" ဒီမှာ ထိုင်လို့ရလား ညီမလေး"
ဖုန်းကို ကြည့်နေတုန်း ငယ့်မျက်လုံးရှေ့ရောက်လာသော ခြေထောက်ဖြူဖြူလေးနဲ့အတူ ခပ်ဝဲဝဲအသံလေးကြောင့် ငယ်မော့ကြည့်မိတော့
" ဟင် "
" ထိုင်လို့ရလားလို့"
"ထိုင်လို့ရလား မေးတာလား ငယ်က သိပ်နားမလည်လို့"
အက်တော့မှ သူက ရယ်ပြီး သေချာထပ်ပြောသည်
" ငယ် ဆိုင်ရှင်ကိုမေးပေးမယ်လေ "
အော် သူ့ကိုကြောင်မို့လာပါတယ်ဆို သူက မအူမလည်နဲ့
" မေးစရာမလိုဘူး မင်းဘေးမှာထိုင်ချင်တာ"
"အော် ရ ရပါတယ် ထိုင် ထိုင်ပါ"
ဆိုပြီး သူမကပြောလည်းပြော ဖုန်းနဲ့ အအေးဗူးကိုယူကာ လူရှင်းတဲ့ရာဘာပင်တွေ ဘက် ခပ်သုတ်သုတ်ထွက်သွားတော့သည်။
ဟား တကယ့် အူကြောင်ကြား သူ့ကိုနေရာရှောင်ခိုင်းတာလည်းမဟုတ်ပဲအားး သေတော့မှာပဲ ရင်တွေခုန်လွန်းလို့ သူက ဘာလို့ ငယ့်ဘေးထိုင်ချင်ရတာလဲ နဂိုကမှ ကြွေလွန်းလို့ ရူးတော့မယ့်ဟာကို ဘယ်ဘက်ရင်ဘက်ကို လက်ဝါးလေးနဲ့ဖိထားရင်
" ဟေး "
" အင် ကို ကိုကြီး"
" ဘာလို့ထွက်ပြေးတာလဲ"
" မဟုတ်ဘူး အငယ်က ဒီတိုင်း ဒီ အော် အသက်ရှူမဝလို့လေ အ့လေကောင်းလေ..."
ငယ့်စကားမဆုံးခင်သူက ငယ့်ရှေ့သို့ ခြေလှမ်းကိုတိုးလိုက်ရာ ငယ်လည်း လန့်ပြီး အနောက်ကိုဆုတ်တော့ ရာဘာပင်နဲ့ကျောနဲ့က ကပ်သွားပြီ ဟင် သွားပြီ သူ သူက ဘာလို့လဲ
" နာမည်ဘယ်လိုခေါ်လဲ"
မပြောဘူး ငယ့်ကို လွယ်တယ်ထင်ရင်ခက်မယ်
" ချစ်ခင်သူဝိုင်း"
အော် ဒီပါးစပ်က သွားပါပီ စိတ်ကသာမပြောဘူးနေတာ ပါးစပ်က ထွက်သွားပြီ
သူကပြုံးပြီး"နာမည်လေးက ချစ်စရာလေး လူရောပဲ "
"ကျေး ကျေးဇူးပါ ရှင့်"
" ဒီကိုဘာလာလုပ်တာလဲ"
" ဟို ပါပါးနဲ့ လိုက်လာတာပါ"
" အော် အဖေချစ်လေးလား ကလေးက"
" ဟုတ် ကဲ့"
" တကယ်တော့ ကိုယ်က ကလေးရဲ့ Facebook acc သိချင်တာ ကလေး ဖုန်းတော့ကိုင်ရတယ်မလား"
"ဟုတ် ဒါ အငယ့်ရဲ့ဖုန်း"
ဟုပြောပြီး သူမလက်ထဲကဖုန်းလေးကိုထောင်ပြသည်
" ပီးတော့ အငယ်က ကလေးမဟုတ်တော့ဘူး"
" ဟင်"
" ဟုတ် အငယ့်အသက်က ၂၄ပြည့်တော့မှာပါ တတိယနှစ်တတ်နေတာ"
ဟာ တစ်ကယ် မဖြစ်နိုင်တာ သူထင်တာ ၁၇/၁၈
သူမက ညာနေတဲ့ပုံလည်းမပေါ်ပဲ မျက်လုံးဝိုင်းဝိုင်းလေးတေနှင့်မော့ကြည့်ပြီး"အငယ်က ကလေးရုပ်ဖြစ်နေတာပါ"
ဟု မျက်နှာငယ်လေးနဲ့ပြောတော့
" အဲ့ဒါမကောင်းဘူးလား ဆုတောင်းကောင်းတာလေ ကလေးရဲ့အယ် sorry ခင်လေး "
"ဟင် ဘယ်လိုကြီးလဲ"
" ခင်လေး လို့ခေါ်ချင်တယ် "
ဟုဆိုပြီး ထို့နောက်
သူမဆီက Facebook account ကိုတောင်းပီး အပ်ရင်လက်ခံဖို့နဲ့ ထပ်ဆုံချင်သေးကြောင်း
ပြောပြီး သူ့သူငယ်ချင်းနဲ့အတူ ပြန်ထွက်သွားတော့သည်။
ဟင် အငယ်က သူ့နာမည်လည်း မမေးလိုက်ရဘူးလေ ဟာ သေလိုက်ပါတော့ ငဒူမ
ရည်းစားကျလိုချင်ပြီး အထာကျမပေးတတ်
ဟုတ်တယ် ခုလောလောဆယ် အငယ့်မှာ ဦးဏှောက်မရှိတော့သလို ခံစားနေရတယ် 🤣+++++++++++++++++++++
YOU ARE READING
Red Flag Enjoyer
Romanceဒဏ်ရာပဲပေးပေး ဆေးပဲပေးပေး မင်းကကိုယ့်ရဲ့ Favourite Person ♥️