" ဖိုးထောင် !! ဖိုးထောင် ဒီကိုလာစမ်း!! "
ကောင်းကောင်းတုန်သွားပြီး
ပုဆိုးကို အတင်းကောက်ဖို့ကြိုးစားတော့
မုန်တိုင်းက ကောင်းကောင်းလက်တွေကို
ဖမ်းကာ တစ်ကိုယ်လုံးကို ဖိပြီးချုပ်ထား၏။" မင်း!!"
ဇတ်ကနဲပင့်တက်တက်သွားတဲ့ မျက်ခုံးတစ်ဖက်နဲ့ ခပ်စောင်းစောင်းမဲ့သွားတဲ့
အပြုံးက မုန်းတာထက်ကို ပိုရွံမိသွားစေသည်။ဟုတ်သည်။
ကောင်းကောင်းအနေဖြင့် မုန်တိုင်းကို
မုန်းရုံသာမက ရွံလည်းရွံသည်။" ခေါင်းဆောင် "
အိမ်ပေါ်တက်လာသော ဖိုးထောင်က
ဖရိုဖရဲမြင်ကွင်းကြောင့်
နေရာတင် တန့်သွားသည်။ခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်နဲ့ တက်ဖိထားလို့
ဘာမှမမြင်ရပေမယ့်
ဘေးမှာ ပြန့်ကျဲနေသည့် ပုဆိုးနဲ့ အတွင်းခံဘောင်းဘီကြောင့် အေခြအနေကို
သူအကဲခတ်မိသည်။" မီးတွေ ထွန်းလိုက်!!"
ကောင်းကောင်းမျက်ဝန်းတွေကို
မုန်တိုင်းဆီ ဒိုင်းကနဲပင်။နှုတ်ခမ်းအား ဖိကိုက်ထားပြီး
မျက်ရည်တွေဝဲနေသည့်အကြည့်က
မုန်တိုင်းကို
တော်တော်လေးဆွဲဆောင်နိုင်လွန်းနေ၏။ဖျက်ဆီးပစ်ချင်စရာလေး!!
မဟုတ်ဘူး!!
သေချာပေါက်ကို ဖျက်ဆီးပစ်ရမှာ!!
မီးတွေ ထိန်သွားသည်နှင့်
မျက်ရည်အပြည့်နဲ့ မျက်နှာလှလှက
ထင်ထင်ရှားရှားပေါ်လာသည်။" ပြီးရင်သွားတော့ ...
တံခါးကို အပြင်ကနေ ပိတ်လိုက်!!
ပြီးရင် တစ်ညလုံး ဒီနားမကပ်ကြနဲ့!! "" ဟုတ်ကဲ့ပါ ခေါင်းဆောင် "
ဖိုးထောင်က တံခါးကိုပိတ်ကာ
ခပ်မြန်မြန်ထွက်သွား၏။မုန်တိုင်း ကောင်းကောင်းကို
ဘာတတ်နိုင်သေးလဲဆိုတဲ့အကြည့်နဲ့
ကြည့်လိုက်သည်။အောက်မှာရောက်နေသည့်တိုင်
ကောင်းကောင်းက အားမလျော့။တွန်းထိုးရုန်းကန်နေသေး၏။