Dying in your arms
Feeling like on clouds
သွေးကြောထဲစိမ့်ဝင်ပျံ့နှံ့သွားတဲ့
မင်းရဲ့ ချိုမြန်တဲ့အဆိပ်ရဲ့အရသာ...ကိုယ်လိုအပ်နေသမျှအရာရာက
မင်းရဲ့ချိုမြိန်တဲ့အဆိပ်ပါပဲ
ကိုယ့်ကို ရှင်သန်ဖို့အတွက်
ကမ္ဘာသစ်တစ်ခုဆီခေါ်ဆောင်သွားပေးပါ...Sweet Venom - Enhypen
.
.သွေးရောင်လွှမ်းလာသော မျက်နှာချောချောလေးကိုကြည့်ပြီး မနေ့ကလို လှစ်ခနဲပျောက်ကွယ်သွားမှာစိုးတာကြောင့် ဆောနူး ကိုကို့ရင်ခွင်ထဲတိုးဝင်ကာအတင်းဖက်ထားလိုက်တော့ ရယ်သံတိုးဖွဖွလေးထွက်ပေါ်လာသည်။
" ဘုရားကျောင်း အနောက်ဘက်မြေကွက်လပ်မှာရှိတဲ့ အုတ်ဂူကြီးထဲကနေ ကျွန်တော်ပြန်အသက်သွင်းပေးမိခဲ့ဖူးတဲ့ Vampire က ကိုကိုဖြစ်နေတာလား "
" အင်း"
သူ့ရင်ခွင်ထဲက ဆောနူးကို ငုံ့မိုးကြည့်ကာ ညင်သာစွာဖြေလိုက်သည့်ကိုကို့အသံက စွဲမက်စရာကောင်းသည်။
" မှတ်မိနေခဲ့တာလား ကျွန်တော့်ကို "
ဒီတစ်ခါလည်းကိုကိုက ခေါင်းကိုငြိမ့်ပြသည်။
" မှတ်မိတယ် မင်းရဲ့အမွှေးရနံ့နဲ့ မင်းရဲ့ စူးစမ်းတတ်တဲ့ မျက်လုံးဝိုင်းလေးတွေကို"
" ဒါဆို ကျွန်တော်နဲ့အခုလိုအတူရှိနေတဲ့အကြောင်းအရင်းက ကျွန်တော့်ဆီကသွေးကို လိုချင်ရုံသက်သက်ပဲလား "
ဆောနူးမကျေမနပ်ဖြင့်မေးလိုက်တော့ ကိုကိုကရယ်နေပြန်သည်။
" သွေးလိုချင်ရုံဆိုရင် မင်း ကိုယ်ရှိနေမှန်းတောင် သိလိုက်ရမှာမဟုတ်ဘဲ မင်းဆီကသွေးကိုရနိုင်တဲ့နည်းလမ်းတွေအများကြီးရှိတယ်။
မင်းကိုယ့်ရင်ခွင်ထဲကိုရောက်နေပြီဆိုကတည်းက ကိုယ်လောဘတက်မိတာ မင်းဆီကသွေးမဟုတ်ဘဲ မင်းကိုယ်တိုင်ဖြစ်နေလို့ပဲ"
ကိုကို့ဆီကအဖြေစကားက ဆောနူးကိုစိတ်ကျေနပ်စေသည်ထက်ကိုအများကြီးပိုနေသေးသည်။
" လိုက်ရှာနေခဲ့မိတာမင်းကို။
ပထမကတော့ ကိုယ့်ကို နောက်တစ်ခါရှင်သန်ခွင့်ပေးလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ကာကွယ်ပေးချင်ရုံပဲ။