Author note +တောင်းပန်စာ+အမှတ်တရ Section

483 39 20
                                    

ပထမဆုံးရေးတဲ့ matureပုံစံ ဖြစ်ပြီးနောက်ထပ်မရေးဖြစ်လောက်တော့မယ့် ပုံစံလေးဆိုလည်းမမှားပါဘူး။

Majestic Love Story in Dae Goguyeo ရေးအပြီးမှာ စစ်သူကြီးချုပ်နဲ့ဆောနူးဒယ်ဂွန်ကိုလွမ်းလို့ အလွမ်းပြေအမှတ်တရလေးပါရှင်။

မှတ်မှတ်ရရ facebook တွေခဏ ပြတ်သွားတုန်း ယောင်လည်လည်ဖြစ်နေတဲ့အချိန် ဖျတ်ခနဲပေါ်လာတဲ့ plotလေးကို ပုံဖော်ထားတာမို့ ပေါ့ပေါ့ပါးပါးလေးဖတ်လို့ရမယ့်ပုံစံလေးပါပဲ။

သာသာက စိတ်ကူးယဥ်သမားမို့ လက်တွေ့ဆန်တဲ့အကြောင်းအရာတွေထက် စိတ်ကူးယဥ်ဆန်တာလေးတွေပဲ ရေးဖြစ်တာမို့ စိတ်ထဲအဆင်မပြေတာလေးတွေ အားမရတာလေးတွေရှိရင် အားမနာတမ်း လာပြီးအကြံပြုပေးလို့ရပါတယ်ရှင်😍

Sunsun အသစ်လေးကိုတော့ နောက်နှစ်ထဲလောက်မှ ထပ်လာဖြစ်ပါတော့မယ်
( plotကတော့ရှိနေနှင့်ပါပြီ)

ဒါလေးကိုဖတ်ပြီး ခေါင်းရင်းပြတင်းပေါက်ကိုဖွင့်အိပ်ဖို့စိတ်ကူးနေရင်  Vampire ချောချောလေးသေချာပေါက်ရောက်မလာမှာဟုတ်တဲ့အကြောင်းလေးပြောချင်ပါတယ်ရှင်😁

အမှတ်တရပြောသွားချင်တဲ့အကြောင်ူအရာလေးတွေကိုလည်းပြောပေးသွားကြပါဦးလို့ 😘
ချစ်တဲ့သာသာ

တောင်းပန်စာ

Fic ရေးရင် အမြဲ plot အရှည်ကြီးတွေနဲ့plot twistတွေ များများနဲ့ရှုပ်ရှုပ်ထွေးထွေးပုံစံ ​ရေးတတ်သူမို့ အတိုလေးတွေရေးတဲ့အခါ နည်းနည်းအခက်တွေ့ပြီး စိတ်တိုင်းမကျခဏခဏဖြစ်ရကြောင်းဝန်ခံပါစေ။

အခုလည်း ဒီficလေးကိုရေးပြီး ပြန်ဖတ်တိုင်း ဇာတ်သိမ်းပိုင်းကိုစိတ်တိုင်းကျမနေဘဲ
ဒီထက်ပိုပြီးရိုးရိုးရှင်းရှင်းလေးရေးရမှာဆိုတဲ့စိတ်ကြီးဖြစ်နေခဲ့တာရက်အနည်းငယ်ရှိသွားပါပြီ။

ပြန်ပြင်ရင်လည်း စာဖတ်သူတွေကိုအားနာတာမို့ ပြန်မပြင်တော့ဘဲနေမယ်ဆိုပြီး နေရင်းနဲ့ မောက်ဆုံးတော့ပြင်လိုက်ဖို့ဘဲ ဆုံးဖြတ်လိုက်ပါပြီ။

အခုလိုပြင်ဆင်လိုက်တာလေးကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားခဲ့ရင် အနူးအညွတ်တောင်းပန်ပါတယ်ရှင် ။
နောက်ထပ် fic အတိုလေးတွေရေးတဲ့အခါလည်း ဒီလိုမျိုးမပြင်ဆင်ရအောင် သေချာလေး သတိထားပြီး ကြိုးစားပြုပြင်ပါမယ်လို့လည်းကတိပေးပါတယ်ရှင့်။

Mr. Vampire, bite me!Where stories live. Discover now