အပိုင်း(၄)

111 8 2
                                    

“ကန်တင်းမသွားဘူးလား မင်းတို့က”
“သွားမှာလေ”
“ဘာလာဝင်လုပ်တာ ငါ့ရှိဒါဆို”
“မင်းကိုလာခေါတာပေါ့ဟ”
“သွားစရာရှိတာ မသွားကြပဲနဲ့အားအားယားယား
လာခေါာနေရတယ်လို့”
“ငါတို့က အမြဲအားယားနေတာကို”
“အေးလေ”
‌“မင်းကမလိုက်ဘူးလား”
“မလိုက်တော့ဘူး ငါတခြားသွားစရာနေရာလေးရှိလို့”
“ဘာလဲ ငါတို့ကိုတောင်မခေါာဘဲ ဘယ်သွားမှာ”
“ဒီနားလေးဝင်စရာရှိလို့ လိုက်လာဖို့လုံးဝမစဉ်းစားနဲ့နော် လုံးဝပဲ...”
ခွန်းခခ် သူ့သူငယ်ချင်းတွေကိုပြောရင်း အတန်းထဲကထွက်သွားတော့သည်။
“ငါတို့ကို ‌မောင်းထုတ်သွားတာလားဟ”
“အေးလေ”
“ရိုးရိုးမောင်းထုတ်တာမဟုတ်ဘူးဟေ့ ခွေးလိုမောင်းထုတ်သွားတာ ပိန်းတိန်းနှစ်ကောင်ရ”
ကောင်းကိုကိုလဲ ပြောရင်းအတန်းထဲက ထွက်သွားတော့သည်။
“အဲ့နှစ်ကောင်က ငါတို့ဆိုပြောဖို့ကြီးပဲ”
“မင်း အကိုနဲ့မင်းယောက်ဖလေအဲ့တာ”
“မင်းသူငယ်ချင်းတွေပဲမလား”
“မင်းနဲ့‌ ကောင်းကိုကို အမြွှာညီအကိုရင်းတွေလေ”
“အရင်း‌ တွေထက်တောင် သူငယ်ချင်းတွေကပိုခင်မင်ကြတယ် ဆိုတာ
မင်းမကြားဖူးဘူးလား”
“မင်းနဲ့ကရော သူငယ်ချင်းရောအကိုရောမဟုတ်လို့လား”
နှစ်ယောက်သား3စက္ကန့်လောက် ငြင်းနေရင်း‌လင်းဆက်မှအရှုံး‌ပေးလိုက်ရတော့သည်။
“‌လောကကြီးကငါ့အပေါာ‌တောင် ကွက်မတရားလိုက်တာ”
“လောကဓံဆိုတာ ဒါမျိုးပေါ့သားကြီးရာ”
“ဘာဓံမှမခံချင်တော့ဘူး သားကြီးရာ အချစ်ဓံပဲခံချင်တော့တယ်”
ကောင်းမောင်မောင်နဲ့လင်းဆက်ကတော့ နှစ်ယောက်သားစကားပြောရင်း အတန်းထဲမှထွက်သွားကြသည်။သူတို့လေးယောက်ထွက်သွားတော့မှပဲ အတန်းမှာပြန်ငြိမ်တတ်သွားတော့သည်။
ထိုချိန်အတန်းထဲမှာတော့ ‌ရှိန်းဇက်စ်နဲ့ရှင်းရာဇန်သာ ကျန်ခဲ့ကြသည်။
“ရှိန်းဇက်စ်မလားဗျ့ ဒီက”
“အာဟုတ်ပါတယ်”
“ကိုယ်က ရှင်းရာဇန်ပါ ရှင်းလို့ပဲခေါာပါ”
“ဟုတ်ကဲ့ဗျ့ ကိုရှင်းရာ”
“အရမ်းကြီးရိုသေစရာမလိုပါဘူးကွာ ရှင်းရာလို့လွတ်လွတ်လပ်လပ်ခေါာလို့ရပါတယ် မင်းကလဲ”
“တောင်းပန်ပါတယ်ဗျာ ကျနော်ကခေါာနေကျ မဟုတ်တော့ အကျင့်မရှိလို့ပါ”
“ဟားးးဟုတ်ပါပြိကွာ အခုတော့မင်းအဆင်ပြေသလိုခေါာပါ ကိုရှင်းဖြစ်ဖြစ်ကိုရှင်းရာပေါ့”
“အားနာမိပေမဲ့ ရှင်းတလုံးထဲကျ ကျနော်မခေါာတတ်လို့ ကိုရှင်းရာလို့ခေါာပါရစေ”
“အယ် မင်းကလဲဘာမဟုတ်တာလေးနဲ့ကိုအားနာစရာမလိုသလို မင်းအဆင်‌ပြေသလိုခေါာပါကိုယ့်ကို”
“ဟုတ်ကဲ့ပါဗျာ”
“ဒါနဲ့ ရှိန်းကခုမှ‌ ကျောင်းပြောင်းလာတာမလား”
“ဟုတ် ကိုရှင်းရာက‌‌ရော”
“ကိုယ်က ဒီကကျောင်းသားဟောင်းလေ”
“ဒါကြောင့်ကို ကိုရှင်းရာက ဒီကျောင်းနဲ့မစိမ်းနေတာကို”
“အဲ့လိုဆိုပါတော့”
ရှိန်းနဲ့ရှင်းရာတို့က တခဏလေးအတွင်းရင်းနှီးသွားကြသည်။ရှိန်းဇက်စ်အမြင်မှာတော့ ကိုရှင်းရာဟာ
