အချစ်ဟူသည်(၉)

9 0 0
                                    

                  ကိုကို သက်သာလား ဆိုသော အသံချိုလေးနဲ့ကျနော့်နဖူးကို လာထိသော မီးငယ်ရဲ့လက်ချောင်းလေးတေက ရင်ကိုနွေးထွေးလွန်းတယ်။ အချစ်ကို ဆိုတဲ့အရာက ဆန်းကြယ်လိုက်တာ အဖြူရောင်လိုသဘောထားပြီးချစ်တယ်လို့ထင်ခဲ့တယ် သူကိုကျ အရောင်စုံလင်စွာချစ်ခဲ့မိတယ်။

                   မကို လက်တွဲဖော်တစ်ယောက်လိုချစ်တယ်လို့ထင်ခဲ့ပေမယ့် မကို မိန်းမတစ်ယောက်မှာ ရှိသင့်ရှိထျုက်တဲ့အရည်ချင်းရှိလို့ သဘောကျတာထက်မပိုခဲ့ဘူး။မရယ် ကျနော်တောင်းပန်ပါတယ် မီးငယ်ကို ဆုံးရှုံးရရင်မောင်သေလိမ့်မယ်။

                   မီးမျက်နှာကို စိုက်ကြည့်ပြီးပြုံးသွားလိုက်မဲ့သွားလို့လုပ်နေသောကိုကို့ကို ‌တကယ် ဒေါသထွက်သည်။လူကစိတ်ပူနေတာ ကို သူက အတွေးနယ်လွန်နေသတဲ့။ကိုကို ဆိုပြီး အော် ခေါ်မှ ဘုန်းမင်းခန့် လန့်သွားက "ဗျာ" လို့ထူးလိုက်သည်။

                    ကိုကိုမှန်ပြောနော် ဘယ်သူ့အကြောင်းစဉ်းစားနေတာလည်း၊လို့မီးငယ်မျက်လုံးလေးပင့်ပြီးမေးလိုက်သည်။ဘယ်သူ့အကြောင်းမှမတွေးပါဘူး ဗျာ ဇိုင်းခတ္တာဆိုတဲ့အရူးမလေးအကြောင်းတွေးနေတာပါဗျ၊ ငယ်ငယ်တုန်းကဆို ‌ဂါဝန်လေးအမြဲဝတ်ပြီး အရုပ်လေးပိုက်တဲ့ချစ်စရာ‌ေကာင်းတဲ့ကလေးမ‌ေလးက၊ အခုကျတော့ အလှသွေးတွေ ပွင့်လန်းတဲ့အချိန်တောင်ရောက်နေပြီ။

                   မီးဘယ်လောက်ဘဲအသက်ကြီး ကို့ကို့ မီးငယ်လေးဘဲလုပ်မှာနော်။အဲ့တာဆိုရင်မရ ‌လောက်တော့ဘူး၊ မီးငယ်။ ဟင်   ဘာဖြစ်လို့လဲကိုကို၊ကိုကိုက မီးကိုမဖြစ်တော့ဘူးပေါ့။ ကိုကို က မီးလေးမွေးပြီးရင် မီးငယ်လို့နာမည်ပေးပြီး ကိုကို့ကလေးလေးလုပ်မလို့တွေးထားတာ။

                     အွန်းပေါ့၊ကို့ကို့ကလေး လောက်တော့ မီးငယ်ကိုဘယ်ချစ်ပါ့မလည်း။မီးအရမ်းဝယ်းနည်းတာဘဲ ကိုကိုနဲ့မဖြစ်နိုင်ဘူးဆိုတာ သိပေမယ့် ကိုကိုက သူမဟုတ်တဲ့အခြားတစ်ယောက်လကါထက်မှာသူ မကြည့်နိုင်ပေ၊ကြည့်နိုင်မယ့်ခွန်အားလည်းမရှိပေ။သူက အရာရာရှုံးနိမ့်ပြီးသားလူပါလား။အတွေးထဲမှာ မှာတင် ရင်မောနေမိတယ်။

                          ဒါပေမယ့်၊ကို့ကို့မှနည်းလမ်းရှိတယ်၊မီးငယ်ကိုကိုနဲ့လက်ထက်လိုက်လေ၊ ဒါဆိုကိုကိုက မီးငယ်ကြီးရယ်မီးငယ်လေးရယ်နှစ်ယောက်လုံးကိုတစ်ပြိုင်တည်းစောင့်ရှောက်နိုင်ပြီပေါ့။ ကိုကိုရင်ဘတ်ကိုဖွဖွလေးထုပြီး၊ ကိုကိုကလည်းအကောင်းမှတ်လို့နား‌ေထာင်နေတာ လာစနေတယ်၊မီးသွားတော့မယ်။ ကိုယ်သိတာပေါ့ကလေးရယ် မင်းကိုယ်မင်း မသန့်ရှင်းတော့ဘူးခံစားရလို့ ကိုယ့်ကိုလက်မခံတာ၊ကိုယ်နောက်ဆုံးလက်နက်ကိုသုံးပါရစေ။

          
                  

အချစ်ဟူသည်Where stories live. Discover now