လွင့်စင်သွားတဲ့ ထမင်းပန်းကန်တွေကြား
လူနှစ်ယောက်ရဲ့
အကြည့်တွေက ပြင်းထန်စွာ။မုန်တိုင်း ဒူးတစ်ဖက်ထောက်ရင်း
ကြမ်းပြင်ပေါ်ပြန့်ကျဲနေတဲ့
ထမင်းတွေကြားက ကြက်သားတစ်တုံးကို
ကောက်ယူကာ
ဖြည်းဖြည်းချင်းဝါးလိုက်သည်။ထို့နောက် ကောင်းကောင်းထံသို့
တစ်လှမ်းချင်း တိုးသွား၏။အနက်ရောင်ဘောင်းဘီရှည်သာ
ဝတ်ဆင်ထားပြီး
အပေါ်ပိုင်းဗလာဖြစ်နေလျက်
ကြေးနီရောင်ထနေတဲ့ ကြွက်သားတွေပေါ်
ချွေးတွေ တဒီးဒီးစီးကျနေသည့်
မုန်တိုင်းရဲ့ ပုံသဏ္ဍာန်က
ကြောက်ရွံ့ဖွယ်ရာအတိပင်။ထို့ပြင် ကောင်းကောင်းထံ တစ်လှမ်းချင်း
စိတ္တဇဆန်ဆန် တိုးလာပုံက
ရူးသွပ်ကာ ဖျက်ဆီးပစ်တော့အတိုင်းပင်။ကောင်းကောင်းက မုန်တိုင်းလုပ်ရပ်ကြောင့်
ခန္ဓာကိုယ်ကို တစ်ရွတ်ဆွဲကာ
နောက်ကို ရွှေ့ရွှေ့သွားရင်း
နံရံမှာ ကျုံ့နေအောင် ကပ်သွား၏။" မင်း ဘာ ... ဘာလုပ်မလို့လဲ "
မုန်တိုင်းရဲ့အကြည့်တွေက
ကြောက်မက်ဖွယ်ရာမို့
ကောင်းကောင်းစကားတွေထစ်ကုန်သည်။မုန်တိုင်းက နံရံနဲ့သူ့ကြား
ကျုံ့ကျုံ့လေးဖြစ်နေတဲ့
ကောင်းကောင်းရှေ့ကို
ဒူးတစ်ဖက်ထောက်ကာ ထိုင်ချရင်း
ကောင်းကောင်းရဲ့ နှုတ်ခမ်းထော်ထွက်လာအောင် ပါးပြင်ကို အားပြင်းပြင်းဖျစ်ညှစ်ပလိုက်သည်။" အွန်း!! "
" ယောက်ျားကိုယ်တိုင်ကျွေးမှ စားချင်တဲ့ မိန်းမကို ယောက်ျားက ဝါးခွံ့မလို့လေ !!"
သူ့စကားကြောင့် ကောင်းကောင်းမျက်လုံးပြူးပြီး အတင်းရုန်းတော့သည်။
သို့သော် ရုန်းကန်မှုက အချဉ်းနှီးသာ။
သူ့တစ်ကိုယ်လုံးကို မုန်တိုင်းက
တက်ဖိချုပ်ထားပြီး
နှုတ်ခမ်းချင်းတေ့ကာ
သူဝါးထားတာတွေကို
ကောင်းကောင်းပါးစပ်ထဲ
အတင်းထည့်သည်။ရုန်းကန်နေသော်လည်း
အားချင်းမမျှတာကြောင့်
ကောင်းကောင်း ပျို့တက်လာရသည်။