11.8K 242 13
                                    

###

" တောက် ! ! ! ဒေါ်မြတ်သူဇာ ခင်များတော့ ကျုပ်နဲ့တွေ့တော့မယ် "

ခွမ်းး ခွမ်းး

ညနေခင်းမောင်အိမ်ယာနိုးသည်နှင့် ဘေးသို့စမ်းကြည့်လိုက်ရာထိုအမျိုးသမီးဟာမရှိတော့သည်ကြောင့် ဒေါသနဲ့ ဘေးရှိ အရာအားလုံးကို ရိုက်ခွဲနေလေသည်။ ထို့နောက်ကားသော့ကိုဆွဲကာထွက်လာမိသည်က အန်တီ့အိမ်ဆီသို့ ။

~~~

မြတ်တစ်ယောက်နိုးလာသည်နှင့်ခန္ဓာကိုယ်တစ်ခုလုံးကိုင်ရိုက်ထားသလိုပင် ။ သို့သော်လည်းအသံမထွက်ရဲ သူနိုးလာရင် မြတ်ကိုအဲ့လိုထပ်ဆက်ဆံနေရင်ဘယ်လိုလုပ်မလဲ ။ သူဝတ်ပေးထားသည့်အကျီတွေကိုချွတ်ကာ အလာတုန်းကဝတ်ခဲ့သည်များကိုသာ ပြန်ဝတ်လိုက်၏ ။ ကုတင်ဘေးရှိ မီးအိမ်ဘေးတွင်မြတ် ဖုန်းနှင့်ပိုက်ဆံအိတ် ၊ မယူတော့ဖို့စိတ်ကူးပေမဲ့လည်း ကားသော့ကပိုက်ဆံအိတ်ထဲတွင် သူနိုးမသွားဖို့သာ ဆုတောင်ပါရဲ့ ။ ကံကောင်း၍ သူမနိုးပေ မြတ်လည်းအမြန် ထိုအိမ်မှထွက်လာလိုက် ဒီအဖြစ်အပျက်ဟာ မြတ်ဘဝထဲရှိအကြီးမားဆုံးအိမ်မက်ဆိုးပင် ။ မသန့်စင်တော့သည့် ကိုယ့်ခန္ဓာကိုယ်အကြောင်းစဉ်းစားမိတော့ ဝမ်းနည်းမှုဟာ လှိုက်ခနဲပင်။ကျလုဆဲဆဲမျက်ရည်တွေကို ထိန်းကာ ကားမောင်းရင်းဖုန်းကိုဖွင့်ကြည့်လိုက်တော့ မေမေ့ဆီကရော ၊ကိုအောင်သုဆီကပါ မစ်ကောများစွာကိုတွေရသည်။ ကြည့်နေရင်ဖြင့် မေမေဆီမှ ဖုန်းထပ်ဝင်လာပြန်၏။ ထို့ကြောင့်ချက်ချင်းကိုင်လိုက်ကာ

" ဟယ်လို မေမေ "

" ဟုတ်ဟုတ် မြတ်ပြန်လာပါပြီ။ ဘားမဖြစ်ဘူးစိတ်မပူပါနဲ့ ။ ကိုအောင်သုကိုလည်း စိတ်မပူတော့ဖို့ပြောပေးပါ ။"

"ဟုတ်ဟုတ်မေမေ မြတ်ကားမောင်းနေလို့ ချလိုက်တော့မယ် အိမ်ရောက်မှတွေမယ်နော် "

ကိုအောင်သုကျော် စောင့်နေတယ်ဆိုတဲ့မေမေ့စကားကြောင့် အားနာမိပြန်သည်။ ကိုအောင်သုကျော်ဟာ မြတ်နဲ့ငယ်ငယ်ကထဲကစေ့စပ်ထားသည်ပင်။မြတ်လက်မထပ်ချင်သေးဘူးဆိုသည့်စကားကိုနားထောင်ကာ အခုချိန်ထိစေ့စပ်ထားရုံမျှသာ။ထိုထက်အဆင့်အတက်ဖူးပေ ။အခုတော့ ။

အပျိုကြီးနဲ့ရမ္မတ်Where stories live. Discover now