"ဟေ့ကောင်တွေ အပေါ်တက်ရင်ငါတို့ရေပက်ခံရတော့မှာ ပုံမပျက်ခင်ဓာတ်ပုံရိုက်ရအောင်"
ဟယ်ချန်းပြောတဲ့စကားက အမှန်ဖြစ်ကြောင်း အပေါ်ထပ်ကနေဆင်းလာတဲ့ ရေစိုနေတဲ့လူတစ်ချို့ကအာမခံနေသည်။
ဒီနေ့ပွဲက တစ်နှစ်စာလုံးအတွက်ကြိုဆိုတဲ့ပွဲဖြစ်တာမလို့ တီးဝိုင်းတွေရော၊ အစားအသောက်တွေရော၊ ရေပက်ကြတာကအစ အစုံအလင်ပေါ့။
အကျီဆင်တူဝတ်ကြရတာမလို့ အကုန်လုံးက အနက်ရောင်ပေါ်မှာ အဝါရောင်စာတန်းပါတဲ့ အကျီကိုသာဝတ်ဆင်ထားကြရသည်။
ဟယ်ချန်းတို့ကတော့ ဒီလိုပွဲဆို extrovert ပီပီတက်ကြွနေပြီး အတူရှိနေတဲ့ ဂျယ်မင်းနဲ့ Mark ကလည်း သူ့နည်းတူစွာ စိတ်လှုပ်ရှားမိနေသည်။
"say cheeseeeeeee"
ဟယ်ချန်းရဲ့တိုင်ပင်ခေါ်အဆုံးမှာ သူတို့ဓာတ်ပုံရိုက်ကြပြီးအပေါ်တက်ဖို့ ပြင်ဆင်ကြသည်။
ကျောင်းတက်တာလေးလလောက်ရှိပြီမလို့ အတန်းထဲကလူတွေနဲ့လည်းခင်သင့်သလောက်ခင်ပြီး တခြားအတန်းကလူတွေနဲ့လည်း မျက်မှန်းတန်းမိနေပြီဖြစ်သည်။
*ဗွမ်း*
ရောက်တာနဲ့ထင်ထားတဲ့ အတိုင်းသူတို့သုံးယောက်ရဲ့မျက်နှာကို ရေလာပက်သွားကြသည်မှာ သုံးယောက်လုံး ကြွက်စုတ်သဖွယ် ပြောင်းလဲသွားခဲ့ကြရသည်။
"ရားးးး ဘယ်ကောင်လဲ အခုအဲ့မှာမရပ်ဘူးလား"
ဟယ်ချန်းကတော့ သူ့ပုံစံအရ ရေပက်သွားတဲ့လူကို နောက်ကနေရေပြန်လိုက်ပက်ဖို့ ကြိုးစားနေသည်မလို့ ဂျယ်မင်းတို့နှစ်ယောက်လည်း မက်တပ်ရပ်သာကြည့်နေလိုက်တော့သည်။
"ဂျယ်မင်း"
*ဗွမ်း*
ဘယ်ကနေဘယ်လို ရေခွက်ရသွားမှန်းမသိတဲ့ ဟယ်ချန်းက ဂျယ်မင်းကိုပါရေနဲ့ လာပက်သည်မလို့ သူလည်းပြန်ဆော်ဖို့ ရေခွက်လိုက်ရှာနေရသည်။
သူတို့နှစ်ယောက်တည်းသာမက Mark ကပါ ဝင်လုံးနေပြီမလို့ အပြင်လူမလိုပဲ သုံးယောက်တည်းတင် ဗြောင်းသတ်အောင် ဆော့နေကြသည်။
![](https://img.wattpad.com/cover/364440292-288-k717147.jpg)
YOU ARE READING
To My First 《NoMin》
Fanfiction"You know sometimes in life Things just ain't meant to be"