သွေးကြောတွေထဲက မှတ်ဉာဏ်တွေ
ကိုယ့်ရဲ့
ဆဲလ်တွေက မင်းကို အော်ဟစ်ရှာဖွေနေခဲ့တယ်။
အခုတော့ဘာလုပ်ရမလဲဆိုတာကို သိသွားပြီ
ကံကြမ္မာက ကိုယ်တို့ကိုထပ်ပြီးရှာတွေ့ခဲ့ပြီ
.
.come here get some
ကျွန်တော့် လည်ပင်းပေါ်မှာ အမှတ်သားချန်ထားခဲ့ပါကျွန်တော်က ခင်ဗျားရဲ့အပိုင်ဖြစ်ကြောင်းသက်သေအဖြစ်
just come over and me and bite me( Bite me - Enhypen)
.
.ဆောနူးထိုအိပ်မက်လိုလို အမှန်တကယ်လိုလို အဖြစ်အပျက်ကိုကြုံပြီးသည့်နောက်တွင် မိမိကိုယ်ကိုယ်သေချာအောင်အတည်ပြုဖို့ မိန်းကလေးများနှင့် တွဲကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် အထက်တန်းပထမနှစ်ကတည်းက ဆောနူးနောက်သို့ဇွဲမလျှော့တမ်းလိုက်နေခဲ့သော ကောင်မလေးများထဲမှ တစ်ယောက်ကို ညနေကျောင်းဆင်းချိန် တော့ပိုကီ အတူသွားစားကြမလားဟု ကမ်းလှမ်းလိုက်တော့ ဝမ်းမြောက်ဝမ်းသာစွာ လက်ခံသည်။
" ဒီဆိုင်က တော့ပိုကီကောင်းတယ် မင်းဘာစားမလဲ ကိုယ်ကတော့ Rose တော့ပိုကီ"
တော့ပိုကီစားကြရင်း ရောက်တတ်ရာရာများကိုပြောနေမိသော်လည်း ဆောနူးရှာဖွေနေသည့်ရင်ခုန်စိတ်လှုပ်ရှားမှုမျိုးနည်းနည်းလေးမှမခံစားရပေ။
ထိုမိန်းကလေးမှာ ဆောနူးနှင့်အကြိုက်တူပြီး စကားပြောလို့ကောင်းသည်။
အသစ်ထွက်သော ဒရာမာများအကြောင်း၊ ကြိုက်တတ်သောအစားအစာများအကြောင်း ၊ ဓာတ်ပုံရိုက်လို့ကောင်းပြီးအစားအသောက်လည်းအဆင်ပြေသော စားသောက်ဆိုင်များအကြောင်း အပြန်အလှန်မျှဝေကြရင်း အလွန်ရင်းနှီးသွားကြသည်။
အချိန်အတန်ကြာစကားပြောပြီးနောက်ဆောနူးစိတ်ထဲတွင် တစ်စုံတစ်ယောက်စောင့်ကြည့်နေသလိုခံစားရတာကြောင့်ဆိုင်အတွင်းလှည့်ပတ်ကြည့်ရှုနေပေမယ့်လည်း မည်သူ့ကိုမျှမတွေ့ရပေ။
စားပြီးလျှင် အရင်ရက်ကမှရုံတင်ထားသောရုပ်ရှင်သွားကြည့်ကြမလားဟု ကမ်းလှမ်းလာသောစကားကို ဆောနူးလက်ခံမည်အပြု
တောက်ခေါက်သံကျယ်ကြီးတစ်ခုကိုရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။