လွန်ခဲ့သော4နှစ်ခန့်ကအဖွားဆေးဖိုးအတွက်KTVတစ်ခုမှာအလုပ်ဝင်လုပ်ခဲ့တဲ့လွန်းခက်နောင်။ KTV Nameမှာ Good Star (KTV)ဖြစ်ပြီး VIPအဆင့်မြင့်လူတွေသာလာရောက်တက်တဲ့နေရာ။ လွန်းကwaiterတစ်ယောက်အဖြစ်အလုပ်လုပ်ရတယ်။ တစ်နေ့မှာ Manager က B-156(VIP)အခန်းကို မှာထားတဲ့အစားအသောက်တွေသွားပေးဖို့ပြောလာတယ်။ ဒါပေမဲ့အစားအသောက်တွေကအရမ်းများတော့အဖော်နှစ်ယောက်ကိုပါခေါ်သွားရတယ်။
အခနထဲရောက်တော့ Sofa ပေါ်မှာ Suit အမဲများနှင့်ထိုင်နေသောလူကြီးအဖွဲ့တစ်ဖွဲ့။ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာကိုတော့လွန်းတစ်ယောက်သေချာမရေလိုက်ရပေမဲ့၊ ခန့်မှန်းချေ ခြောက်ယောက် (or) ခုနှစ်ယောက်လောက်တော့ရှိလိမ့်မယ်။ လွန်းရဲ့အဖော်နှစ်ယောက်ကအစားအသောက်ေတွစားပွဲခုံပေါ်သို့ချပေးနေချိန် လွန်းကတော့ Wineပုလင်းများကိုချပေးနေသည်။ ထိုစဉ်အရမ်းေမွှးသည့်ကိုယ်သင်းရနံ့တစ်ခုရတာကြောင့်အနံ့ရှိရာဘက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်...
"အမေလေး...×ီးပဲ လန့်လိုက်တာ!"
လွန်းတစ်ယောက်သူ့ကိုစိုက်ကြည့်နေတဲ့မျက်လုံးတစ်စုံကြောင့်လန့်သွားရသည်။
သူလန့်တဲ့အသံကြောင့် သူ့အဖော်နှစ်ယောက်အပါအဝင်အခန်းထဲမှာရှိတဲ့လူကြီးတွေကပါကြက်သေသေကာလွန်းကိုကြည့်နေမိကြသည်။ ထိုလူတွေအားလုံးထဲမှတစ်ယောက်သောသူကချစ်စရာကောင်းတဲ့လွန်းရဲ့အပြုအမူကိုကြည့်ပြီးပြုံးနေသည်။ ထိုလူ၏အပြုံးကြောင့်အခန်းထဲမှလူတွေအားလုံးအံ့အားသင့်သောအကြည့်ဖြင့်စကားတောင်မပြောနိုင်တော့ပေ။
"တောင်း-တောင်းပန်ပါတယ်နော်...ကျွန်တော်...လန့်သွားလို့ပါ"
ထိုအချိန်ကြမှသာတစ်ခန်းလုံးသတိပြန်ကပ်သွားကြသော်လည်းထိုလူကြီး၏အပြုံးတစ်ခုကြောင့်မယုံကြည်နိုင်ကြသေး။ လွန်း၏အဖော်များကလည်း လွန်းအစားဝင်ကူ၍တောင်းပန်ပေးကြသည်။ လူကြီးတွေကလည်းကိစ္စမရှိတာကြောင့်နှင့်ခွင့်လွှန်လိုက်ပြီး ကောင်မလေးများအခန်းထဲပို့ပေးရန်ပြောလိုက်သည်။ လွန်းကလည်း "ကောင်းပါပြီ" ဟုပြောကာထိုအခန်းထဲမှထွက်လာသည်။ ထို့နောက် လွန်းက Managerဆီသွား၍ B-156ကကောင်များခေါ်ထားသည့်အကြောင်းကိုပြောလိုက်သည်။ လွန်းကို Managerကထိုအခန်းထဲကိုကောင်မလေး13ယောက်သွားပို့ရန်ပြောလိုက်သည်။ ထို့နောက်လွန်းကသွားပို့ပေးရန်အခန်းထဲအဝင်...
