ပန်းရနံ့တွေလွှမ်းနေတဲ့ ဥယျာဉ်ကြီးဟာ အရောင်တွေစုံကာ လှပနေခဲ့သည်။
မျက်နှာကျက်အဖြူကြီးအောက်မှာ clover ပျော်ရွှင်ခြင်းလို့အဓိပ္ပာယ်ရတဲ့ပန်းလေးတွေရယ် ကျူးလစ်လေးတွေအရောင်စုံ ရဲရဲတောက်နေတဲ့အနီရောင်နှင်းဆီခင်းကြီးရယ် ပန်းတွေရဲ့ရနံ့ကလိပ်ပြာတွေကိုဆွဲဆောင်စေတယ်။တစုံတယောက်က ပျိုးထောင်ထားပေမဲ့ သဘာဝတိုင်းကိုလှရက်နေတဲ့ပန်းခင်းကြီးပင်ဖြစ်သည်။
“သခင်လေးခွန်းခခ် အားလုံးရောက်နေပါပြီ”
“အမ် ဖွားဖွားရောရောက်နေပြိလားဒါဆို”
“ဟုတ် သခင်လေး”
“ကြီးကြီးခင် ဒီခါနှင်းဆီပန်းတွေကပိုလှတယ်လို့မထင်ဘူးလား..”
“ဟုတ် သခင်လေးဒီခါပွင့်တဲ့နှင်းဆီတွေကအရောင်လဲအရင်ကထက်ပိုတောက်ပြိးတော့ အနံ့လဲတော်တော်သင်းပါတယ် ကျွန်မအထင်”
“ဟုတ်တယ်နော် ကြီးကြီးပြောသလို.."
“သခင်လေးက ဂရုတစိုက်အချိန်ပေးပြိး
ပျိုးခဲ့တာကို ဒီလိုမှမလှရက်နေရင်ဘယ်ဖြစ်ပါ့မလဲ”
“ဟဟ...အဲ့လိုကြောင့်များလား
မေမေသာဒီနှင်းဆီခင်းမြင်ရင် ဘယ်လောက်တောင်သဘောကျနေမလဲနော်”
“ဟုတ် သဘောကျနေမှာပါသခင်လေး”
“ဒါတွေကိုလက်ဆောင်ပေးသင့်လား
ကြီးကြီးခင်”
“သခင်လေး.. ”
ဒါကမှန်တယ့်အရာမဟုတ်သလိုမှားနေတဲ့အရာလဲမဟုတ်ပါဘူး။ခွန်းခခ်ကို ကျွန်မကခွန်းခခ်အမေမရှိ တော့ထဲက ဒုတိယအမေကိုယ်စားတယောက်လို စောင့်ရှောက်လာခဲ့ရတာပေမဲ့မိခင်လိုထက်သူ့ရဲ့ဘက်တော်သားဆိုလဲမမှားပါဘူး။ခွန်းခခ်ကဆိုးဝါးနေတဲ့အရာတွေကိုလဲလုပ်နေတာ သိရက်နေပြိးသားပါ။ဒါမဲ့ ကျွန်မကတော့ ချစ်တဲ့အကြည့်နဲ့ပဲအဲ့ကလေးလုပ်တဲ့အရာတွေက တခြားသူတွေကိုထိခိုက်မယ်ဆိုရင် အဲ့ကလေးကမှန်တယ်ဆိုပြိး ကျွန်မကရပ်တည်ပေးနိုင်မယ့်သူမျိုးပါ။တန်ဖိုးထားရတဲ့အရာကို တူတူဆုံးရှုံးလိုက်ရတဲ့အခါတည်ရှိနေတဲ့ကမ္ဘာငယ်လေးကဘယ်လောက်တောင်ပြိုလဲရလဲဆိုတာ ခွန်းခခ်နဲ့ကျွန်မက အသိဆုံးပါပဲ။
“ဘယ်လိုထင်လဲ ကြီးကြီး..”
