တစ်ရက် ၊ နှစ်ရက် မဟုတ်တဲ့သုံးရက်မြောက်နေ့ရောက်တာတောင် ဂျဲနိုရဲ့အကောင့်က ဂျယ်မင်းကိုလက်မခံသေးပေ။ follow back မလုပ်ပေးနိုင်ရင်တောင် request လေးတော့လက်ခံပေးသင့်တာကို ....။
"ဟယ်ချန်းနားးး သူငါ့ကိုအခုထိလက်မခံသေးဘူးဘာလုပ်ရမလဲ"
"သူ့အခန်းထဲသာသွားပြီးလက်ခံပေးပါသာ သွားပြောလိုက်တော့"
ဟယ်ချန်းစကားကြောင့် ဂျယ်မင်းက တွေတွေဝေဝေဖြစ်သွားပြီးနောက် ပြန်ပြောလိုက်သည်။
"အဲ့လိုလုပ်ရမလား"
တကယ်တည်း ဒီအချစ်ရူးနဲ့တော့။
"ရွဲ့နေတာဟ ! လက်ခံမှာပေါ့ဂျယ်မင်းရာ သူလိုင်းသိပ်မသုံးလို့နေမှာပေါ့"
မဖြစ်နိုင်။ ဒီခေတ်ကြီးထဲမှာ social media ကိုထမင်းစားတာထက်ပိုစွဲတဲ့လူတွေပဲရှိတာ ။ ဘယ်လိုဖြစ်ပြီးလိုင်းမတက်တဲ့လူက ရှိနိုင်မှာလဲ။
ကျောင်းဆင်းချိန်မှာ ဂျယ်မင်းမပြန်ခင်တစ်ယောက်တည်း ဖုန်းသုံးနေတဲ့ ဂျဲနိုကိုတွေ့ရသည်။ တွေ့လား... ဖုန်းသုံးနေရက်နဲ့များ။
ဒီလိုနဲ့ပဲ ဂျယ်မင်းလည်းအိမ်ပြန်သွားလိုက်ရသည်။
ဟူး ... သုံးရက်
ဒီနေ့က သုံးရက်မြောက်နေ့။ မနက်ဖြန်ဆိုလေးရက်မြောက်ပေါ့ ။ ဘာလို့များ ဒီလိုတွေလုပ်နေလဲဆိုတဲ့မေးခွန်းမမည်သော မေးခွန်းသာခေါင်းထဲတွေပတ်ချာလည်နေသည်။
ဟုတ်တယ်လေ သူတို့မှမသိကြသေးပဲ ၊
ဒါပေမယ့် ဘာလို့ သိကြအောင်ရော ကြိုးစားခွင့်မပေးတာလဲ ။သိပ်လျို့ဝှက်လွန်းတဲ့ ဂျဲနိုကိုအဲ အပြစ်တင်ရမလား ၊ မဖြစ်နိုင်မှန်းသိရက်နဲ့ ဆုံစည်းပေးလိုက်သည့် ကံကြမ္မာကိုပဲအပြစ်တင်ရမလား ။
ဘယ်အရာကိုပဲတွေးလိုက်၊ တွေးလိုက် သူ့ဘက်ကတော့မစပဲနဲ့ ဆုံးနေပြီဖြစ်သည်။
အတွေးတွေနဲ့အိပ်ယာထဲမှာ လွင့်မြောနေချိန်မှာပဲ စာတစ်စောင်ကြောင့် ပိုလို့တောင် အတွေးနယ်ပယ်ကျယ်ပြန့်သွားသည်။
💌 : @haechanahceah
-video
-'ဂျဲနို story မှာဂီတာတီးတာတင်ထားလို့ ငါ့သူငယ်ချင်းတစ်ယောက်ပို့ပေးတာ'
![](https://img.wattpad.com/cover/364440292-288-k717147.jpg)
YOU ARE READING
To My First 《NoMin》
Fanfiction"You know sometimes in life Things just ain't meant to be"