10.8K 172 1
                                    

###

မြတ်နိုးလာတော့ မှောင်နေပြီ ခေါင်းတွေဟာထိုးကိုက်နေကာ ခန္ဓာကိုယ်မှာလည်း မလှုပ်နိုင်အောင်ပင်။ရှူထုပ်လိုက်သောလေများဟာလည်းပူနွေးနေသည်ကြောင့် ဖျားနေသည်မှာအသေအချာပင်။ ထို့ကြောင့်အားယူထကာ အောက်ထပ်သို့ဆေးသောက်ရန်ဆင်းခဲ့သည်။။ထိုအခါ မီးဖိုးခန်းထဲမှ ရီသံနှင့်စကားပြောသံများကြားရသည်။ထိုအသံထိုအသံဟာ သက်ထားမောင်အသံပင် သူမပြန်သေးဘူးလား။ တရိပ်ရိပ်မူးနေသော ခေါင်းကို လျစ်လျူရှုကာ အမြန်သွားမိတော့ မြင်လိုက်ရသည့်မြင်ကွင်းကအံ့ဩစရာပင်။။မြတ်ကိုတောင်တနေ့တခါမပြုံးပြတတ်တဲ့မေမေက သက်ထားမောင်နဲ့စကားပြောနေသည်မှာပြုံးရွှင်လို့ မြတ်ဝင်လာတာကိုတောင်သတိမထားမိ ။ မြတ်ခနလေးအိပ်ပျော်သွားတာနဲ့ဘာတွေဖြစ်ကုန်ရတာလဲ။

" အန်တီမြတ် ဖျားနေတာဆိုဘာလို့ဆင်းခဲ့တာလဲ "

အိမ်ရှိအိမ်‌ေဖာ်ခေါ်ထားသော မိ‌ပိုထံမှ အသံဆူးဆူးကြောင့် မီးဖိုထဲရှိနှစ်ယောက်မှာ မြတ်ကိုသတိထားမိသွားကြတော့သည်။

" အန်တီဖျားနေတာကိုဘာလို့ဆင်းလာတာလဲ လာလာ အပေါ်ပြန်တက်ရအောင် "

မြတ်ကိုမြင်သည်နှင့်လက်မှဆွဲကာအိမ်ပေါ်ပြန်တက်ရန်ပြင်နေသော သက်ထားမောင်ကြောင့် ခေါင်းထဲမိုက်ကနဲဖြစ်သွားသည်။ ထိုအခါ သက်ထားမောင်သည် မေမေ့ရှေ့တွင်ပင်မရှောင် မြတ်ကို ဒူး‌အထက်မှမချီလိုက်သည်။

" ချ...ချပေး "

" နေမကောင်းနေတာကို သမီးငယ်ရယ် ချီခိုင်းလိုက်လမ်းလျှောက်နိုင်တာလဲမဟုတ်ပဲ "

အန်တီမေမေထံမှ စကားကိုကြားမှ ရုန်းကန်နေသည့်အန်တီဟာငြိမ်ကျသွားသည်။ မျက်နှာကလေးကတော့ရဲရဲနီလျက် မောင်ရင်ဘတ်ထဲအတင်းတိုးဝင်နေတော့သည်။

ကုတင်ပေါ်ချပေးလိုက်သည်နှင့် ဒေါင့်ကိုချက်ချင်းကပ်သွားသည့်အမျိုးသမီး။ ဟက် မသိရင်မောင်ကပဲမုဒိန်းကျင့်တော့မလို့ အယ် ဟုတ်တာပဲ မောင်ကမုဒိန်းကျင့်ထားတာပဲ ။ ကို့အတွေနဲ့ကိုရီလိုက်မိသည်။

" အန်တီခနစောင့်ဦး မောင်ဆန်ပြုတ်လေးပြုတ်ထားတယ် ပြီးရင်ဆေးသောက်ရအောင် "

အပျိုကြီးနဲ့ရမ္မတ်Where stories live. Discover now