“လက်ဆောင်ပေးရင်တော်တော်လိုက်ဖက်မယ်လို့ထင်ပါတယ် အထူးသဖြင့်သခင်လေးရွေးချယ်ထားတာမျိုးလေ ကျွန်မကိုအကြံပေးပါဆိုရင် လက်ခံပြီးသားဘက်ကလို့ပြောလို့ရပါတယ် သခင်လေး”
“ဟင်း.. ဒါဆိုကျွန်တော်ရွေးချယ်လိုက်တဲ့အရာကမကောင်းတဲ့အရာဆိုရင်တောင် လက်ခံပေးအုန်းမှာပေါ့”
“အဲ့လိုဖြစ်လာစရာမရှိပါဘူး သခင်လေး..
သခင်လေးလုပ်ရပ်တွေကခွဲခြားဖို့ မလိုတာမလို့ပါ”
“ကြီးကြီးခင် မမေ့ပါနဲ့ ဒီစကားကိုကြီးကြီးကိုယ်တိုင်ပြောထားတာကို ခွဲခြားဖို့မလိုဘူးဆိုတာကိုလေ.. ”
“ဟုတ်ကဲ့ပါ သခင်လေး”
“ဒါတွေကိုတော့ အခန်းထဲပို့ပေးထားပါ ကျွန်တော်လက်ဆောင်လေးသွားပေးလိုက်အုန်းမယ်...သိပ်မကြာတာမလို့ ဒိတိုင်းလေးပဲထားထားပေးပါ”
“ဟုတ်...သခင်လေး”
ခွန်းခခ်ကခူးထားတဲ့နှင်းဆီအချို့ကိုပိုက်ရင်း ဥယျာဉ်ထဲကထွက်သွားခဲ့သည်။
“ကြီးကြီးခင်.. ဒီနှင်းဆီတွေကို ကျွန်မတို့ သခင်လေးခွန်းခခ်ရဲ့အခန်းထဲမှာ သွားထားလိုက်ရမလား”
“မလိုဘူးခလေးမလေးတွေ ကြီးကြီးခင်ကိုပေးလိုက်ပါ”
“အမ်...ဟုတ်...ကြီးကြီးခင်”
“မင်းတို့လုပ်စရာရှိတာသွားလုပ်ကြတော့”
“ဟုတ်.. ဟုတ်ကဲ့”
>>>>
ဂျိတ်..!
တံခါးဖွင့်လိုက်သာနဲ့အပြိုင် နှင်းဆီရနံ့ဟာရေမွှေးလိုသင်းနေရော...
“အယ်.. ဖွားဖွား မြေးကိုစောင့်နေရတာကြာသွားလား”
“အိုကွယ် ဒီမြေးလေးကို ဖွားဖွားကစောင့်ရတာဘာများကြာတာမလို့လဲဒီဖွားဖွားကကျန်တဲ့တသက်လုံးတောင် စောင့်ဆိုစောင့်နိုင်ပါသေးတယ်”
“လာပါဦးအကောင်ကြီးကထွားလိုက်တာ ဖွားဖွားမြေးလေးက.. ”
“အရင်လိုမဟုတ်တော့ဘူးလေဗျာ သားကအရွယ်လောက်တာကိုဗျ့”
“အရွယ်ရောက်လာတော့ မြေးကဖွားဖွားထက်အရေးကြီးတာရှိလာပြိပေါ့.. ”
“အယ် သားကအရွယ်ပဲရောက်တာပါ ဖွားဖွားကိုချစ်တဲ့အချစ်တွေကတော့ပိုပိုလာတာပါနော် ဖွားဖွားရဲ့သား ဒယ်ဒီတောင်မမှီလောက်ဘူး”
“ဟလ်ဗင်.. ကျစ်.. ဒီကောင်ကငါ့တောင်မတွေ့ချင်ဘူးမလား”
“မဟုတ်တာ မေမေရယ်”
“အရင်တိုင်းပဲနင်ကတော့ ငါမြေးလောက်ကိုအသုံးမကျဘူး... ”
“....”
