၁၅ the end

7.2K 74 8
                                    

###၁၅

" အ့...အွန်း..."

အိပ်ပျော်တစ်ဝတ်နိုးတစ်ဝတ်အနေအထားဖြစ်နေတာကြောင့် မြတ်ခန္ဓာကိုယ်အနှံ့ကို ထိတွေ့နေသော လက်အထိအတွေ့ကို အိပ်မက်လား၊တကယ်ဖြစ်နေသလားဆိုတာကို မြတ်မခွဲတတ်။

" အ့...နာတယ် "

ဂုတ်သားကို ဖိကိုက်ခံလိုက်ရမှသာ အိမ်မက်မဟုတ်ဘူးဆိုတာသတိထားမိကာ နာကျင်မှုကြောင့် အော်လိုက်မိသည်။အိပ်ယာနိုးနိုးချင်းဖြစ်တာကြောင့် အမြင်တွေဟာ မှုန်ဝါးနေခဲ့သည်။သို့သော် မြတ်ခန္ဓာကိုယ်မှာပြေးလွှားနေတဲ့ လက်တစ်ဖက်နှင့် မြတ်ရင်သားတစ်ဖက်ကို ဖိ‌ဆုတ်ထားသောနောက်လက်တစ်ဖက်၊ ကျောနောက်ဖက်မှ ရင်အုပ်ကျယ်ကျယ်၊လည်ဂုတ်သားမှာခံစားရတဲ့ စိုစွတ်စွတ်နာကျင်မှုနှင့်အတူ နူးညံ့သည့်နှုတ်ခမ်းအစုံ ကိုခံစားမိသည်။

" နိုးပြီလား? "

ဩရှရှနဲ့ တစ်မျိုးဆွဲဆောင်မှုဓာတ်တမျိုးပါနေတဲ့ မောင့်အသံနှင့်အတူ ‌အုပ်မိုးခံလိုက်ရသော မြတ်ခန္ဓာကိုယ်လေး။ထိုအခါ မြတ်ခန္ဓာကိုယ်မှာအနည်းငယ်လှုပ်သွားတာကြောင့် အောက်ပိုင်းမှာစူးကနဲ နာကျင်မှုကြောင့် မျက်နှာကလေးမဲ့ပစ်လိုက်မိသည်။

" အွင်း...သူများအိပ်နေတာကို..."

နှုတ်ခမ်းလေးဆူကာ မျက်စောင်းလေးထိုးနေသော အမျိုးသမီးရဲ့ချစ်စရာကောင်းပုံမှာ ဆွဲညှစ်ပစ်ချင်စရာပင်။အန်တီခန္ဓာကိုယ်ဟာ သေးသေးလေးရယ်ကြောင့် မောင့် အုပ်မိုးထားတဲ့ အခါပို၍သေးငယ်သွားဟန်။ညကမောင်ကိုက်ထားတဲ့ နီရဲရဲနှင့် သွေးထွက်နေသော အမှတ်အသားအချို့၊အနည်းငယ်ဆူနေတဲ့နှုတ်ခမ်းရဲရဲလေး ၊ နာကျင်သွားဟန်ဖြင့် မျက်နှာလေးရှုံမဲ့သွားဟန်မှာလည်းချစ်ဖို့ကောင်းပြန်တယ်လို့ပြောရင် ပိုလွန်းပြီလို့ထင်နေမလား ဒါပေမဲ့အတည် သောက်ရမ်းကို အသဲယားစရာကောင်းတာဗျာ။

မထိန်းနိုင်စွာ နှုတ်ခမ်းလေးကို ဖိကပ်ကာ နမ်းတော့ ကိုယ့်လည်တိုင်မှာ ချိတ်သွယ်လာတဲ့ လက်ဖြူဖြူလေးနှစ်ဖက်။အဲ့လောက်နမ်းတာတောင် အခုထိမနမ်းတတ်သေးတဲ့ မောင့်အန်တီပါလေ။ပါးစပ်ကိုလှုပ်နေသည်မှာသောက်ရမ်းကိုချစ်စရာကောင်းလွန်ပြန်သည်။

အပျိုကြီးနဲ့ရမ္မတ်Where stories live. Discover now