Monday Eveningတစ်ခုမှာဝတ်စုံအမဲနှင့်လူသံုးယောက်၊ ရုပ်ရှင်ရုံအရှေ့မှ Clown ကဲ့သို့လူအများကိုပျော်ရွှင်ရီမောအောင်လုပ်နေသောသူ။ ထို့ေနာက်လူသံုးေယာက်သည်Clownေလး၏အနားကိုသွား၍လူကြားထဲမှာတင်Clownေလးကိုဆွဲေခါ်သွားတယ်။ထို့နောက်လူသုံးယောက်ကို Clown လေးသာမကဘေးနားကလူတွေပါကြောက်အားလန့်အားဖြစ်ကုန်ကြသည်။
"ဟမ်!? ခင်ဗျားတို့ကဘယ်သူတွေလဲ? ဘာကိစ္စရှိလို့ကျွန်တော့်ကိုလာဖမ်းတာလဲ? လွှတ်! လွှတ်လို့ပြောနေတယ်လေ!"
လူသုံးရောက်ထဲကတစ်ယောက်က "နားညီးတယ်ကွာ" လို့ပြောကာ Clown ေလးရဲ့ခေါင်းကိုပိတ်စအမဲနှင့်စွတ်လိုက်သည်။ ထို့နောက် Clown လေးမှစိတ်မရှည်လာတော့အဆုံး
"အား! လွှတ်လို့...ကျွန်တော်စိတ်တိုလာပြီနော်...လွှတ်ပေး လွှတ် လို့ပြော-"
*ကျစ်*
အသံတစ်ခုကြောင့်ရပ်တန့်သွားသည့် Clown လေး၏အော်သံများ။ ထို Clown လေးကအသံတစ်ခုကိုတစ်နေရာရာမှာကြားဖူးတယ်ဆိုကာနားထောင်ရင်း
*ဟမ်? ဒီအသံက- အိုးး...သွားပြီ...ငါတော့ပြေးမလွတ်-*
"မင်းပြေးမလွတ်တော့ဘူးလို့တွေးနေတယ်ဟုတ်? ဟဟား ဆိုတော့မင်းတွေးတာမှန်သွားပြီ။ ဒီတစ်ခါတော့ကိုယ်မင်းကိုအလွတ်မပေးတော့ဘူး"
ချိုသာပြီးတိုးညှင်းသည့်အသံ၊ ထိုသူ၏ပါးစပ်ဖြားကထွက်လာသည့်စကားလုံးများနှင့်ဆန့်ကျင်ဘက်ပင်ဖြစ်နေသည်။ထို့နောက် "Boss" လို့ခေါ်သံကို Clown ေလးကြားလိုက်ကာ...ထိုBossဆိုသူဖွဖွလေးတစ်ချက်ပြုံး၍Clownလေး၏ခေါင်းမှာစွပ်ထားသည့်ပိတ်စကိုချွတ်ဖို့လက်ဖြင့်အမိန့်တစ်ချက်ပေးလိုက်သည်။
.
.
.
.
.
.
.
.
ပိတ်စကိုချွတ်ေပးလိုက်ပြီးနောက်"သ-သခင်...သခင်လေး အာဏာမင်းရှိန်!"
ထို သခင်လေး ဆိုသည့်လူက Clown လေးရဲ့တအံ့တဩဖြစ်နေတဲ့မျက်နှာလေးကိုကြည့်ကာ...
"မင်းကိုယ့်ကိုမှတ်မိသေးတာလား? ပြောပါအုံး...မင်းရဲ့ချစ်လှစွာသောသခင့်ကိုရုတ်တရက်ပြန်တွေ့လိုက်ရတဲ့ခံစားချက်ကိုပြောပါအုံး...လွန်းခက်နောင်"
လွန်းတစ်ယောက်တုန်လှုပ်သွားကာ...
"ခ-ခင်ဗျားက ကျွန်တော်နဲ့ ဘာမှမဆိုင်တော့သလို ခ-ခင်ဗျာကလည်းကျွန်တော့်သခင်မဟုတ်ေတာ့ဘူးလေ"
"ဘာ! မင်းငါ့ကိုအဲ့စကားထပ်ပြောရင် မင်းကိုတစ်လလောက်လမ်းမလျှောက်နိုင်အောင်လုပ်ပစ်မယ်!"
"ဗျာ! ခင်ဗျား!"
"သူ့ကို စံအိမ် ကိုပြန်ခေါ်သွားလိုက်"
"ကောင်းပါပြီBoss"
"ဟင့်အင်း! ကျွန်တော် အဲ့ဒီ့ကိုပြန်မလိုက်ချင်ဘူး! လွှတ်ပေး! လွှတ်လို့!"
လွန်းတစ်ယောက်ထိုစံအိမ်ကိုပြန်မသွားချင်လို့ေအာ်ေပြာလိုက်ရုံးကန်လိုက်နဲ့တိုက်ခိုက်ေနသော်လည်း အချည်းနှီးသာပင်။ စံအိမ်သို့ရောက်သောအခါလွန်းရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ Mike...လွန်းဆီသိုအပြေးလာ၍
"လွန်းခက်နောင်...မင်းနောက်ဆုံးတော့ပြန်လာပြီပေါ့...မင်းသိလား? မင်းထွက်သွားပြီးတဲ့ေနာက်ပိုင်းမှာလေ Boss ကကွာ...တစ်အိမ်လုံးကိုသောင်းကြမ်းတာ...ငါတို့ကိုဆိုရိုက်လိုက်နှက်လိုက်နဲ့။ ထားပါတော့...ငါလေမင်းမရှိတော့ငါတစ်ယောက်ထဲ သတိတွေရနေတာ"
"ငါ...တောင်းပန်ပါတယ်...ငါကြောင့်နဲ့မင်းတို့တွေ..."
"ရပါတယ်ကွာ သူငယ်ချင်းတွေပဲဟာကို"
လွန်းတစ်ေယာက်သူ့ကြောင့်နဲ့သူတစ်ပါး နှိပ်စက် ခံနေရတာကိုစိတ်မကာင်းဖြစ်ပြီးတောင်းပန်တာကလွဲဘာမှမလုပ်ပေးနိုင်တော့အဆံုးခေါင်းေလးသာငုပ်နေပင်။
.
.
.
.
.
.
.
.
.
.
.
ရွှေရောင်ကျားကွက်
Part-1 End!
By Sharr Family's

YOU ARE READING
ရွှေရောင်ကျားကွက်
Romanceအရင်ဆွဲဆောင်ခဲ့တဲ့မင်း...ငါ့နားကထွက်ပြေးဖို့ကြိုးစားတဲ့မင်းကိုလမ်းမလျှောက်နိုင်တော့အောင်လုပ်ပစ်မယ်