အမြင်တစ်ခုလုံး မှောင်မဲနေပြီး ဘာကိုမှ ထိတွေ့လို့မရဘူး..။
ဒါဘယ်လိုခံစားချက်ကြီးလဲ..။
မမြင်ရတဲ့လက်နဲ့ လိုက်စမ်းကြည့်လည်း နေရာတစ်ခုလုံးက လေဟာပြင် ပမာ..။
တစ်ခြားဘက်ကိုလမ်းလျှောက်ပြီး သွားကြည့်ပေမဲ့ မြင်ကွင်းတစ်ခုလုံးမှောင်မဲနေတာ
ကြောင့်..အရာအားလုံး အချီးနှီး..။ဒါမှမဟုတ်..
ဒါမှမဟုတ်..ငါသေသွားတာများလား..။
Oh..Gosh..!မဖြစ်ဘူးနော်..ငါ့မှာ လုပ်စရာအလုပ်တွေအများကြီးရှိသေးတယ်..။
ငါvampireတွေကို မျိုးဖြုတ်ပစ်ရဦးမယ်..။
ငါ့မိသားစုကိုလည်း စောင့်ရှောက်ရဦးမယ်..။
လူတွေအေးအေးချမ်းချမ်း နေရဖို့အတွက် အလုပ်တွေ အများကြီးလည်း လုပ်ပေးရဦးမယ်..။
တကယ်သေသွားတာ သာဆိုရင်..
ဘဝတစ်ခုလုံး ရေစုန်မျောပြီ..
"ဟူး.."
သက်ပြင်းကျယ်ကျယ်တစ်ချက် ချလိုက်ပြီး ကိုယ့်စိတ်ကို ကိုယ်ပြန်စုစည်း နေလိုက်တယ်..။
ဒေါသထွက်လို့မဖြစ်ဘူး..။
ဒါပေမဲ့..သေသွားတာ မဟုတ်လောက်ရင်ကော..?
ဒီတိုင်းပဲ..ငါရဲ့ တစ်ဖက်သတ် အတွေး အခေါ်လဲဖြစ်နိုင်တာပဲ..။
ဒီလိုပဲ ဖြစ်လောက်မှာပါ..။
ဒီတိုင်း ခဏလောက် စောင့်ကြည့်လိုက်တာ ပေါ့..။
ကိုယ့်ဘာကို တွေးချင်ရာတွေး ထင်ချင်ရာထင်နေတဲ့ အဲ့ဒီ့အချိန်..။
ခန္ဓာကိုယ်ပေါ်ကို ကျရောက်လာတဲ့ အလင်းတန်း တစ်ခု..။ အရမ်းလင်းထိန်နေပြီး အပေါ်ဘက်က လာတဲ့ပုံစံမျိုး..။
အဲ့ဒါက နည်းနည်း ခပ်ဝေးဝေးမှာ ရှိနေပေမဲ့..သွားလို့ ရလောက်တယ်..။
ချက်ချင်း ဆက်ခနဲထရပ်လိုက်ပြီး..။
"ouch!"
အစက အမှောင်ထဲမှာ ရှိနေခဲ့ရလို့ အလင်းရောင်ကိုတောင် သေချာမကြည့်နိုင်..။လက်နဲ့ တက်နိုင်သလောက် မျက်လုံးကိုကာထားလိုက်ပြီး..။
ဆက်လျှောက်သွားလိုက်တယ်..။