part 3🌄

898 18 0
                                    


တောင်!

Kyaw Min Han ဆိုတဲ့ nameနဲ့ Fri request တက်လာတော့ ကိုကြီးများလားဆိုပြီးwallထဲဝင်ကြည့်တော့ မဟုတ်
နေ့လည်က ကိုကြီး‌ရဲ့သူငယ်ချင်းဖြစ်နေသည်။ဟင်းးးး ACCကသူတောင်းပီးတော့
ဘာနေနေ လက်ခံလိုက်မယ်လေ ကိုကြီးအကြောင်းမေးရတာပေါ့

#Hi ညီမ

လက်ခံတယ်ဆို တန်းဝင်လာတဲ့ စာကြောင့် အငယ် နှာခေါင်းလေးရှုံ့မိသည် မျှော်နေတာကတစ်ယောက်

# Hok

#အကိုက နေ့လည်က ညီမကိုစကားလာပြောတဲ့တစ်ယောက်ရဲ့ သူငယ်ချင်းပါ

#ဟုတ်

#အကို ပြောစရာလေးရှိလို့ ညီမလေး

#ရပါတယ်ရှင့်

#စားပီးပီလား ညီမလေး😁

ဟင် ည၁၀နာရီပဲကျော်နေပြီ ဒီလူရူးနေသလား မသိ

အငယ်လဲ ဘာမှပြန်မပြောတော့ပဲ လိုင်းပိတ်လိုက်တော့သည်။အတွေးတွေကတော့ ကိုကြီးဆီမှာ တဝဲလည်လည်......

********************
"အဲ့တော့ မင်းကိုဘာပြန်ပြောလဲ"

"Rpမပြန်တော့ပါဘူးဆို"

"ငါသာဆို blမှာ စားပီးပီလားကလွဲ ကျန်တာမမေးတတ်ဘူးလား "

"မမေးရဲတာ တစ်ကယ်တော့ ငါ့ရုပ်လဲကြည့်အုန်းလေ "

" မင်းကိုယ်မင်း သိရင် ပြီးတာပဲ"

"အေးပါကွာ -ီးပဲ"

"ဘော မို့ငါ့လာဆဲ"

" မသိဘူးကွာ ရင်ထဲ နင် နေသလိုပဲ မင်းရော စကားပြောသေးလား"

" ငါလား ငါကသွားမအပ်ထားပါဘူး"

" ဟမ် "

"ဟုတ်တယ်လေ မင်းကို တောင်းပေးတာလေ သူကငါ့အကြိုက်မဟုတ်ဘူး"

" ချစ်စရာကောင်းတာတော့ မင်းလက်ခံတယ်မလား"

သူဘာမှပြန်မဖြေ Chit Khin ဆိုတဲ့ accလေးထဲ ဝင်ကြည့်တော့ Pinထောက်ထားတဲ့ postလေး
First trip of 2024,Go to Dawei
ဆိုတဲ့ postလေး
အနီရဲရဲဂါဝန်လေးက ပေါင်လယ်သာသာလေးနဲ့ ကျောပိုအိတ်သေးသေးလေးကို လွယ်ထားကာ မျက်မှန်အဝိုင်းလေးနဲ့ သူမ
poseပေးတာကတော့ တစ်ပုံနဲ့တစ်ပုံ မတူစေရ ချစ်စရာကောင်းတာတော့ ဘယ်ဘဝရဲ့ဆုတောင်းတွေကြောင့်ရယ်မသိ ဒါပေမယ့် သူမက ဧည့်သည်ပဲလေ နောက်တော့ ကိုယ့်အကြိုက်လည်းဟုတ်မနေဘူး

📲📲📲📲

" Hello မောင် အခုဘယ်မှာလဲဟင်"

" ပွဲရုံမှာပဲလေ ဘာဖြစ်လို့လဲ မခ"

" သဘက်ခါကျရင် မ ညီမလေးကို ကျောင်းသွားအက်ပေးဖို့ ထားဝယ်ကို မောင်လိုက်ပို့ပေးနိုင်မလား မောင် အားမှပါ"

"သဘက်ခါလား"

"အင်း မောင်"

သဘက်ခါဆိုရင်တော့ ဖေဖေရော ညီညီပါ ပြန်ရောက်နေပြီဆိုတော့ သူထွက်လို့တော့ရသည်။ရှိန်း တို့က ကံပေါက် ကလိန်အောင် မိချောင်းအိုင် စတဲ့ နေရာတွေက ထွက်သမျှ ရာဘာ သီဟိုဠ်စေ့ ငရုတ်ကောင်း စတာတွေကို ဝယ်သည့်ပွဲရုံဖြစ်ပြီး ဒီနယ်တစ်ဝိုက်မှာတော့ ' ကြယ်စင်လင်း' ပွဲရုံဆို'ကြယ်စင်လင်း အိမ်ဆောက်ပစ္စည်းဆိုင်' ဆိုလျှင် မသိသူမရှိ မြို့မျက်နှာဖုံး မိသားစု ပင်ဖြစ်သည်။

" ရတယ် လေ မောင်လိုက်ပို့ပေးမယ်"

------------------------------------------

" ကိုကြီး"

" ဟင် ခင်လေး "

" မင်းက ဒီလိုဘယ်လို""ကိုကြီးက ဘာလာ"

"ဟီး"

မိန်းလမ်းထဲမှာ ကျောင်းလာအပ်တဲ့ကလေးတွေနဲ့ ရှုပ်နေလို့ ကံ့ကော်ပင်လေးတွေနဲ့စီတန်းနေတဲ့ လမ်းလေးထဲက ခုံလေးမှာ ထိုင်နေတုန်း
ဒီကောင်မလေးက ကျောင်းထဲဘာလာလုပ်တာပါလိမ့် မိုးပြာရောင် ပါတိတ်ဝမ်းဆက်လေးက ခန္ဓာကိုယ် လုံးလုံးလေးမှာ ချပ်ကပ်နေပြီး မျက်ခွံနဲ့ပါးပြင်မို့မို့လေးမှာ လိမ်မော်ရောင် ဖျော့ဖျော့ပြောင်ပြောင်လေး ခြယ်ထားသည် ထူးခြားနေတာက မျက်မှန်မတပ်ထားတာ
စကားခြင်းတူသွားလို့ ဟီး ခနဲ့ရယ်ပြလိုက်မှ ပေါ်လာတဲ့ သွားစွယ်ဖွေးဖွေးလေး

" ကိုယ့် အသိ ပါ သူကျောင်းလာအပ်လို့လိုက်လာတာ မင်းကရော "

" အငယ်က ကျောင်းပြောင်းထားတာလေ ဒီကို အဲ့ဒါ လာတာ ဟီး မထင်ထားဘူး"

" ဘာကိုလဲ"
"ကိုကြီးနဲ့လေ ဆုံမယ် မထင်ထားဘူးလို့ ရေစက်ထင်တယ်နော် ကိုကြီး ဟီး"

သူ့အပြောကိုယ်သူ သဘောကျနေပြီး ရယ်နေသည်။ပြီးတော့ သူမရဲ့ အိတ်သေးသေးလထဲက တစ်စုံတစ်ရာကိုထုတ်လိုက်ပြီး
"ကိုကြီးအတွက်"တဲ့

အသဲပုံစုပ်လုံးသကြားလုံးလေး ကိုယ်က ကလေးလား ....

" သွားတော့မယ်နော် ပါပါး လိုက်ရှာနေမှာစိုးလို့ တာ့တာ "

🌄🌄🌄🌄🌄🌄🌄🌄🌄

Red Flag Enjoyer Where stories live. Discover now