နွေးထွေးမှုရှိပြိး အပြုံးချိုချိုလေးရှိသူတယောက်ပါ။ရှင်းရာက ဆက်ဆံရေးကောင်းတဲ့သူတ‌ယောက်ဖြစ်ပြိး အနေအေးသူတယောက်လို့ပင်ဆိုရမည်။
အနေအေးတာချင်းတူတာတောင် ခွန်းခခ် ကအထိမခံသူပင်ဖြစ်သည်။ဘာလုပ်လုပ် ခွန်းခခ်ထန်ပက်ထရာက မှန်ကန်သူဖြစ်ပြိး စောဒက တက်ခွင့်မရှိပေ။
ဒေါသထွက်လွယ်တဲ့ စိတ်ကြောင့်ကျောင်းသားအများစုက မခေါာရဲတဲ့အပြင် အရိပ်မြင်တာနဲ့ရှောင်ကြသည်။
ရှိန်းဇက်စ်ကသာလျှင် ခွန်းခခ် ဘေးနား ပထမဦးဆုံးထိုင်ဖူးသူသာဖြစ်သည်။
ညနေအတန်းဆင်းတဲ့အခါ~~
“မနက်ဖြန်မှ တွေ့မယ်ရှိန်းရေ”
“ဟုတ် ကိုရှင်းရာ”
အတန်းဆင်းတာကြောင့်နှုတ်ဆက်ရင်း
ရှိန်းဇက်စ်လဲအိမ်ပြန်ဖို့လုပ်သည်။
ရှိန်း‌ နေတဲ့ရပ်ကွက်သည်ကျောင်းရဲ့မနီးမဝေး၌ရှိသည်။ဘတ်စ်ကား စီးသွားလျှင် တမှတ်တိုင် လောက်ပဲရှိတာကြောင့် လမ်းလျှောက်ရင်တောင် 15မိနစ် လောက်ပဲကြာသည်။
ရှိန်းသည် အပြန်တွင်သူ့အဒေါာ မှာထားသောပါဆယ်ထုပ်များ ဝင်ယူဖို့သွားနေစဉ်~~
“နောက်နေ့ကျမှ ထပ်ဆော့ကြမယ်ကိုကြီးခွန်းခ်”
“အေး မင်းတို့လဲအိမ်ပဲပြန်ကြနော် ဘယ်ကိုမှလျှောက်မသွားနေနဲ့အုန်း”
“ဟုတ် ကိုကြီးခွန်းခခ်‌ တာ့တာ”
“တာ့တာ”
ထိုရှေ့က basketball ကွင်းထဲ ခွန်းခခ်ထန်နှင့်ကလေးများကစားနေတာကို တွေ့ခဲ့ရသည်။
ရှိန်းဇက်စ်ကတော့ကွင်းနဲ့မလှမ်းမကမ်းက‌နေရပ်ကြည့်နေခဲ့သည်။
“ကလေးတွေနဲ့ကျ တည့်သားပဲသူက”
ရှိန်းဇက်စ်တယောက် ရပ်ကြည့်နေတာကိုခွန်းခခ် သတိထားမိသွားခဲ့သည်။
“မင်းကပါဆယ်ပုံးတွေနဲ့ အဲ့မှာဘာလုပ်နေတာ”
ရှိန်းဇက်စ်လဲရုတ်တရက်ကြောင်သွားပြီး
“ကျနော်ကလား ကျနော်က အဒေါာ့ပါဆယ်တွေလာယူပေးတာ ဟိုဘက်လမ်းမှာနေတော့ ပြန်ရင်းလမ်းကြုံလာဝင်ယူ‌ နေတာပါ”
“အင်းဘာပဲဖြစ်ဖြစ် သွားစရာရှိတာသွား”
ရှိန်းဇက်စ်လဲ မခန့်သလိုခွန်းခခ်အပြုအမူ‌ ကြောင့်ဒေါသထွက်ပေမဲ့ လူတိုင်းကခွန်းခခ်လိုမဟုတ်ပေစိတ်ဖြင့်
"ငါဘာမဟုတ်တာလေးနဲ့ စကားမများသင့်ဘူး အဲ့လူအကြောင်းလဲမသိတာမဟုတ်ဘဲနဲ့"
“ဟုတ်ဗျ ကောင်းသောညနေခင်းဖြစ်ပါစေ ခွန်းခ်”
ခွန်းခခ်ကဘာမှပြန်မဖြေဘဲ ထပ်ကစားဖို့ပြင်သည်။
ထိုအချိန် ကွင်းထဲလူတစုထပ်ရောက်လာသည်။
ရှိန်းဇက်လဲပြန်ဖို့လုပ်နေရင်း ခွန်းခခ်ရှိဝင်လာတဲ့လူတစုကြောင့် ပြန်လှည့်ကြည့်မိခဲ့သည်။
“အားးဟား ဘယ်သူများလဲလို့ ငါတို့ကျောင်းကခွန်းခခ်ထန်ပက်ထရာကို”
ရှိန်းဇက်စ် သတိထားမိသွားသည် ထိုလူတွေက ခွန်းခခ်‌ကို စကားနာစထိုးနေသည်ကို တဖက်ကအများနဲ့မလို့ ခွန်းခခ်တယောက်ထဲ ယှဉ်လိုက်တဲ့အခါ မိမိအတန်းဖော် ထိခိုက်မည်စိုး၍ ခွန်းခခ်ကိုလှမ်းခေါာလိုက်သည်။
“ခွန်းခခ် အိမ်မပြန်သေးဘူးလား”
ခွန်းခခ်လဲ ရန်လာစသသည်ကိုသိ၍ မဖြစ်ချင်တာကြောင့်ရှောင်ထွက်ဖို့လုပ်သည်။
“‌‌အေးပြန်တော့မလို့..”
