နွေဦးရတနာ လည်း ညနေ၃နာရီခွဲတော့မှ နိုးလာတော့... ရေချိုး အဝတ်စားလဲပြီး အောက်ထပ်ဆင်းလာတော့ ဖြူက ပန်းအသစ်တွေအတွက် မျိုးစေ့တွေကို သဘောတစ်ကျ သေချာစိုက်ကြည့်နေတယ်။
ဟိတ်! ဖြူ
အယ်မလေး နင်ကလဲ အသံမပေးဘာမပေးနဲ့ လန့်လိုက်တာနော်..
နင်ကလည်း ငါကနင့်ကိုစချင်လို့ပါဟ..
နွေဦး နင်ဗိုက်ဆာနေပြီထင်တယ်..ခနစောင့် ငါအဝတ်သွားလဲအုန်းမယ်။
၁၀မိနစ်အကြာ-
ကဲ...လာ ငါ့အသဲလေး နွေဦး ...ဘယ်ဆိုင်သွားစားချင်လဲပြော... သကြားမေမေက ဝယ်ကျွေးမယ် ဟဲ"
အမ်....ငါက ဘယ်သိမလဲဟ ခုမှ နေပြည်တော်ရောက်တဲ့ဟာ အမ်....ငါက hot pot တော့သားချင်တယ်။
အိုကေသဲလေး အဲ့တာဆို ငါ family hot pot ဆိုင်လိုက်ပို့မယ် ကဲလာ... သွားကြမယ်။
ညနေ၆နာရီကျော်-
အယ်မလေးဟယ်.... ဗိုက်တော်တော်တင်းသွားတာပဲဟ
နင်တအား စားနိုင်တာပဲနော် နွေဦး လူကောင်သေးသလောက် စားနိုင်တယ်တော်တော်။
ဟဲဟဲ ဖြူရယ် ငါက စားနိုင်တယ်လေဟယ် ဟီးးး
ကဲပါ နင်ပင်ပန်းနေပြီမလားနွေဦး သွားနားတော့လေ..
မနက်ကျစောစောမထနေနဲ့ ကြားလား ငါဆို ၁၀နာရီလောက်မှထတာ နင်လဲနိုးရင် လာမနှိုးနဲ့ ဆက်အိပ်။
အေးပါဟယ် ငါလဲစောစောနိုးဘူး။
ည၈နာရီ-
ဒေါက်...ဒေါက်..
သမီးလေး နွေဦးရေ ဖြူက ညစာ စားအုန်းမလားတဲ့ မေးခိုင်းလိုက်လို့။
ရှင် ဒေါ်" သမီးညစာမစားတော့ဘူးလေ။
ဒါနဲ့ဒေါ်" အိမ်မှာ ဘာအသီးရှိလဲဟင်
ဟင် အသီးကအစုံရှိတယ် သမီးဘာအသီးစားချင်လဲပြော စတော်ဘယ်ရီ၊ကီဝီသီးအစုံရှိတယ်။
ဟုတ်လား အဲ့တာဆို သမီးအောက်ထပ်ဆင်းခဲ့လိုက်မယ် သမီးဘာသာ အသီးတွေလှီးပြီးစားလိုက်မယ်လေ။
ဟုတ်ပြီသမီး။
ဒါနဲ့ အိမ်မှာ နွားနို့တို့ ဒိန်ချဉ်တို့ရော ရှိတယ် သမီးယူသောက်လို့ရတယ် ရေခဲသေတ္တာထဲမှာ အစုံရှိတယ် ။
YOU ARE READING
အချစ်ဦး(အကို..)
Actionအကို...ဆိုတဲ့နာမ်စားဟာ ခေါ်လို့ကောင်းသလောက်သိပ့်နာကျင်ရတာပဲ... (ဇွဲမာန်မင်း/ပျို့သစ္စာဖြူ) (ကျော့ရတီခိုင်/ကမ္ဘာမာန်) (ကျူးလစ်ပျို-ပျို့သစ္စာဖြူရဲ့ သမီး) (မာန်မင်းသန့်/ရှင်းသန့်လင်း-ဇွဲမာန်မင်းရဲ့ သားနဲ့သမီး)