မနက်ကျောင်းတာတဲ့ထိ အရှိန်မသေသေးတဲ့ဂျယ်မင်းက မနေ့ညကအကြောင်းအရာတွေကိုပြန်တွေးလိုက်တိုင်းပြုံးနေတုန်းပဲ ။
သူအဲ့ဒီလောက်တောင်သဘောကျရတာပါလေ ။
မနေ့ညကပို့တဲ့စာကို တည်ငြိမ်တဲ့ပုံနဲ့ reply ပြန်ခဲ့ပေမယ့် တကယ်တမ်းဘယ်လောက်တောင်မှရင်ခုန်ခဲ့ရလဲသူကိုယ်တိုင်ပဲသိလိမ့်မည် ။
-မနက်ဖြန် ကျောင်းမှာတွေ့မယ်နော်-
-ဟုတ်ကဲ့ပါ😉-
သူတို့ရဲ့ convo အဆုံးက ဂျယ်မင်းဖြစ်နေပေမယ့် သူဝမ်းမနည်းပါဘူး ... အနည်းဆုံးတော့ ဂျဲနိုက သူ့ရဲ့စာကို love react လေးပေးသွားသေးသည် ။
ဒီလောက်နဲ့တင်ရင်ခုန်နေတာ အပြင်မှာသာစကားပြောရရင် ဘယ်လောက်တောင်ရင်ခုန်နေမလဲဆိုပြီးတွေးမိသည် ။
"ဂျယ်မင်း ဂျယ်မင်း"
သူအခန်းထဲမှာထိုင်တုန်းပဲရှိသေး ၊ အခန်းထဲကိုအသည်းအသန်ဝင်လာပြီး နာမည်ခေါ်နေတဲ့ဟယ်ချန်းကြောင့်ဘာများလဲလို့ စိတ်ဝင်တစားလှည့်ကြည့်လိုက်သည် ။
"ဒီနေ့ကျောင်းကို စန္ဒယား အသစ်ကြီးရောက်မှာတဲ့ ။ ကျောင်းသားတွေတီးဖို့ founder ကထားပေးတာလို့ပြောတယ်"
ထားပါစေလေ ။ သူရော ဟယ်ချန်းရော ကျန်တဲ့အတန်းထဲကလူတွေရော တီးမှမတီးတတ်တာ ဘာလုပ်မှာလဲ ။
"ငါတို့မှမတီးတတ်တာ သွားကလိရင်တစ်ကျောင်းလုံးဝိုင်းရိုက်မှာပေါ့"
တွင်တွင်တောင်တောင်အသံတွေက နှစ်ကိုယ်ကြားထွက်ရင်ကိစ္စမရှိပေမယ့် ကျောင်းသားတွေကြားမယ့်နေရာမျိုးမှာ ကီးကြောင်နေပါက ထိုးခံရမည့်အခြေအနေ။
"ဟာမဟုတ်ဘူးလေ ငါတို့မတီးတတ်ပေမယ့် မင်းရဲ့မတော်ရသေးတဲ့ရည်းစားတီးတတ်တယ်လေ"
"မတော်ရသေးတဲ့ရည်းစားကဘယ်သူ ဟမ် ဂျဲနိုကလား"
ဂီတာပဲတီးတတ်တယ်လို့ထင်ခဲ့တာ ၊ ဂျယ်နိုက စန္ဒယားပါတီးတတ်တာတဲ့ !!!
ဘယ်လိုတောင်အနုပညာဆန်တဲ့ သူ့ရည်းစားဖြစ်လာမယ့်လူလဲ ... ပြည့်စုံလိုက်တာ ဂျဲနိုလီရယ်ဆိုပြီး မနာလိုစိတ်တောင်ဝင်မိသည်။
YOU ARE READING
To My First 《NoMin》
Fanfiction"You know sometimes in life Things just ain't meant to be"