အပိုင္း (၁၃)

1K 69 6
                                    

Unicode

Butterfly Effects 3

တံခါးပိတ်သွားမှ တုန်တုန်ယင်ယင်နဲ့ အခန်းရှေ့မှာ ထိုင်ချလိုက်မိတော့တာပဲ။ တစ်လျှောက်လုံး ပိပိရိရိနဲ့ လိမ်ညာခဲ့ပြီး ဆွဲထားခဲ့သမျှ တစ်ချက်လေးနဲ့ အကုန်ပေါ်သွားရတာပဲ။ ဒီပုံအတိုင်းဆို ပုံနရိပ်မင်းက သူမကိုလမ်းခွဲတော့မှာလား။ ဟင့်အင်း..မဖြစ်ရဘူး၊ ပုံနရိပ်မင်းက သူမနဲ့လက်ထပ်မှကိုဖြစ်မှာ အဲ့တာမှ ဝေးလွင့်အနားကိုရောက်မသွားမှာ။

သူမ အမြဲတစ်ဖက်သတ်ငေးနေခဲ့ရတဲ့ လဝန်းလေးက အမြဲတမ်း ပင်လယ်ပြင်ကိုပဲ ငုံ့ကြည့်နေခဲ့တာ။ ပင်လယ်ပြင်လို ငြိမ်သက်နေတတ်ပေမဲ့ လှိုင်းထန်ရင် ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တာက ပုံနရိပ်မင်း။ သူတို့မျက်လုံးတွေချင်း စကားပြောခဲ့ကြတယ်။ အများအမြင်မှာတော့ သူတို့ချစ်ကြိုးသွယ်နေတာလို့ ထင်ကောင်းထင်လိမ့်မယ်။ လက်တွေ့မှာတော့ နှစ်ယောက်လုံးက အကြောင်းအရာတစ်ခုထဲကိုပဲ တွေးနေခဲ့ကြတာ။

"မင်းကဘာလို့ ဝေးလွင့်အနားမှာ တွယ်ကပ်နေရတာလဲ!?"

သူမသိပ်ချစ်ရတဲ့ ဝေးလွင့်က ယောင်္ကျားချင်းကြိုက်တဲ့ဂေးလေ။ ဒါပေမဲ့ သူသိပ်ချစ်ပါတယ်ဆိုတဲ့ ယောင်္ကျားက သူ့ကိုရဲရဲကြီးချစ်လိုက်ဖို့ သတ္တိမရှိဘူး၊ ဝေ့လည်ကြောင်ပတ် ကလေးအတွေးနဲ့ သူမအနားကိုချဉ်းကပ်တယ်။ ထိုယောင်္ကျားမှမဟုတ်ရင် ဘယ်သူမှမဖြစ်ဘူးဆိုတဲ့ ဝေးလွင့်အတွက် သူမ အတ္တနဲ့လက်ဆောင်တစ်ခုပေးဖြစ်တယ်။ သူချစ်တဲ့ယောင်္ကျားကို အနားမှာထားပြီး ဝေးလွင့်ရဲ့စိတ်တွေ သူမအပေါ်လိုတာထက်ပိုပြီး ဖွင့်ပေးလာအောင်ပါ။

ပုံနရိပ်မင်းကလည်း ဝေးလွင့်ချစ်သလိုမျိုး ချစ်နေတယ်။ ဒါကိုသူမ လက်မခံပေးနိုင်ဘူး။ ပုံနရိပ်မင်းကိုသာ သူရအောင်ယူနိုင်ရင် ဝေးလွင့်က ဘဝကိုတစ်ယောက်ထဲရှင်သန်သွားတော့မှာ သူမသိသားပဲ။ ဝေးလွင့်က အချစ်ကြီးတယ်လေ။ သူမလည်းအချစ်ကြီးတာပဲ သူမနဲ့မှမဟုတ်ရင် ဘယ်သူနဲ့မှ ဝေးလွင့်ကိုတွဲ မမြင်ချင်ဘူး။

အရာအားလုံးက အစီစဉ်တကျဖြစ်နေခဲ့တယ်ထင်ပေမဲ့လည်း သူတို့ဖောက်ပြန်ခဲ့ကြတယ်။ ဒါတွေကို နှစ်နဲ့ချီမသိရအောင် သူမက ငတုံးမဟုတ်ဘူးလေ။ သိသိရက်နဲ့ မသိချင်ယောင်ဆောင်ခဲ့ပေးတာ အားလုံးက ဝေးလွင့်ကို ချစ်တဲ့စိတ်တစ်ခုထဲနဲ့ပဲ။ ဝေးလွင့်က ဘယ်လိုဖြစ်တည်မှုမျိုးပဲ ဖြစ်နေပါစေ သူမလက်ခံပေးမယ်။ တစ်ခုပဲ တခြားဘယ်သူနဲ့မှ ဝေးလွင့်ကိုတွဲမမြင်နိုင်ဘူး၊ ယောင်္ကျားဖြစ်စေ မိန်းမဖြစ်စေ။ ဝေးလွင့်ကို အနားမှာမထားနိုင်မှတော့ သူချစ်တဲ့ယောင်္ကျားကို ဆွဲထားပြီးတော့ပဲဖြစ်ဖြစ်။

Beautiful Adultery (ေခတၱရပ္နား/ခေတ္တရပ်နား)Where stories live. Discover now