နောက်တနေ့မနက်ခင်း၌
"ငါဒီနေ့ကျောင်းစောစော သွားရမယ်၊မနေ့ကခွန်းခခ်ရော အိမ်ကောင်းကောင်းပြန်ရောက်ရဲ့လားမသိဘူး
အဆက်အသွယ်ကလဲမရှိတော့ မေးလို့ကလဲမရ၊ပြန်ရောက်လောက်မှာပါ"
မနေ့ညနေကအဖြစ်အပျက်ပြိး ခွန်းခခ်ပုံစံကတည်ငြိမ်နေခဲ့သည်။စိတ်ဆိုးဒေါသထွက်မည့်ပုံစံကို
မြင်ရမယ်ထင်ရပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ ရှိန်းဇက်စ်၏ပါဆယ် အချို့ကိုကူသယ်ပေးခဲ့၍ လမ်းထိပ်ကိုပင် လိုက်ပို့ပေးခဲ့သေးသည်။
ခွန်းခခ်ရဲ့ ပုံစံကြောင့် လမ်းတလျှောက်လုံး စကားတခွန်းမှ ဘယ်သူ့ဘက်မှမစမိခဲ့ပေ။
“ကျေးဇူးပါ ကိုခွန်းခခ်”
“အင်း”
“အိမ်ကို ဂရုစိုက်ပြန်ပါ ခွန်းခခ်”
“အင်း”
အင်း တလုံးကလွဲ၍ပြန်မဖြေတဲ့ခွန်းခခ်ပုံစံကြောင့် ရှိန်းဇက်စ်စိတ်ခုနေခဲ့သည်။
ကျောင်းမသွားခင် မနက်စာဝိုင်း၌ စိတ်ခုနေတဲ့ ရှိန်းရဲ့မျက်နှာ မလန်းနေသည်ကို ရှိန်းရဲ့ဒေါာလေးငယ် သတိထားမိသွားသည်။
“ရှိန်း နင်မျက်နှာကဘာဖြစ်နေတာ”
“အမ်.. ဘာဖြစ်လို့လဲတီလေးငယ်.. တခုခုပေနေလို့လား”
ရှိန်းရဲ့ အလန့်တကြားပုံကြောင့် တီလေးငယ်ကရယ်မိသွားသည်။
“ရှိန်းရယ် စိတ်နဲ့လူနဲ့ရောကပ်ပါအုန်းဟ၊မျက်နှာမှာပေလို့ ပြောနေတာမဟုတ်ဘူး၊ဘာတွေတွေဝေနေတာ မနက်စောစီးစီး၊ကျောင်းက အဆင်မပြေလို့လား”
“အာ.. မဟုတ်ပါဘူးတီလေးငယ်၊ကျောင်းကအဆင်ပြေပါတယ်”
“ဒါဆို ဘာကိစ္စတုန်း၊ရည်စားကိစ္စလား၊ပြန်မကြိုက်လို့လားကောင်မလေးကငါ့ တူလေးကို”
“မဟုတ်ပါဘူး တီလေးငယ်ရာ၊ဘာမှမဖြစ်ပါဘူးသားက”
“မသိပါဘူး အငြင်းခံရလို့များလားလို့”
“တီလေးငယ် ကလဲဗျာ ကိုယ့်တူကိုအဲ့လိုအထင်သေးရတာလားဗျာ”
“အထင်သေးတာမဟုတ်ပါဘူး နင့်ကို၊ငါ့တူလေးမစွန်နေမှာဆိုးလို့ စိတ်ပူပေးနေရတာ”
“တီလေးငယ်ကတော့ဗျာ... ”
ရှိန်းလဲတီလေးငယ်နဲ့စကားပြောပြီးမှ စိတ်သက်သာရာရသွားတော့သည်။
“ကျောင်းကိုဂရုစိုက်သွားနော်ရှိန်း ဖိုက်တင်းငါတူလေးရေ”
“ဟုတ် တီလေးငယ် တာ့တာပါ”