ခုနကလွန်းတစ်ေယာက်လန့်သွားတဲ့အချိန်ကတစ်ေယာက်ထဲပြုံးနေတဲ့လူကြီးဖြစ်တဲ့Daddy၊ အခြားလူတစ်ေယာက်ကိုသေနတ်ဖြင့်ချိန်နေတာကိုတွေ့လိုက်ရကာ ကောင်မလေးအပါအဝင် လွန်းကပါထွက်ပြေးဖို့ကြံစည်နေချိန် တံခါးအဝမှာစောင့်နေတဲ့Daddyရဲ့Bodyguardေတွက လွန်းနဲ့ေကာင်မေလးများကိုဖမ်းလိုက်သည်။
Daddyမှဖွဖွေလးတစ်ချက်ပြုံးရင်
"မင်းတို့နဲ့ကစားပေးဖို့အချိန်မရှိတော့ဘူး... နှမြောစရာလေးပဲ..."
"မ-မလုပ်ပါနဲ့ တောင်းပန်ပါတယ်- အားးးးး!!!"
*ဘန်း!*
တစ်ထောင့်တစ်နေရာမှသေနတ်သံကျယ်လောင်စွာထွက်လာ၍သွေးကွက်များစွာကျန်နေခဲ့သည်။ ထိုမြင်ကွင်းကိုမျက်မြင်တွေ့လိုက်ရတဲ့ လွန်း တို့အုပ်စု၊ ကြောက်ရွံ့တုန်လှုပ်နေကြသည်။ ထိုအချိန်...
"Oh! သွားပြီ...မျက်မြင်သက်သေတွေရှိသွားပြီပဲ"
ခံစားချက်မပါသည့်မျက်နှာသေကြီးဖြင့်။
*မဟုတ်သေးဘူးလေ အမှန်ဆိုသူကိုယ်တိုင်ကငါတို့ကိုမတွေ့တွေ့အောင်ပြနေသလိုပဲလေ* (လွန်းတွေးလိုက်သည်။)
ထိုအချိန်ကောင်မလေးများက Daddy အနားကိုသွားကာပရောပရေလုပ်ကြသည်။
"သခင်လေး...ကျွန်မတို့ကိုဒီညတော့သခင့်ကိုပြုစုခွင့်ပေးပါနော်"
"ဘာ!"
ကောင်မလေးများကDaddyရဲ့ခန္ဓာကိုယ်ကိုထိတွေ့၍ပေါင်သို့အရောက် Daddyရဲ့မျက်နှထား တင်းလာကာသူ့ပေါင်ကိုလာကိုင်တဲ့ကောင်မလေးကိုအားပြင်းပြင်းနဲ့ထိုးပစ်လိုက်သည်။
"ခင်ဗျားဘာလုပ်လိုက်တာလဲ!?"
Daddyက လွန်း ကိုတစ်ချက်ကြည့်၍လုပ်ကြံအပြုံးပြုံးကာ "မင်းေကာ...စမ်းကြည့်ချင်လား?" ဟုမေးလိုက်သည်။
.
.
.
.
.
.
.
.
.
.
.ရွှေရောင်ကျားကွက်
Part-3 End!
By Sharr Family's

YOU ARE READING
ရွှေရောင်ကျားကွက်
Storie d'amoreအရင်ဆွဲဆောင်ခဲ့တဲ့မင်း...ငါ့နားကထွက်ပြေးဖို့ကြိုးစားတဲ့မင်းကိုလမ်းမလျှောက်နိုင်တော့အောင်လုပ်ပစ်မယ်