ကျောင်းမှာ တက်ကြွနေတဲ့ဂျယ်မင်းကို ဟယ်ချန်းတောင် အမြင်ကပ်နေပြီဖြစ်သည်။ အရင်ရက်တွေကမှိုင်တွေနေတာ သူမဟုတ်တဲ့အတိုင်း ဒီနေ့မှာတော့ အရမ်းကိုရွှင်ပြနေသည်။
"မျက်စိတွေနောက်နေပြီဂျယ်မင်းရေ ၊ မင်းကို လီဂျဲနိုက အဖြေပြန်ပေးလိုက်လို့လား"
"ဟီးဟီး အခုတော့မဖြစ်သေးဘူးပေါ့ကွာ ။ နောက်ဆိုဖြစ်လာမှာပေါ့"
ဂျယ်မင်းရဲ့ဆိုလိုရင်းကို ဟယ်ချန်းနားမလည်သေးပေ ။ သူတို့အခြေအနေဘယ်လောက်ထိများ တိုးတက်သွားလို့ပါလိမ့်။
"ဟမ် အဲ့လောက်တောင်အောင်မြင်နေပြီလား"
"သူ ငါ့ကိုမနေ့က ig မှာ follow back လိုက်ပြီကွ !! ဒါသိပ်မကြာခင်မှာ အဖြေပြန်ပေးတော့မယ်လို့ ဆိုလိုတာမဟုတ်ဘူးလား"
"..."
ဆွံ့အသွားတဲ့ဟယ်ချန်းကတော့ ပြောစရာကိုတကယ်မရှိတော့ဘူး။ ဒီလောက်ထိ မြောက်ကြွမြောက်ကြွဖြစ်နေတာ အနည်းဆုံးတော့ စကားတွေပြောပြီး သူငယ်ချင်းလောက်တော့ဖြစ်ပြီထင်နေတာ။
အခုတော့ ဒီလောက်လေးနဲ့တင် ဂျယ်မင်းကပျော်နေတာပါတဲ့ ။
"မင်းကအဲ့လောက်နဲ့ပျော်နေရလားဟ"
"လေးရက်တောင်စောင့်ခဲ့ရတာ လေးရက် ။ ဒီထက်တောင်ပိုပျော်သင့်တာ"
"ဂျယ်မင်း ငါမင်းကိုတစ်ခုမေးလို့ရလား"
သူ့ရဲ့အချစ်ရေးအတိုင်ပင်ခံက အတည်ပေါက်နဲ့မေးလာတော့ ဂျယ်မင်းလည်း ရုပ်တည်သွားရသည် ။
"အင်း မေးလေ"
"မင်းသူ့ကို ကြိုက်တာလား ၊ ချစ်တာလား ။
ဒီနှစ်ခုကမတူဘူးဆိုတာ မင်းလည်းသိမှာပါ"ကြိုက်တာလား ၊ ချစ်တာလားတဲ့ ။
အချင်းချင်းတောင်မသိသေးပဲ ဒီမေးခွန်းကိုဘယ်လိုဖြေရမလဲ ဂျယ်မင်းမသိဘူး။
သူသိတာတစ်ခုက ပျော်သည်။
ဟုတ်တယ်... ဂျဲနိုရဲ့နာမည်ကိုကြားတိုင်းပျော်သည်။
သူ့အသံကိုကြားရတာ ၊ သူ့အကြောင်းကိုသူများတွေပြောတာကြားရတာ ၊ သူဂီတာတီးတဲ့အသံလေးကိုကြားရတာ.... အဲ့လိုအချိန်တိုင်း ပျော်သည်။
![](https://img.wattpad.com/cover/364440292-288-k717147.jpg)
YOU ARE READING
To My First 《NoMin》
Fanfiction"You know sometimes in life Things just ain't meant to be"