“တာ့တာ ညနေကျ စောစောပြန်လာခဲ့နော်”
“ဟုတ် တီလေးငယ်”
ကျောင်းရောက်တဲ့အခါ သတင်းတခုကတော့တော်တော်လေးကို ကျောင်းသားများကြား ခေတ်ထအောင်ပြန့်နေတော့သည်။
“မနေ့က စိုင်းစိုင်းနဲ့ ခွန်းခခ်ထန် တို့ရန်ဖြစ်တာနင်တို့သိပြိးပြိလား”
“စိုင်းစိုင်းက ဒေးဗစ်လူမလား”
“ဒေးဗစ်လူဆိုပေမယ့် အမုန်းခံပြိးကာပေးပါ့မလားနင်ကလဲ”
“စိုင်းစိုင်းကို ခွန်းခခ်ထန်က လုပ်လိုက်တာကြားတယ်”
“ဟုတ်တယ်လေ ဘယ်တုန်းကခွန်းခခ် ခံလာရဖူးတာရှိလို့လဲ”
“ငါတော့ စိုင်းစိုင်းကိုကြည့်မရဘူး သူအာချောင်လို့ အလုပ်ခံရတာနေမှာပေါ့”
“ဟုတ်မှာပေါ့ ခွန်းခခ်က ဘလားကြီးလုပ်ပါ့မလား”
“အေးလေ...“
ကျောင်းသားအများစုက ခွန်းခခ်ဘက်ကတဖွဲ့ တချို့ကျောင်းသားများကတော့ ဒေးဗစ်ဆိုတဲ့ကျောင်းသားဘက်ကတဖွဲ့ အဖွဲ့နှစ်ဖွဲ့ကွဲနေခဲ့သည်။မနေ့ကရန်ပွဲမှာ မရှိသည့်ဒေးဗစ်ဆိုတဲ့သူသည် သူ့လူစိုင်းစိုင်းကြောင့် နာမည်ကိုကျော်နေတော့သည်။
ထိုအချိန်မှာပဲ~~
တဖက်စီလာနေရာကနေ မျက်နှာချင်းဆိုင်မှာစုံမိသွားတဲ့အဖွဲ့နှစ်ဖွဲ့၊ တဖက်မှာ ခွန်းခခ်ထန်တို့သူငယ်ချင်းအဖွဲ့၊တဖက်မှာကတော့ ဒေးဗစ်တို့ပင်ဖြစ်သည်။
ရန်ထပ်ဖြစ်မယ့်မြင်ကွင်း ကိုပိုမြင်ချင်တဲ့ကျောင်းသားများ စုလာတဲ့ပုံမှာ ရှိုးပွဲတခုထက်ပင်လူများလှသည်။
“စိုင်းစိုင်းက ခွန်းခခ်ကိုစကားလွန်သွားတယ်ကြားတယ်၊စိတ်ထဲမထားပါနဲ့ဗျာ၊စိုင်းစိုင်းက အစနောက်သန်တတ်တာ ခွန်းခခ်လဲသိရက်သားနဲ့”
ကျောင်းသားအားလုံးလဲ ထင်သလိုမမြင်ရတာကြောင့်အံဩသွားကြသည်။
“ခွန်းခခ်ကို တောင်းပန်လိုက်လေ စိုင်းစိုင်း ဘာလုပ်နေတာ”
“အင်း...စောတီး ငါစနောက်လွန်သွားလို့”
ခွန်းခခ်ကတော့ရွဲ့ပြုံး ပြုံးလိုက်သည်။
“ဒေးဗစ် မင်းကတာဝန်သိတတ်တဲ့သူတယောက်ပဲ”
“မှားနေရင်တော့အဲ့အမှားကိုဝန်ခံပြိး တောင်းပန်သင့်တာပေါ့ ခွန်းခခ်ပြောသလိုတာဝန်သိတတ်ရမှာပေါ့”
လက်ဖဝါးနှစ်ဖက်ကို အားရပါးရတီးလိုက်ပြိး
“ဖြောင်း...ဖြောင်း..”
