Part 1

28 2 0
                                    

"ဒါလေးယူလိုက်ရမလား ဟဲ့ဘလိုလဲရွေးပေးအုံး"

"ဒီဘက်ကဟာလေးကပိုလိုက်မယ်ထင်တယ်"

ဘေးကသူငယ်ချင်းဟယ်ရင်းက ပန်းလေးတွေကျောက်ကလေးတွေနဲ့အလှဆင်ထားတဲ့ဘီးကုပ်လေးကိုလက်ညိုးထိုးပြပေမယ့် စတေးအီကတော့နောက်လက်တစ်ဖက်ကကိုင်ထားတဲ့သရဖူလှလှလေးကိုသာခြင်းထဲထည့်လိုက်သည်

"အဲ့ဒါယူမယ်ဆိုဘာလို့မေးနေသေးတုန်းကောင်မရဲ့"

စတေးအီကမကြားချင်ယောင်ဆောင်ပြီးဟိုကြည့်ဒီကြည့်ပဲဆက်လုပ်နေရင်း တစ်နေရာကိုမျက်စိကျသွားသည်
ဖန်ဘောလုံးအကြည်လေးထဲမှာမှလာဗန်ဒါပန်းလေးတွေနဲ့အလှဆင်ထားတဲ့မီးအိမ်လေးပေါ့ စတေးအီမီးအိမ်လေးကိုသေချာယူကြည့်ပြီး သူ့နေရာသူပြန်ထားလိုက်သည် သူ့မှာဝယ်စရာတွေအများကြီးရှိသေးတာကြောင့် ဟယ်ရင်းကိုပြန်သွားခေါ်လိုက်သည် အဲ့မီးအိမ်ကထင်ထားသလောက်လဲမလှပါဘူး

"အာ့"

"Sorry"

စတေးအီဟယ်ရင်းစီကိုသွားနေတုန်းလူတစ်ယောက်ဖြတ်တိုက်တာခံလိုက်ရသည် တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားပြီးဦးထုပ်ကြီးတစ်လုံးဆောင်းကာmaskလဲတပ်ထားသေးသည်

ဘာလဲဟဒီလူ သူပဲဝင်တိုက်သွားပြီးဝတ်ကျေတမ်းကျေပဲတောင်းပန်သွားတယ်

စတေးအီနှာခေါင်းတို့တစ်ရှုံ့ရှုံ့လုပ်လိုက်သည်။ ဘာနံ့ပါလိမ့်နှာခေါင်းထဲသစ်ဂျပိုးခေါက်နံ့လိုလိုလီမွန်ချိုချဥ်နံ့လိုလိုရလာတာကြောင့်ဘေးကိုဝဲကြည့်တော့လည်းဘာမှမတွေ့ စောစောကလူရဲ့ရေမွှေးနံ့ပဲဖြစ်မယ်

"ဟဲ့ကြာလိုက်တာလာ နောက်ကျတော့မှာပဲ"

မတ်တပ်ကြီးကြာနေတဲ့စတေးအီကိုဟယ်ရင်းကမြန်မြန်ဆွဲခေါ်သွားကာဆိုင်ထဲကနေထွါက််လာလိုက်သည်။ပိုက်ဆဲ့ရှင်းပြီးသားအိတ်တွေထဲကတစ်ဝက်က်ုစတေးအီလက်ထဲထိုးထည့်ပေးပြီးရှေ့ကနေကွတကွတနဲ့လျှောက်သွားသည်။

စတေးအီအခုကိုရီးယားကိုရောက်နေတယ်ဆိုတာကstraykidsရဲ့fansignတစ်ခုကိုလာတာပါ စတေးအီရဲ့မိဘတွေကစတေးအီကိုစိတ်မချတဲ့အတွက် ဟယ်ရင်းကိုပါအဖော်ထည့်ပေးလိုက်ခြင်းပင်
Straykidsထဲမှာစတေးအီရဲ့baiseကfelixပါ
straykidsကိုfelixကြောင့်စကြိုက်ခဲ့တာဖြစ်ပြီး felixကိုဘာကြောင့်ကြိုက်ရတာလဲဆိုတာတော့စတေးအီငယ်ငယ်ကမတော်တဆဖြစ်
စဥ်လေးတစ်ခုကနေစပြောရမယ်ဆိုပါတော့

BLURREDWhere stories live. Discover now