကျွန်တော် မောင့်ကိုလာတွေ့မယ်
မောင့်ကလေးလေးက မောင့်ကိုလာတွေ့မယ်ပေါ့ ဟုတ်လား!
ဟုတ်တယ် ကျွန်တော်တွေ့ချင်တယ် လာခဲ့မယ်နော်!
----------------
ကမ္ဘာမာန်....
အဲ့လူကို သိသလိုပဲ....
ဘယ်သူများပါလိမ့်...မေမေ ဖုန်းနံပတ်ပေးထားတာပဲ ဖုန်းဆက်ပီး အလုပ်ကိစ္စအတွက်ဆွေးနွေးဖို့ ချိန်းလိုက်မယ်...
ဟယ်လို....
ဟုတ်ကဲ့ဘယ်သူနဲ့ပြောချင်လို့ပါသလဲခင်ဗျ။
ဟုတ်ကဲ့ရှင့် ကျွန်မ ကိုကမ္ဘာမာန်နဲ့ပြောချင်လို့ပါ။
ဟုတ်ကဲ့ ကမ္ဘာမာန်ပြောနေပါတယ်
အကြာရီးစောင့်ရသွားပီထင်တယ်ဟဲဟဲ
YOU ARE READING
အချစ်ဦး(အကို..)
Actionအကို...ဆိုတဲ့နာမ်စားဟာ ခေါ်လို့ကောင်းသလောက်သိပ့်နာကျင်ရတာပဲ... (ဇွဲမာန်မင်း/ပျို့သစ္စာဖြူ) (ကျော့ရတီခိုင်/ကမ္ဘာမာန်) (ကျူးလစ်ပျို-ပျို့သစ္စာဖြူရဲ့ သမီး) (မာန်မင်းသန့်/ရှင်းသန့်လင်း-ဇွဲမာန်မင်းရဲ့ သားနဲ့သမီး)