ဒုန်း!!
သိမ့်ကနဲတုန်သွားတဲ့ အိမ်လေးကြောင့်
ကောင်းကောင်း ဆတ်ကနဲလန့်နိုးလာမိသည်။အိပ်တာတော်တော်လေးကြာသွားပုံရပြီး
အိမ်ပြင်မှာ အရမ်းမှောင်နေပြီဖြစ်သည်။အိမ်ထဲမှာတော့ ရေနံမီးအိမ်က မှိန်ပျပျသာ
လင်းနေ၏။ထိုမီးရောင်အောက်ကနေ ကြောက်ရွံ့ဖွယ်ရာ
ခက်ထန်တဲ့မျက်နှာကို မြင်ရသည်။သူ့နောက်တွင်က ဖိုးထောင်ဆိုတဲ့ကောင်လေး။
မုန်တိုင်း တစ်စက်မှအရာမယွင်းတဲ့
ကောင်းကောင်းရှေ့က ထမင်းပန်းကန်ကို
ကြည့်လိုက်သည်။နေ့လည်ထဲက ပြင်ခိုင်းထားတဲ့
ထမင်းဟင်းတွေက
ခြောက်သွေ့ပြီး အနံ့တောင်ထွက်နေသည်။ဒီလောက်ဆို အခြေအနေကို
သူသဘောပေါက်ပြီ။" ဘာစောက်ချိုးချိုးနေတာလဲဟမ်!!"
တိတ်ဆိတ်နေတဲ့ညသန်းခေါင်မှာ
ဟိန်းထွက်လာတဲ့ အသံက
ကောင်းကောင်းကို တုန်လှုပ်သွားစေသည်။ထို့ပြင် သန်မာလှတဲ့ လက်တစ်ဖက်က
ပါးရိုးကို လာဖျစ်ညှစ်တာမို့
နာကျင်မှုက မျက်ရည်ပါဝဲလာ၏။" ကောင်းကင်ကြယ်!! "
မျက်ရည်တွေကြားကနေ မုန်းတီးစွာ
စူးစိုက်ကြည့်ပစ်တော့
ခက်ထန်နေတဲ့မျက်နှာက ပိုတင်းမာသွား၏။" မင်းက အေးဆေးပြောနေလို့မရဘူးပဲ "
ဖျစ်ညှစ်ထားတဲ့ပါးကို
ခပ်ကြမ်းကြမ်းလွှတ်လိုက်တော့
ကောင်းကောင်းဘေးကို ယိုင်ကနဲ။အယုတ်တမာကောင်ကတော့
နည်းနည်းမှ သက်ညှာမှုမရှိပေ။ဂျောက်!!
သေနတ်က ကောင်းကောင်းနားထင်ကို
လာထောက်သည်။" ငါခိုင်းတဲ့အတိုင်းလုပ်မှာလား ...
သေမှာလား !!"ကောင်းကောင်း သူ့ကို ပြန်မော့ကြည့်ပစ်သည်။
" သေမှာ!! "
ကောင်းကောင်းပုံစံကြောင့် မုန်တိုင်း
ပိုပြီး ဒေါသထွက်သွားသည်။