နေရောင်ခြည် အလင်းတန်းတွေနဲ့ သာသာယာယာမနက်ခင်း တစ်ခု..
အိပ်ရာထဲမှာ လူးလိမ့်ရင်း ညီးတွားသံတစ်ခု ပြုလုပ်မိလိုက်တယ်..။
ညတုန်းက 4နာရီလောက်ကျတော့ အိပ်ပျော်သွားတယ်လေ
အခုတောင် 10နာရီလောက်ရှိပြီထင်တယ်..။ အမြဲစောစောထတဲ့ ကျွန်တော်က အခုတော့ 10လောက်မှ နိုးတော့တယ်..။
"ဟူး.."
သက်ပြင်းတစ်ချက်ချပြီး အိပ်ရာထဲက ထဖို့ ပြင်လိုက်သည်..။
နောက်ရေချိုးခန်းထဲကိုဦးတည်ပြီး မြန်မြန်ပဲ ကိုယ်လက်သန့်စင်လိုက်သည်..။
မြန်မြန်ပဲ ကိုယ်လက်သန့်စင်ပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်..။
"ဆောနူ..နိုးပြီလား"
"နိုးပါပြီ"
"ဒါဆို မင်းမနက်စာဘာစားမလဲ"
"အပြင်မှာပဲစားလိုက်မယ်အမေ.."
"အေးအေး ဒါဆိုလည်းသွား"
ကျွန်တော့်ကို အမြဲနားလည်ပေးတဲ့အမေ့ကို တကယ်ကျေးဇူးတင်မိတာအမှန်..
အခုတောင် အိပ်ရာထဘာလို့ နောက်ကြတာလဲလို့ မမေးဘူးလေ..ဒါကြောင့် နားလည်ပေးတယ်လို့ပြောတာ..။
အပေါ်ထပ်ပြန်တက်ပြီး အပေါ်ထပ်အကျီ တစ်ထည်ဝတ်လိုက်သည်..။ နောက်ပြီး မနက်စာစားဖို့အတွက် ထွက်လာခဲ့လိုက်သည်..။
ဒီအချိန်က vampire တွေမရှိတဲ့ အချိန်မို့ အေးအေးဆေးဆေးနေလို့ရတယ်လေ ညကျမှသာ..။
ရှည်ရှည်ဝေးဝေးသွားမနေတော့ဘဲ ဒီအနီးနားကcafeဆိုင်တစ်ချိန်မှာပဲ ဝင်ထိုင်လိုက်တယ်.. ဒီဆိုင်ကလူလည်းရှင်းတယ်..ဒါပေမဲ့ တစ်ခါတစ်လေမှ လာဖြစ်တာ..။
"Waiter! normal တစ်ခွက် နဲ့ ပေါင်မုန့်ကြက်ဥကြော်တစ်ပွဲ"
Waiterကိုလှမ်းပြောလိုက်ပြီး စားပွဲခုံပေါ်မှာ တင်ထားတဲ့ သတင်းစာကို ယူဖတ်လိုက်သည်..။
သတင်းတွေအားလုံးကတော့ ပုံမှန်ပါပဲ လူသေတဲ့ဆိုတဲ့ သတင်းမရှိဘူး..။တော်သေးတာပေါ့..
"ရပါပြီ.."
ကော်ဖီနဲ့မုန့်လာချပေးသည်..။