Part 2

16 2 3
                                    

ဒီနေ့ကပျော်စရာရောဝမ်းနည်းစရာရောယှက်နေတဲ့နေ့လေးပေါ့ မနက်ဖြန်သူkoreaကနေAustraliaကိုပြန်ရမှာပါ
Koreaမှာသူ့နေတဲ့သူ့ရဲ့နောက်ဆုံးညမှာသူငယ်ချင်းဖြစ်သူဟယ်ရင်းနဲ့ညစျေးမှာလျှောက်လည်နေရမဲ့အစား strawberry bubbleတစ်ဘူးနဲ့ခေါင်မိုးထပ်မှာလေညင်းခံနေလေရဲ့။ ဒါနဲ့မေးကြမှာပေါ့နော် ဘာလ်ု့Beerသောက်ရမဲ့အစားbubbleသောက်နေတာလဲလို့ သောက်ချင်လို့သောက်တာပါ

*တီ တီ တီ*

'စတေးအီ! နင်အခုပြန်လာပြီးငါနဲ့မုန့်သွားစားမလား! ဒါမှမဟုတ် ငါနင့်က်ုစကားမပြောပဲနေရမလား! ငါဗိုက်ဆာနေပြီဟဲ့! တော်ပြီနင့်ဟာနင်လာချင်လာ မလာချင်နေ!
နင်မလာရင်အသေပဲနော်!'

"အမ်!"

သူ့ကိုထားခဲ့ပြီးခေါင်မိုးထပ်မှာအသဲကွဲနေတဲ့စတေးအီကြောင့်ဟယ်ရင်းခမျာဒေါပွနေရသည်
ဒီလိုနဲ့ဒေါသထွက်ထွက်ဖြင့်လက်ထဲကိုင်ထာတဲ့ချောကလက်ကိုတစ်ကိုက်ကိုက်လိုက်သည်။

*************

လေတစ်ဖြူးဖြူးနဲ့ခေါင်မိုးထပ်မှာလေညင်းခံရင်း တစ်ခုခုကိုစဥ်းစားနေမိသည်
ကိုယ့်idolရဲ့fansignကပြန်လာရင်ဘယ်သူမဆိုပျော်ကြတာပဲမဟုတ်လား သူကျတော့ဘယ်လိုပြောရမလဲ
ဘာလို့မမှတ်မိရတာလဲ မပြောမဆိုနဲ့ပျောက်သွားခဲ့ပြီး ပြန်ပေါ်လာတော့အရမ်းကိုပျော်ခဲ့ရတာကို ဘာလို့မမှတ်ထားရတာလဲ

မနက်ဖြန်Australiaကိုမပြန်ချင်သေး အဲ့မှာဆိုအကုန်လုံးကိုပြန်တွေးနေမိမှာမလား

Hoodieအိတ်ကပ်ထဲကphoneကိုထုတ်လိုက်ရင်း ပါပါးဆိုတဲ့နံပတ်လေးကိုနှိပ်လိုက်သည်

တစ်ဖက်ကပါပါးရဲ့helloဆိုတဲ့အသံကြားတော့ပြန်ပြောလိုက်သည်

"ပါပါး သမီးမနက်ဖြန်ပြန်မလာတော့ဘူး အဲ့ဒါလာမစောင့်နေပါနဲ့အုံးလို့"

'အမ် စတေးအီ ဘာလို့ပြန်မလာတာလဲ ပါပါးကိုပြောအုံးလေ'

"သမီးဒီမှာကြာအုံးမယ်ပါပါး"

'အမ် ဘာလို့ကြာမှာလဲ ပြောပြအုံးလေ
Hello hello'

စတေးအီphoneကိုချလိုက်ပြီး သူတို့တည်းရာအခန်းသို့ပြန်လာခဲ့သည်

BLURREDWhere stories live. Discover now