"ကျွန်တော့်နာမည် နာဂျယ်မင်းပါ ဂျယ်မင်းလို့ခေါ်လို့ရပါတယ်"
ကျောင်းအသစ်ကိုပြောင်းလာတာဖြစ်ပေမယ့် အတန်းစတဲ့ရက်ထက် သုံးရက်လောက်ပိုနောက်ကျပြီးမှကျောင်းတက်ခဲ့ရဂျယ်မင်းအဖို့ ဒီနှစ်အတွက်ကတော့ သူငယ်ချင်းရှာဖို့ခက်ခဲပြီထင်ပါရဲ့။
သုံးရက်ဆိုလည်းသုံးရက်အလျောက် လူအနည်းစုသာရှိတဲ့သူတို့ရဲ့အခန်းထဲကလူတွေက အချင်းချင်းအပြင်တောင်တူတူသွားပြီးခင်ကြပြီးပြီမလို့ တိုးဝင်ဖို့ရာခက်လှတယ်
ဂျယ်မင်းတို့ကကျောင်းဆိုပေမယ့် private ဖြစ်ပြီး ငွေကြေးတတ်နိုင်တဲ့အများစုကသာတက်ကြတဲ့ကျောင်းမလို့ အခန်းတစ်ခန်းတွင် ကျောင်းသားဦးရေအများကြီး မရှိပေ။
"နေ့လည်စာတူတူစားမလား ဂျယ်မင်း"
ကံကောင်းတယ်ပဲပြောရမလား သူတို့အဖွဲ့ထဲကတစ်ယောက်က နေ့လည်စာတူတူစားဖို့လာခေါ်တာမလို့ ဂျယ်မင်းလည်းမငြင်းပဲ ကန်တင်းကိုသာအတူဦးတည်လိုက်သည်။
"ဟို နာမည်ဘယ်လိုခေါ်လဲဗျ"
"ပတ်ဂျီဆောင်းပါ ဂျီဆောင်းလို့ခေါ်ရင်ရပါပြီ"
ဂျယ်မင်းကတော့ ဒီနေ့မှအသစ်ပြောင်းလာတဲ့လူမလို့ သူငယ်ချင်းမရှိတာမထူးဆန်းပေမယ့် ဂျီဆောင်းကတော့ အတန်းထဲကလူတွေနဲ့ မခင်နေတာတော့ထူးဆန်းမိသည်။ မခင်ရအောင် သူတို့အပြင်အတူသွားထားတဲ့ပုံတွေ instagram အကောင့်လဲကြတုန်းက ဂျယ်မင်းတွေ့မိတာပဲ...
"ဘာလို့ တခြားလူတွေနဲ့အတူမစားတာလဲဟင်"
စပ်စုစိန်လေးဂျယ်မင်းအတွက် ထူးဆန်းနေလို့ ထုတ်မေးမိလိုက်သည်။ ဂျယ်မင်းက သိသိချင်းဆိုငြိမ်တတ်တဲ့ပုံစံပေမယ့် တကယ်ခင်ပြီဆိုရင် သူဘယ်လောက်နားငြီးကြောင်း ငယ်သူငယ်ချင်းတွေသာ အသိဆုံးဖြစ်မည်။
"သူတို့ကဆူညံတယ်လေ ပုံစံချင်းသိပ်မကိုက်လို့ ဒီလိုချိန်တွေဆို တစ်ယောက်တည်းနေဖြစ်ပါ။ အခန်းတွင်း ပယ်ထားတာမျိုး အဲ့လိုကိစ္စမျိုးမရှိလို့ ဂျယ်မင်းက စိတ်မပူလည်းဖြစ်ပါတယ်ဗျ "
"အဲ့လိုကိုး ခုနကတော့စိတ်ပူမိသွားတယ် အဲ့တာကြောင့်မေးမိတာစိတ်မရှိဘူးမလား"
YOU ARE READING
To My First 《NoMin》
Fanfiction"You know sometimes in life Things just ain't meant to be"