“ကဲ...ဒါဆိုလဲ ဒီကတာဝန်သိတတ်တဲ့ဒေးဗစ်ရှိကလဲတောင်းပန်စကားလေးကြားရအုန်းမှာပေါ့ မဟုတ်ဘူးလား”
“ဒေးဗစ်လူပဲဟာကို တာဝန်တောင်သိတတ်တာ ဒူး လေးတော့ထောက်နိုင်မှာပေါ့”
“ငါတောင်းပန်ပါတယ် မင်းမကျေနပ်တာကငါလေ ဒေးဗစ်ကဒီကိစ္စနဲ့မှဘာမှမဆိုင်တာ”ဆိုပြိး စိုင်းစိုင်းကဒူးထောက်ပြိး ခွန်းခခ်ကိုတောင်းပန်နေတော့သည်။
ခွန်းခခ်ကတော့ပြုံးလိုက်ပြိး
တွေဝေရပ်နေတဲ့ ဒေးဗစ်ကိုကြည့်လိုက်ပြိး
ဒေးဗစ်၏ပခုံးကို တွန်းတိုက်လိုက်ကာ ခပ်မာမာလေသံဖြင့်
“တာဝန်သိတတ်တယ်ဆိုလားပဲ မင်းအဖေလိုခခယယနဲ့အမြီးနှံ့ နေတာကမှပိုဟုတ်အုန်းမယ် ဘုန်းတည်ငြိမ်း”ဆိုပြိးနားထဲစွဲအောင် အနီးကပ်လေးပြောသွားသည်။
ထိုအဖြစ်အပျက်ကို ရှိန်းဇက်စ်ကတော့ရပ်ကြည့်နေခဲ့ရုံအပြင် ဘာမှမတတ်နိုင်သလို ခွန်းခခ်ကတော့ကျောခိုင်းရင်း ထွက်သွားတော့တယ်။
မနေ့က အကြောင်းကိုသိနေသည့်ရှိန်းဇက်စ်ကသူ့အတန်းဖော်ရှင်းရာဇန်ကိုပြောပြလိုက်သည်။
“ခွန်းခခ်က ဘာလို့ မဆိုင်တဲ့သူကိုအပြစ်တင်သွားရတာလဲ၊အဲ့နေ့က ကျနော်လဲအဲ့မှာရှိနေတာကို ဒေးဗစ်ဆိုတဲ့ကျောင်းသားကအဲ့မှာမရှိဘူးလေ ကိုရှင်းရာ”
“ဟင်းးးမင်းကအဲ့တာကိုခေါာင်းထဲထည့်ထားတုန်း”
“အဲ့လို တော့မဟုတ်ပါဘူး ခုဟာက ခွန်းခခ်လုပ်တာလွန်တယ်လို့ကျနော်ထင်လို့ပါ”
“ရှိန်း မင်းပြောချင်တာကိုငါသိပါတယ်ကွာ စိတ်ထဲမထား နေနဲ့တော့ အဲ့ကိစ္စကို ဖြစ်တဲ့သူတွေတောင်မင်းလောက်မတွေးဘူး အရမ်းကြီးအတွေးမလွန်နဲ့ကောင်လေး”
ရှိန်းဇက်စ်လဲ အဲ့တော့မှ ဟုတ်သားပဲဖြစ်တယ့်သူတွေတောင်ဘာမှဖြစ်မနေတာကို ငါကတခုခုဆိုအရမ်းခေါာင်းထဲထည့်နေတော့တာပဲ။
“ဟုတ် ကိုရှင်းရာ”
“ဒါနဲ့ ဘယ်သွားမလို့တုန်းခုက”
“ခဏ လေညှင်းလေးသွားရှုလိုက်အုန်းမယ်ကိုရှင်းရာ”
“အော်အေး.. သွားလေ အတန်းပြန်တက်တဲ့ခါကျမှပြန်တွေ့မယ် ငါလဲlibrary မှာစာအုပ်သွားစရာလေးရှိသေးတယ်ကွာ”
“ဟုတ် ကိုရှင်းရာ နောက်မှတွေ့မယ်”
သူ့ဘေးနား၌ခုံလွတ်ဖြစ်နေတဲ့ ခွန်းခခ်ထန်ရဲ့ခုံလေးကိုကြည့်ရင်း
“....”
“ဘာလို့မဆိုင်တဲ့ကိစ္စကို လျှောက်တွေးနေတာရှိန်းဇက်စ်ရာ”
ဆိုတဲ့အတွေးနဲ့ လွယ်အိတ်ထဲက ဆေးလိပ်ဘူးထဲကျန်နေသေးတဲ့ဆေးလိပ်လေးတလိပ်နဲ့မီးခြစ်ကို ဘောင်းဘီအိတ်ထဲထည့်၍အတန်းထဲကထွက်သွားတော့သည်။
YOU ARE READING
Blue Light
Romanceဒီလောက်လှတဲ့ပြာလက်လက် မျက်လုံးစုံလှလှလေးကိုအကြည့်မလွှဲနိုင်တဲ့သူ ရှိပါ့မလားဗျာ ကျနော်အဲ့ကြောင့်အရမ်းသဝန်တိုရတာ ကိုကိုက အလှဆုံးဖြစ်နေလို့~~~💙