အချစ်ဟူသည် (၈)

17 0 0
                                    


       " ကိုကို ကို မီးလက်မထက်နိုင်ဘူးကိုကို"
ဘုန်းမင်းခန့်ရင်ထဲကို သံ‌ရေပူလောင်းသကဲ့သို့ ထူပူသွား၍ ကိုယ့်စိတ်ကိုပြန်‌လည်မနည်းဆောက်ထူခဲ့သည်။
     "ဘာ....မီးမီး၊ကို့ကို့ကို ဘာပြာလိုက်တာလည်း"လိုပြောကာမီးရဲ့ ပခုံးကိုစုပ်ကိုင်ကာမေးလိုက်မိသည်။
     "ကို့ကို့ကို မီး လက်မထက်နိုငိဘူးကိုကို၊မီးက ကို့ကို့ကိုအကိုအရင်းလိုဘဲချစ်တာ၊ကိုကိုရောဘဲမီးကို လက်တွဲဖော်လိုချစ်တာမှ မဟုတ်ဘဲ"
      "ပြီးတော့ ကို့ကို့မှာ မမနွယ်ရှိသလို၊မီးမှာ Jatရှိတယ်၊မီးသူ့ကိုဘဲချစ်တယ် ကိုကို"
     မီးရဲ့နှုတ်ခမ်းမှ ထွက်လာသမျှစကားသည်သူ့ရင်ကို ဓားနဲ့အဆက်မပြတ်ထိုးသကဲ့သို့ပင်ခံစားနေရသည်။Jat,ကိုချစ်သည်ဟူသော စကားလုံးကိုသူအရမ်းမုန်းသည်။
      ငါမီးကိုညီမလေးလို ချစ်တယ်ဆိုတာ ငါ့ကိုငါညားခဲ့မိတာ အခုတော့ ငါထက်ချစ်ရမယ့်သူ မီးမှာ ရှိပြီဟုတွေးမိကာ ခြေထောက်များပျော့ခွေ‌၍ ဒူးချကာ ယောကျာ်းကြီးတန်မဲ့ ငိုနေခဲ့မိသည်။
          "ဒီးးးးးဒီးးးးးးး  အာ့ "
       ချွေးများရွှဲကာ မျက်ရည်များဖြင့်ဘုန်းမင်းခန့်နိုးထလာ‌ခဲ့သည်။ ဟမ် ငါအိမ်မက် နေခဲ့တာပေါ့၊တော်သေးတာပေါ့ မီးမီးက ငါ့ကိုတကယ်ငြင်းခဲ့တာမဟုတ်ဘူးဘဲ၊ဒါပေမယ့် တကယ်ငြင်းခဲ့ရင်ရော၊ မဖြစ်ရဘူး မီးကို ငါရအောင်ယူမယ်၊ငါ့အတွက်ဘဲ ဖြစ်ရမယ်။
          ရေချိုးခန်းထဲဝင်ကာ ရေပန်းဖွင့်ကာ ရေစက်မျာအောက်တွင် ခေါင်းကိုမော့၍ နံရံကို လက်ထောက်၍ မီးကိုကို့ အကြံ တကယ်ဖြစ်ဖို့မျော်လင့်တယ်ဟု တွေးကာ ရေ အောက်တွင် ငြိမ်သက်နေခဲ့သည်။
          " ဘာ......ကိုကို ဖျားနေတယ် ၊ဒါဆို ကိုကိုအိပ်ယာထဲနားနေ နော် ၊မီး လာခဲ့မယ်"
           ကိုကိုကတော့လေ ကြီးကောင်ကြီးမာနဲ့ဖျားနေတယ်တဲ့ မဖြစ်သေးပါဘူး ကြက်သားဆန်ပြုတ်ပြုတ်ပြီးသွားရမယ်။
     

အချစ်ဟူသည်Where stories live. Discover now