Part-2

53 2 0
                                    

Other Bodyguard:
"လွန်းခက်နောင်...Bossကမင်းကိုသူ့အခန်းထဲလာဖို့ခေါ်‌နေတယ်"

"အွန်း...သိပြီ" *ဒီကနေထွက်ပြေးဖို့နည်းလမ်းရှာရမယ်*
.
.
.
.
.
.
.
.
.
.
အခန်းထဲတွင်

"ဘယ်လိုလဲBaby? ဒုတိယအကြိမ်စံအိမ်ပြန်လာရပြီးသခင်ကိုပြန်တွေ့ရတဲ့ခံစားချက်ကိုပြောပါအုံး"

"ဟမ်? အော်...သခင်ရယ် ကျွန်တော်အရမ်းပျော်တာပဲ...ကျွန်တော်နဲ့သက်ဆိုင်တဲ့နေရာနဲ့...ကျွန်တော်အရမ်းချစ်ရတဲ့သခင်ကိုပြန်တွေ့ရလို့အရမ်းပျော်တာပဲ...ကျွန်တော်‌သခင့်ကိုအရမ်းလွမ်းနေခဲ့တာ သိရဲ့လား?" *ဒီလိုဟန်ဆောင်တာသူအပေါ်ထိရောက်ပါ့မလား*

ထိုအခါသခင်မှမျက်ခုံးတစ်ချက်ပင့်ကာ

"အော်...ဟုတ်လား?"

"ဒါပေါ့သခင်ရဲ့" *သေချာပေါက်အလိမ်အညာပဲလေ*

"ဒါပေမဲ့ကိုယ်သိရသလောက်ကတော့ မင်းကကိုယ့်ဘာသာကိုယ်ထွက်ပြေးသွားတာမဟုတ်ဘူးလား?"

"အာ...အဲ့-အဲ့တာက...ဟို...ရွေးချယ်စရာမရှိတော့လို့ပါသခင်ရယ်" *သိနေရင်လည်းဘာလို့ပြန်ခေါ်နေသေးလဲ? ထွက်သွားတိုင်းပြန်ခေါ်တတ်တာသူ့အကျင့်လဲမဟုတ်ပဲနဲ့*

"အင်း...ဆက်ပြောပါအုံး ကိုယ်နားထောင်ချင်လို့"

"အဲ့-အဲ့တာကဒီလိုသခင်ရဲ့...ဦးလေးကြီးတစ်ယောက်ကကျွန်တော့်ကိုလာပြောသွားတယ်။ သခင်မှတ်မိလားလွန်ခဲတဲ့ 3 နှစ်ကသခင်မြောက်ပိုင်းကဓားမြတွေနဲ့မဟာမိတ်ဖွဲ့ထားတာလေ?"

"အင်း...မှတ်မိတယ် ဆက်ပြော"

"အဲ့ဒီ့ကဦးလေးကြီးတစ်ယောက်ကပြောတယ် မြောက်ပိုင်းဓားမြတွေကတဲ့ သခင်ရဲ့အနားမှာကျွန်တော့်ကိုမရှိစေချင်ဘူးတဲ့"

"ဟုတ်လား? ဘာလို့တဲ့လဲ"

"ဘာလို့လဲဆိုတော့သူတို့အဖွဲ့မှာယုံကြည်စိတ်ချရတဲ့ရှေးဖြစ်ဟောဆရာတစ်ယောက်ရှိတယ်လေ...သခင်လဲသိလိမ့်မယ်ထင်တယ်"

"အင်း...သိတယ်လေ ဆက်ပြော...ကိုယ်နားထောင်နေတယ်"

ပြောနေရင်းတန်းလန်း အသဲယားဖို့ကောင်းအောင်မတ်တပ်ရပ်နေတဲ့လွန်းကိုစိုက်ကြည့်ပြီး စိတ်တွေထိန်းမရတော့တဲ့အဆုံး လွန်းရဲ့‌ေသးသွယ်တဲ့ခါး‌လေးကိုသခင်ကဆွဲဖက်လိုက်သည်။ လွန်းခက်နောင်တစ်ယောက်ကြောင်သွားပြီး သခင့်ရဲ့အနားကပ်ပါသွားကာသခင်ကလွန်းကိုသူ့ရဲ့ပေါင်ပေါ်မှာထိုင်ပြီးဆက်ပြောဖို့‌ ပြောလိုက်သည်။ လွန်းတစ်ယောက်ပိုကြောင်သွားသည်။ သခင်စိတ်မရှည်တော့အဆုံး လွန်းကိုသူ့ပေါင်ပေါ်'မ'တင်လိုက်‌ေတာ့သည်။

"သ-သခင်...ခင်ဗျား!?"

