part 5🌄

764 17 0
                                    


🎶 ငိုမနေပါရစေနဲ့ ဒီဝဋ်ကြွေးတွေလည်း ကျေပါစေတော့အချစ်ရေ မဆုံးနိုင်မှာကိုစိုးတာ...🎶

"အငယ် ပြီးပြီလား သမီး "

" ဟုတ် ပီးပီ မား ခနလေးနော်"

" မြန်မြန်လုပ်အငယ်ရေ သီးချင်း‌ေလးတစ်အေးအေးနဲ့ အေးရာအေးကြောင်းလုပ်မနေနဲ့ တရားနာမမှီပဲနေမယ်"

"လာပါပြီရှင့် မားရေ"

🚗🚗🚗🚗

နာရီဝက်ခန့်မောင်းပြီးနောက် အစိမ်းရောင် ဆေးရောင်သုတ်ထားတဲ့ တံခါးကြီးရှေ့ အငယ်တို့ကားရပ်သွားပြီး ခြံစောင့်ဦးလေးကြီးကတံခါးလာဖွင့်ပေးသည်။
ဝိုးး  တစ်အိမ်လုံး အဖြူရောင်တွေနဲ့ပဲ ခြယ်ထားတဲ့နှစ်ထပ်အိမ်ကြီး နောက်မှာလဲ မြင့်မားလှတဲ့ တောင်ကြီးတွေက ဝန်းရံထားတော့ မသိရင် တိမ်တွေ နဲ့ တောင်တွေ ရောထွေးနေတဲ့ ပန်းချီကားတစ်ချပ်လို  ခရေပင်ပုပုလေးတွေကလည်း  ခြံစည်းရိုးတစ်လျှောက် စီ ရရီ စိုက်ထားလေရာ တော်တော်လေး အေးချမ်းသလိုလို ခမ်းနားသလိုလို အငယ်တော့ အရမ်းသဘောကျနေမိသည်။

" ကိုဟန်ထွန်းတို့ လာကြလာကြ သမီးလေးလည်းပါလာတာကိုး ချစ်စရာလေးကွယ် ကိုထွန်းက ပြန်ပြောနေတာ လာရင်ခေါ်လာပါ့မလားလို့ သီတာက ဖုန်းဆက်မှာအုန်းမလို့ပဲ ထိုင်အုန်း မိချို ဒီဝိုင်းကို ပြင်ဆင်ပေးပါအုန်း"

" ဟော ကိုဟန်ထွန်းရေ ဘုန်းကြီးပင့်တဲ့ဆီ သွားရမယ် ပြန်လာမှ စကားအေးဆေးပြောမယ် ဗျာ ညနေကျမှပြန်ကြမှာမလား သားကြီးရေ ခနလာအုန်းကွ !"

" ဘာဖြစ်လို့လဲ အဖေ ကိုကို က ခြံထဲဆင်းသွားတယ်"

" ဟင် ဟုတ်လား ဘုန်းကြီးပင့်တာ သူလိုက်မယ်ဆိုလို့ "

"အ့ဆို သား သွားခေါ်လိုက်မယ်လေ "

"အေးအေး သားငယ်"

အဖြူရောင်လည်ကတုံးလက်ရှည်ကို ပုဆိုး အပြာကွက်နှင့်တွဲဝတ်ထားပြီး ဆံပင်တိုတိုက ဆီလိမ်းထားသဖြင့် နဂိုချောမောသောမျက်နှာက အေးချမ်းပြီးရှင်းသန့်နေသည်။ ကိုစိုင်းလည်း လူချောတစ်ယောက်ပေမယ့် အငယ့်နှလုံးသားကတော့ ပေတေတေပုံစံနှင့် လူတစ်ယောက်ဆီသာ

Red Flag Enjoyer Where stories live. Discover now