လှမ်းခေါာနေ‌တဲ့ရှိန်းဇက်စ်စိသွားဖို့လုပ်ရင်း
ထိုလူအုပ်ထဲက တယောက်မှ
“မင်းကိုမင်း ပက်ထရာပက်ထရာနဲ့ တအားကိုဟုတ်လှနေပြိထင်လား အပယ်ခံကအပယ်ခံလိုမနေဘူး”
လှောင်ပြုံးကြောင့် သည်းမခံနိုင်တဲ့အဆုံး
လက်ထဲတွင် ပိုက်ထားသော basketball ကိုအားပြင်းပြင်းဖြင့် ထိုလူ၏မျက်ခွက်တည့်တည့် ပစ်‌ပေးလိုက်သည်။
အားပြင်းတဲ့ပစ်ချက်ကြောင့် အပစ်ခံရတဲ့သူမှာ ဖင်ထိုင်ကျသွားတဲ့အပြင် နှာတံမှသွေးတစက်စက် ကျနေတော့သည်။ဘေးနားကသူ့လူများ လဲအလန့်တကြားဖြစ်သွားကြပြိး
“ငါ့လက်ထဲ basketball ပဲရှိသွားတာကံကောင်းတယ်မှတ်။ နောက်ဆို‌ငါ့နာမည် "ခွန်းခခ်ထန်ပက်ထရာ"ကိုမင်းတို့ ပါးစပ်ကထပ်မထွက်နိုင်အောင် လုပ်ပေးပစ်မယ်။မသေချင်ရင် ငါ့အရိပ်နားတောင်ယောင်လို့ လှည့်မကြည့်လိုက်နဲ့”ဆိုပြိး  နောက်တောင်လှည့်မကြည့်ဘဲ တည့်တည့်မတ်မတ် လှည့်ထွက်သွားသည်။
ခွန်းခခ်ထန်ပထရာရဲ့ဒေါသကို ပထမဆုံးမြင်ဖူးတဲ့ရှိန်းဇက်စ်အဖို့ တော်တော်လေးကိုလန့်ကြောက်စေခဲ့သလို လူတွေက သူတို့အထက်မှာရှိနေမှာမှ အတော့်ကိုကြောက်ရွံကြတယ်ဆိုတာကိုသူသိခဲ့ရတယ်။ကျောင်းသားအများစုပြောကြတဲ့ အနိုင်ကျင့်တတ်တဲ့ခွန်းခခ်ရဲ့အမှန်ပုံစံကို စနားလည်သွားခဲ့သည်။
"ခွန်းခခ်ကတကယ်တော့ ငါ့ထက်တောင်နားလည်ရခက်ပါလား"
ထိုမြင်ကွင်းကို အစအဆုံးသိနေခဲ့သူမှာ ရှိန်းဇက်စ် တယောက်ထဲမဟုတ်ပေ။
အဝေးတနေရာကနေ
“ခွန်းခခ်ထန် ခွန်းခခ်ထန်.. ဟားး
မင်းပုံစံနဲ့မတူလိုက်တာ။ဘာကြောင့်များပါလဲ
မင်းဘေးနားကကောင်လေးကြောင့်လား "ဟင်း.."သက်ပြင်းချသံဖြင့်
စိတ်ဝင်စားစရာပဲ... ”
ပြောရင်း ထိုလူကခွန်းခခ်တို့ကို‌ စောင့်ကြည့်ရင်း အ‌မှောင်ထဲသို့ တိုးဝင်သွားသည်။

Blue Light Where stories live. Discover now