"ရပြီဘေဘီ...မင်းဆက်ပြောလို့ရပြီ"

*စိတ်‌ေလျှာ့လွန်းခက်နောင်စိတ်လျှော့* "အဲ့-အဲ့ဒီ့ဆရာကပြောတယ် ကျွန်တော်သာသခင့်အနားမှာ‌ရှိနေရင် သူတို့အတွက်ကောသခင့်အတွက်ပါ အန္တရာယ်ဖြစ်စေနိုင်တယ်တဲ့...သူ-သူတို့အတွက်လည်းအမြတ်မပေါ်သလို သခင့်အတွက်လည်းအသက်ပါထိခိုက်နိုင်တယ်တဲ့"

"အဲ့တာကြောင့်မင်းဘာသာထွက်သွားတယ်ဆိုပါတော့?"

"အင်း"

"သူတို့ပြောတာလဲမမှားပါဘူး...မင်းကကိုယ့်အတွက်တကယ့်ကိုအန္တရာယ်လေးပဲ...မင်းကြောင့်ကိုယ့်မှာအရူးလုံးလုံးဖြစ်နေပြီ"

‌"ဗျာ?"

"ဘာမှမဟုတ်တော့ဘူး...နောက်ပြီးတော့မင်းအဲ့တာတွေကိုစိတ်ပူနေစရာမလိုဘူး...အရင်ကလိုကိုယ့်ရဲ့လက်ရုံးပြန်လုပ်"

"ဘာ!"

လွန်းတစ်ယောက်စိတ်ပေါက်ပြီးထအော်လိုက်မိသည်။

"အယ်!မှားလို့...သခင်? ဖြစ်ပါ့မလား?"

"ဒါကိုယ့်အမိန့်ပဲ...ဘာလဲမင်းကမလုပ်ချင်လို့လား?"

"မ-မဟုတ်ပါဘူးသခင်ရဲ့-"

"ကောငးပြီ...ဒါဆိုမင်းအရင်ကအခန်းမင်းပြန်တော့...ဒါမှမဟုတ်လဲ ကိုယ့်အခန်းမှာကိုယ်နဲ့အတူအိပ်မယ်ဆိုလည်းကိုယ်ကကြိုဆိုပြီးသားနော်"

"ဘာ! ခင်ဗျားကြီး!"

လွန်းတစ်ယောက်ဒေါသတွေနယ်ထိပ်သို့ရောက်လာပြီးသခင့်ရဲ့ပေါင်ပေါ်မှထကာဆောင့်အောင့်ပြီးအခန်းထဲမှထွက်သွားသည်။

"အကျင့်ကလုံးဝကိုမပြတ်သေးဘူး...တကယ့်ကိုဒေါသအိုးလေးပဲ...ဟန်မဆောင်နိုင်ရှာတော့ဘူး ဟက်!"

လွန်းခက်‌ေနာင်တစ်‌ေယာက်သူ့အခန်းထဲလဲရောက်ရော သူ့သခင်အာဏာမင်းရှိန်ကိုဆဲပါလေရော။

"×ီးပဲ ငါ×ိုးမ မင်းရှိန် အဲ့အကောင်ခုထိမပြောင်းလဲသေးဘူးပဲ ဟူးးး...ပြန်တွေးကြည့်လိုက်တော့လဲဒါကအတော်တောင်ကြာသွားပြီပဲ...
.
.
.
.
.
.
.
.
.
.
.
ရွှေရောင်ကျားကွက်
Part-2 End!
By Sharr Family's

ရွှေရောင်ကျားကွက်Where stories live. Discover now