p1

22K 220 4
                                    

ဒိုင်း!!

ဒိုင်း!!

"ဓားပြဟေ့ .... ဓားပြ!!
ရွာထဲကို ဓားပြတွေဝင်လာပြီ"

သတ္တိအနည်းငယ်ကောင်းသော ဖိုးခွား၏
အသံက ရွာထဲတွင် ဆူညံသွားသည်။

အဆက်မပြတ်ထွက်ပေါ်လာသော
သေနတ်သံများနဲ့အတူ
အားလုံးခြေမကိုင်မိလက်မကိုင်မိဖြစ်ကုန်သည်။

ဒိုင်း!! ဒိုင်း!!

သေနတ်သံများက တဒိုင်းဒိုင်းထွက်ပေါ်နေဆဲ။

ရွာထဲမှာလည်း အော်သံဟစ်သံများ‌ဆူညံလာသည်။

အိမ်ခြေနည်း၍အေးချမ်းသော
တောစပ်ရွာကလေးကား
ဗြောင်းဆန်ချေပြီ။

ဘယ်ကရောက်လာမှန်းမသိသော
ဓားပြတစ်အုပ်က
ရွာထဲသို့ ချင်းနင်းဝင်ရောက်လာခဲ့၏။

.......

" ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့နော်
အားလုံးပစ်သတ်ပစ်မယ်!! "

တစ်ရွာလုံး ကွင်းပြင်ထဲတွင် လက်ကို
ခေါင်းပေါ်တင်ကာ
တုတ်တုတ်မှမလှုပ်ရဲကြ။

စုစိုင်နေသောရွာသားတွေအား
ဓားပြအယောက်နှစ်ဆယ်ခန့်က
သေနတ်တွေနဲ့ ဝိုင်းချိန်ထားပြီ
ဓားပြခေါင်းဆောင်ကတော့
ထိုင်ခုံတစ်လုံးနဲ့ ထိုင်ကာ
ပစ္စတိုသေနတ်ကို သ,နေသည်။

ပြောင်လက်နေသော သေနတ်ဟာ
ပုဝါနဲ့ထပ်ခါတလဲလဲ သုတ်ခံနေရတာမို့
နေရောင်အောက်တွင် အလင်းပြန်‌နေလေသည်။

သိပ်မကြာ ခေါင်းဆောင်ဟာ
သေနတ်ပြောင်းကို အဝေးသို့
ချိန်ကြည့်လိုက်သည်။

ရွာသားတွေအားလုံးလည်း တိတ်ဆိတ်နေတဲ့
အနေအထားနဲ့ ခေါင်းဆောင်ကြောင့်
အသက်ပင်မရှူရဲကြ။

ခေါင်းဆောင်ဟာ အသက်ငယ်ငယ်နဲ့
ဂျစ်တစ်တစ်ပုံစံရပြီး
ဇွတ်တရွတ်လုပ်တတ်တဲ့ ပုံစံမျိုးဖြစ်နေသည်။

ခေါင်းဆောင်က သေနတ်ကို အဝေးသို့
ချိန်ကြည့်နေရင်းမှ ရုတ်တရက်
သေနတ်ပြောင်းကို ရွာသူကြီးထံ ဦးတည်လိုက်သည်။

ရွာသူကြီးဟာ ချက်ချင်းလှုပ်လှုပ်ရှားရှား
ဖြစ်သွားပြီး တံတွေးကိုခက်ခက်ခဲခဲ
မြိုချလိုက်ရ၏။

မုန်တိုင်းရဲ့ကြယ် ( Paid)Where stories live. Discover now