“ဟားးးဖွားဖွားကတော့ ဒယ်ဒီကိုစပြန်ပြိ”
သားအဖနှစ်ယောက်ကြားဆက်ဆံရေးက ပြိုင်ဘက်တွေလို့တောင်ပြောလို့ရသည်။သွေးသားအရတော်စပ်တာမလို့သာ ခွန်းခခ်ကမလွှဲသာလို့ ပတ်ဝန်းကျင်မှာဆိုဟန်ဆောင်ပေးရသည်။ခွန်းခခ်အတွက်ကတော့ ဟလ်ဗင်ခွန်းဆိုတဲ့နာမည်ကိုအသုံးချရုံလောက်ပါပဲ။ပြိုလဲသွားခဲ့ရင်တောင် ခွန်းခခ်ဂရုစိုက်မည့်အရာက ဟလ်ဗင်ခွန်းသူ့အဖေမဟုတ်ချေ။ဟလ်ဗင်ခွန်းပက်ထရာ ပက်ထရာဆိုတဲ့ဂုဏ်ပုဒ်နောက်ကချမ်းသာမှုပင်ဖြစ်သည်။
“ခွန်းခခ် မင်းစကားပြောစရာရှိတာတွေနောက်မှပြောလို့ရတယ် မင်းကိုလူကြီးတွေကစောင့်နေရတာ”
“ဟုတ်ကဲ့ပါ ဒယ်ဒီ..”
ထမင်းဝိုင်းကျယ်ကြီး၌သူ့အဖွားဘေးနားရှိခုံမှာ လျှင်မြန်စွာ ဝင်ထိုင်လိုက်သည်။
“အာဖွားဖွား သားကဖွားဖွားအတွက်လက်ဆောင်ပါလာတယ်..ဒီမှာ..”
“လှတယ်မလားဖွားဖွား..”
“အရောင်ကရဲပြိးစိုနေတာပဲ နှင်းဆီတွေကလှလိုက်တာ မြေးရယ်”
“ဟုတ်တယ် ဖွားဖွား ဒီခါဥယျာဉ်ထဲကပန်းတွေကပိုလှနေတာဖွားဖွားရောက်နေတာနဲ့အတော်ပဲ ဖွားဖွားကိုနှင်းဆီခင်းကြီးလိုက်ပြအုန်းမယ် တော်တော်လေးလှတာ ဖွားဖွား”
“ဟုတ်ပါပြိကွယ် ငါ့မြေးလေးကဒီလောက်တောင်ကြွားနေပုံရရင်တော်တော်လေးလှလို့ဖြစ်မယ်..”
