part 4🌄

984 23 3
                                    


" မာမား ရေ ဧည့်သည်တွေ‌လာတယ် "

" အိမ်ထဲခေါ်ခဲ့လေ အငယ်"

JohnJohnကို ‌ရေချိုးပေးနေတုန်း အိမ်ရှေ့မှာ ကားတစ်စီးထိုးရပ်သွားသောကြောင့် လုပ်လက်စ ခနရပ်ပြီး ထွက်ကြည့်တော့ အသက် 50အရွယ်ဦးလေးကြီးနဲ့ အငယ်တို့အရွယ် ကောင်လေးတစ်ယောက် အငယ် မာမားကို လှမ်းခေါ်ပြီး ဧည့်သည်တွေကို အိမ်ထဲခေါ်ခဲ့တော့

" သမီးလေးက မခင်မြရဲ့သမီးလား"

"ဟုတ်ကဲ့ လေးလေး "
" သမီးလေးက ချစ်စရာလေးပဲ အလည်လာတာလား"
" အစကတော့ အလည်ပဲလေးလေး ခုက အငယ် ကျောင်းပါ Dawei Uniကိုပြောင်းလိုက်တာ ဒီမှာပဲနေချင်တော့လို့လေ"

" ကောင်းပါတယ် သမီး မားမားလည်း အဖော်ရတာပေါ့ "

" ကို ထွန်းပိုင် ရေ အက်ဒါ ကျမသမီးအငယ်လေးလေ တတိယနှစ်တတ်ရမှာ အကောင်ကိုလည်းကြည့်အုန်း"

"မားမား ကလည်း"

" မားမားကလည်း မလုပ်နဲ့ ရှေ့ကကလေးကလေ အငယ်နဲ့ရွယ်တူပဲ သူများသားသမီးတွေများ ထွားကျိုင်းလိုက်ကြတာ ဒါနဲ့ သားစိုင်း လည်း တတိယနှစ်ပဲမလား"

ရောက်ထဲက စကားတစ်လုံးဝင်မပြောပဲ ငြိမ်နေတဲ့ ကောင်လေးက

" ဟုတ်တယ် အန်တီမြ "

" အက်ဒါဆ်ု အတူတက်လို့ရတာပဲ သားက ဘယ်ဘာသာလဲ"

" သားက Chemistry ပါ"

" အငယ်က English လေ ဘာပဲဖြစ်ဖြစ် သားရေ အငယ့်ကို စောင့်ရှောက်ပေးပါအုန်းကွယ် ထားဝယ် မှာနေပြီးတတ်ရမှာဆိုတော့ သူက မအူမလည်နဲ့ရယ်"

မေမေကတော့ သူစိမ်းရှေ့ဒေါက်ဖြုတ်နေပြီ ဒါနဲ့ ရှေ့ကကောင်လေးက ကိုကြီးနဲ့ဆင်သလိုလိုပဲ ဒါပေမယ့် သူကအသားအနည်းငယ်ညိုပြီး အရပ်ကတော့ ကိုကြီးလောက်မရှည်

" အလှူလာဖိတ်တာ မခင်မြရေ နှစ်တိုင်းလုပ်နေကျပဲ လေ သီတင်းကျွတ်မှာ သက်ကြီးရွယ်အိုတွေကို လည်းလှူပြီး ဘုန်းကြီးလည်းဆွမ်းကပ်မို့ "

" လာရမှာပေါ့ ရှင် မသီတာ တစ်ယောက်ရော နေကောင်းလား ခေါ်တော့မလာဘူး"

"ကောင်းပါ့ဗျာ လိုက်ချင်တာ သားရှိန်း နဲ့ သူ့အဖွားတွေဆီ လည်းသွားစရာရှိတာမို့ ကျနော်တို့သားအဖကတစ်တွဲ သူတို့သားအမိကတစ်တွဲ ထွက်လာကြတာ "

" သားရှိန်း ရော ဘယ်တော့လဲ "

"ဟား ဟား မခင်မြရေ တစ်ခါမှ မိန်းမယူဖို့အကြောင်းလဲ မပြောဘူး ကောင်မလေးတွေကလည်း တော်ကြာတစ်ယောက် တစ်လမကြာဘူး နောက်တစ်ယောက်နဲ့ ဘာတွေမှန်းမသိပါဘူးဗျာ"

" သားရှိန်းလည်း အသက်မငယ်တော့ဘူးနော် ဒီအရွယ်ထိနေတာ တော်တာ ကိုထွန်းပိုင်ရေ"

" အဲ့ဒါတော့ဟုတ်တယ် ၂၈ကျော်ပြီလေ သင့်တော်တာလေးဆိုရင်တော့ ကျနော်တို့ပဲ စီစဉ်ရမှာပေါ့ဗျာ"

" ဒါဆို နောက်ကားကျော်တတ်နေအုန်းမယ် သားစိုင်းလေးကရော "

" မားမားကလည်း လျှောက်မေးနေတယ် ဟိုကရှက်နေပြီ"

"ဟားဟား ဒီကောင်ကပိုဆိုးတယ် ရည်းစားက ရမယ့်ပုံမပေါ်ပါဘူး ခုပဲကြည့်လေ အကြီးက သွက်ပြီးအငယ်က ကျနော်တို့မှ မမေးရင် ဘာမှလည်းမပြောဘူး နှစ်ယောက်မွေးထားတာ နှစ်မျိုး ဖြစ်နေတယ်"

ဦးလေးကြီးသားအဖပြန်သွားမှ အငယ်လည်း မီးဖိုထဲပြန်ဝင်သွားတဲ့ မားမား နောက်လိုက်ပြီး

" မား သူတို့က ဘယ်ကလည်းဟင်"

"သူတို့က ကံပေါက်ထဲကလေ ကြယ်စင်လင်း ပွဲရုံက မားတို့ ခြံက သီဟိုဠ်စေ့တွေ ကို သူတို့ပဲရောင်းတာလေ ၁၅နှစ်လောက်ရှိပြီဆိုတော့ မိသားစုလိုဖြစ်နေတာ အငယ်ရဲ့ သဘက်ခါကျ အငယ်လည်းလိုက်ရမယ်နော် သူတို့ကသိပ်သဘောကောင်းတာ"

____🌄____🌄____🌄____🌄___🌄

Red Flag Enjoyer Where stories live. Discover now