Part 3

8 2 0
                                    

"ငါတို့နောက်ထပ်ဘယ်သွားကြမလဲ"

ညစျေးထဲမှာလမ်းလျှောက်ရင်းhaerinကငါးပေါင်မုန့်ကိုပလုတ်ပလောင်းစားရင်းမေးလာသည်။

"မသိဘူးလေ နင်ဘယ်သွားချင်သေးလဲ"

Stayeeပြန်ပြောလိုက်သည်။သူတို့မနက်ကတည်းကလျှောက်ပတ်နေတာအခုဆိုညတောင်ရောက်နေပြီဖြစ်သည်။

"ဟဲ့ ဒါလေးခဏကိုင်ထားအုံး ငါtoiletခဏသွားအုံးမယ်"

"အော်အေး"

ရုတ်တရက်အပေါ့သွားချင်လာတာကြောင့်haerinကိုပြောပြီး အမြန်ပဲtoiletရှာဖို့ထွက်လာလိုက်သည်။ ဒီလိုနေရာတွေမှာကtoiletရှာရတာခက်တာကြောင့် ခပ်သွက်သွက် လျှောက်နေမိသည်။

"ဟူး! နောက်ဆုံးတော့"

အနည်းငယ်လမ်းလျှောက်လာပြီးတဲ့နောက်အဏနားလိုက်တော့ ရပ်နေတဲ့နေရာနဲ့မနီးမဝေးမှာtoiletရှိတာကိုမြင်မှ သက်ပြင်းချနိုင်ပါတော့တယ်။ Stayeeသွားမလို့ခြေလှမ်းပြင်တုန်းမှာပဲ လူတစ်ယောက်ကဝင်တိုက်လိုက်တာကြောင့်နောက်ပြန်လဲကျသွားပြီး လက်ထဲကဖုန်းလည်း လဲကျသွားတဲ့အရှိန်ကြောင့်လွှင့်ထွက်သွားကာ မှန်မှာလည်း ရစရာမရှိအောင်ကြေမွသွားတော့သည်။

"အာ့! ဟာ သွားပါပြီ"

"အာ တောင်းပန်ပါတယ် ရရဲ့လားမသိဘူး"

Stayeeလက်နဲ့တင်ပါးကတော့အတော်လေးအောင့်သွားပေမယ့် ခြေထောက်ကဘာမှမဖြစ်တာမို့အမြန်ပဲမတ်တပ်ရပ်လိုက်ပြီး မြေကြီးပေါ်မှာ မှန်အကွဲသားနဲ့ ဖုန်းကိုကောက်ကိုင်လိုက်သည်။

"ဟူး! ရစရာမရှိတော့ဘူးပဲ"

"အာ ကျွန်တော်တောင်းပန်ပါတယ် ခဏလောက်ပြလို့ရမလားမသိဘူး"

ထိုလူကဖုန်းကိုတောင်းကြည့်ပြီးတော်တော်အားနာနေတဲ့ပုံပင်။ ထိုလူကဖုန်းကိုသေချာကြည့်နေတုန်းမှာပဲ...

"ဘေးဖယ်!!!"

"အမ်!"

အနောက်ဘက်မှစက်ဘီးတစ်စီးကအရှိန်နဲ့ဝင်လာတာကြောင့် အမြန်ရှေ့ကိုရှောင်လိုက်ကာ အရှေ့ကဖုန်းစစ်နေတဲ့လူရင်ခွင်ထဲတည့်တည့်ပြုတ်ကျတော့သည်။
Stayeeသူ့မျက်လုံးသူပြန်ဖွင့်ကြည့်ပြီးမှ ကဗျာကယာဖြင့်ထလိုက်ကာ ပြန်တောင်းပန်ရသည်။

You've reached the end of published parts.

⏰ Last updated: May 20 ⏰

Add this story to your Library to get notified about new parts!

BLURREDWhere stories live. Discover now