“ဟိဟိ.. သားကလိုက်ပြချင်လို့ပါ.. ”
“ဒယ်ဒီ..ဒယ်ဒီရောဒီခါပန်းတွေသွားမကြည့်ဘူးလား ဘာလဲနှင်းဆီပန်းတွေကို သဘောမကျတော့ဘူးလား”
အမုန်းတရားတွေပျိုးထားတဲ့အကြည့်တွေနဲ့ ခွန်းခခ်ကသူ့အဖေကို မထိတထိ ခြိမ်းခြောက်သောလေသံဖြင့်မေးလိုက်သည်။ဟလ်ဗင်ခွန်းကတော့ သူ့သားရဲ့အကြည့်တွေကို အစထဲကကြိုသိနေပြီးသားခဲ့ပါ။
ဖခင်တယောက်အတွက်တော့ သားဖြစ်သူရဲ့ထိုအကြည့်တွေဟာ တကယ်ကို့ပူလောင်စေတာတော့အမှန်ပါပဲ။
“မင်းပြောနေပုံအရတော့တခါလောက်တော့သွားကြည့်လိုက်ပါ့အုန်းမယ်”
“အင်း ဟုတ်တယ် သွားကြည့်သင့်တယ်
အန်တီဒေစီရာနဲ့တူတူလေ... ”
ဒေစီရာဆိုတဲ့အမျိုးသမီးကတော့ခွန်းခခ်၏မိထွေး ပင်ဖြစ်သည်။ခွန်းခခ်သိပ်မုန်းသည့် ပက်ထရာထဲကတယောက်ပင်ဖြစ်သည်။ဒေစီရာဆိုတဲ့အမျိုးသမီးနှင့်ရှင်းရာဇန်ဆိုတဲ့သူမ၏သားကြောင့် ခွန်းခခ်ကမ္ဘာငယ်လေးကပျောက်ကွယ်ခဲ့ရသည်ဟု ခွန်းခခ်စိတ်ထဲတမုချ အမုန်းတရားကိုစွဲလန်းနေခဲ့သည်။ကံတရားကြောင့် လူကြီးတွေရဲ့အငြိုးတရားတွေဟာ ခွန်းခခ်အပေါာရောတခြားပက်ထရာမိသားစုဝင်တွေအပေါာမှာပါ ဒဏ်ပြန်ရိုက်ခတ်ခဲ့သည်။ထိုရိုက်ခတ်မှုကိုလဲ အားလုံးကိုယ်စီကြိတ်မှိတ်ခံစားခဲ့ရတာပေါ့။
“အန်တီဒေစီရာ သိလားအရင်ကဆို ပက်ထရာအိမ်ကြီးကလေ နှင်းဆီရနံ့တွေကအကာအကွယ်တခုလိုလွှမ်းခြုံနေတာကို.. ”
အတိတ်ဆိုးတခုကိုသတိပြန်ပေးနေသည့် ခွန်းခခ်ရဲ့တွန်းအားကြောင့် ဒေစီရာ တုန်လှုပ်နေခဲ့သည်။ဒါမဲ့ရှင်းရာဇန်ကတော့သူ့အမေဘေးနားအမြဲမားမားမတ်မတ်နဲ့ရပ်တည်ပေးခဲ့သည်။ထိုကြောင့်လဲ ဖအေတူမအေကွဲ ညီမလေးဖြစ်သူနော်ရာအပေါာတော့မေတ္တာရှိပေမဲ့ ရှင်းရာရဲ့ကာစီးကာစီးလုပ်ရပ်ကြောင့်ရန်သူတယောက်လိုပင်မုန်းတီးနေခဲ့သည်။
တုန်လှုပ်နေတဲ့ဒေစီရာကို သူ့အမေကိုရှင်းရာကကြည့်လိုက်ပြိး သူ့အမေလက်ကလေးကိုကိုင်ကာ
“တရက်လောက်သွားကြည့်ကြမလားမေမေ"
“သားရယ် ညီမလေးရယ် မေမေနဲ့အတူတူပေါ့”
ဒေစီရာသည်ထိုအခါမှ တည်ငြိမ်သွားပြိး
“အင်း သွားကြည့်ကြတာပေါ့ရှင်းရာ”
သားအမိနှစ်ယောက်ဟာ တယောက်ပေါာတယောက်နွေးထွေးနေတဲ့ အပြုံးတွေကိုမြင်ရတဲ့ခွန်းခခ်အပေါာတော့ စက်ဆုပ်စရာမြင်ကွင်းတခုအဖြစ် ပင်မပိုပေ။
YOU ARE READING
Blue Light
Romanceဒီလောက်လှတဲ့ပြာလက်လက် မျက်လုံးစုံလှလှလေးကိုအကြည့်မလွှဲနိုင်တဲ့သူ ရှိပါ့မလားဗျာ ကျနော်အဲ့ကြောင့်အရမ်းသဝန်တိုရတာ ကိုကိုက အလှဆုံးဖြစ်နေလို့~~~💙