Chapter 1

342 34 14
                                    

လွန်ခဲ့သောနှစ်ပေါင်းများစွာဆီသို့..

ည​နေဘက်ကောင်းကင်ကြီးကညို့မှိုင်းနေပြီး
လုံးဝနှစ်သက်ဖွယ်ရာမကောင်းတဲ့နေ့တစ်နေ့..။

"ဒီအချိန် ဟိုအကောင်တွေ အတွက်အချိန်ကောင်းပဲ.."

ကိုယ့်ဘာကိုတိုးတိုးလေး ​​ရေရွတ်လိုက်ပြီး ဗီရိုထဲက Jacket အနက်ရောင်အရှည် တစ်ထည်ကို ဆွဲဝတ်ပြီး အပြင်ထွက်လာခဲ့သည်..။

အပြင်မှာတော့ လူတွေကို စီနေတာပဲ..

အင်း..ဘာမှမဖြစ်ဖို့ပဲဆုတောင်းရတော့မှာပေါ့..။

အိမ်ကထွက်လာပြီး မြို့လယ်ခေါင်ရဲ့ cafeဆိုင်လေးမှာ ဝင်ပြီး အခြေအနေစောင့်ကြည့်​နေသည်..။

ဒီလိုမျိုးနေရမှာ တာဝန်ပဲမလား...။

ခုနကပြောတဲ့ အကောင်ဆိုတာ vampire တွေလေ.. အဲ့ကောင်တွေက ဒီလိုအချိန်ဆို အပြင်ထွက်လာကြပြီ.. အရင်ကတော့ဒီနေရာကို သူတို့လုပ်ချင်တိုင်းလုပ်လို့ရပြီး ခြယ်လှယ်လို့ရတယ်ဆိုပေမဲ့ အခုတော့ vampire အရေအတွက်က နည်းလာပြီး အရင်ကလို နေလို့မရတော့ပဲ ပုန်းကွယ်နေရတယ်..။ နောက်ထပ် အကြောင်းအရင်တစ်ခုက ကျွန်တော်တို့ မျိုးနွယ်တွေ ပိုစည်းလုံးလာလို့..။

ဒီတိုင်းပြောရင် နည်းနည်းရူပ်မှာတော့သေချာတယ်..ဒါပေမဲ့လည်းပြောရမှာပဲ..။

အခု vampire မျိုးနွယ်တွေက အ​ရေအတွက် နည်းသထက်နည်းလာပြီး အသေပျောက်လည်း နည်းလာကြတယ် လူတွေကြားမှာ ပုန်းကွယ်ပြီး နေနေရတာရယ် နေရောက်ခြည်ထိ လို့မရတာရယ်နဲ့ပေါင်းပြီး ညဘက်ကြမှ အပြင်ထွက်လေ့ရှိကြတယ် နောက်ပြီး ကျွန်တော်တို့မျိုးနွယ် တစ်နည်းအားဖြင့် ကာကွယ်သူတွေပေါ့.. ကျွန်တော်တို့က အမြဲ vampire တွေကို စောင့်ကြည့်ပြီး သတ်ရတယ်..။ သတ်ရတယ်ဆိုတာ သာမန်လူတွေ မလုပ်နိုင်ပေမဲ့ ကာကွယ်သူ မျိုးနွယ်တွေကတော့ လုပ်နိုင်တယ်..။ မျိုးနွယ်စုကသုံးစုရှိပြီး သာမန်လူရယ် ကာကွယ်သူရယ် ဗန်ပိုင်းယားရယ်ဆိုပြီရှိတယ်..။ အဲ့ထဲမှာမှ အခုချိန်မှာ သာမန်လူတွေ များလာပြီး သူတို့ရဲ့ ခေတ်လိုပုံစံပေါ့..။ အနည်းဆုံးကတော့ ဗန်ပိုင်းယားလို့ပြောရင် ပိုမှန်မယ်ထင်တယ် သူတို့က နှစ်တွေအကြာကြီးနေ နိုင်တာကြောင့် မျိုးမပွားကြဘူး ဒါကြောင့်လည်း ပါတယ်..။ နောက်ပြီး အသတ်ခံရတာရော..။

𝗕𝗟𝗢𝗢𝗗𝗬 𝗙𝗔𝗧𝗘(𝖲𝖴𝖭𝖲𝖴𝖭)Where stories live. Discover now