"ဆောင်းဟွန်း.."
အမှောင်ထဲက ဆောင်းဟွန်းအရမ်းသဘောကျရဲ့တဲ့ ချိုချိုမြမြအသံလေး..။
"အမေ.."
ဒီအသံကို မကြားခဲ့ရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ..။ဆောင်းဟွန်း ချက်ချင်းပဲ အမေ့ဆီပြေးသွားပြီး ဖက်လိုက်သည်..။
ဆောင်းဟွန်း၏အမေကလည်း အပြုံးလှလှလေးဖြင့် ရင်ဘက်ထဲမှာ ရှိတဲ့ ဆောင်းဟွန်း ဆံပင်လှလှလေးကို လက်ဖြင့် ပွတ်သတ်ပေးနေသည်..။
"တကယ်ပြန်လာတာလား..ဟင်..အမေ.."
ဆောင်းဟွန်းမှာ ရင်ဘက်ထဲက ခဏရုန်းပြီး မျက်လုံးချင်းစုံကာမေးစေသည်..။သို့ပေမဲ့ သူ့ဆီက စကားလုံးကတော့ ဆောင်းဟွန်းကို ဓားနဲ့ ထိုးလိုက်သလို ရင်ထဲကနာကျင်ရသည်..။
"အမေက သေပြီးသွားပြီလေ သားရယ်.. ဘယ်လိုလုပ်ပြန်လာနိုင်တော့မှာလဲ"
"ဒါပေမဲ့..ဒါပေမဲ့..နည်းလမ်းမရှိဘူးလား..နည်းလမ်းတစ်ခုခုတော့ရှိရမှာမလား"
မျှော်လင့်တကြီးကြည့်နေတဲ့ဆောင်းဟွန်းကို ပြုံးပြုံးလေးပဲ ခေါင်းခါပြလိုက်သည်..။
မဖြစ်နိုင်တဲ့ မေးခွန်းတွေ မေးနေတာကို..။
ဆောင်းဟွန်း မျက်အိမ်များ မခိုင်တော့ပါ..။
သူ့ကိုယ်သူတောင် မသိလိုက်ဘဲ မျက်ရည်များတဖန် ထွက်ကြလာခဲ့ပြန်သည်..။
"ဆောင်းဟွန်း..သား သန်မာရမယ် ဘယ်သူ့ကိုမှ မသတ်ဘဲ ဘယ်သူ့ကိုမှ အညှိးမထားဘဲ သန်မာရမယ် သားက တကယ်ကြင်နာတတ်တဲ့သူ တစ်ယောက် ဗန်ပိုင်းယားတစ်ယောက်ဖြစ်နေရင်တောင် လူအတိုင်းအပေါ်ကောင်းပေးနိုင်တယ်ဆိုတာ အမေယုံကြည်တယ် သား အခုလမ်းပျောက်နေပြီ ဆိုတာ အမေသိလို့ လာခဲ့တာ ဆောင်းဟွန်း အရာအားလုံးကို စွန့်လွှတ်လိုက်တော့ သားက ဒီထပ်ပိုပြီး ထိုက်တန်တဲ့သူပါ"
ဆောင်းဟွန်း တိတ်ဆိတ်နေခဲ့ပြန်သည်..။
သူ့အတွက် အကောင်းဆုံးဖြစ်ရာကို ရွေးပေးခဲ့တဲ့ သူ့အမေကိုလည်း ကျေးဇူးတင်ချင်မိသည်..။
သို့ပေမဲ့ ထင်သလောက်မလွယ်လှ..။
ဟူး..တစ်ခုခုကို ဆုံးဖြတ်ရတော့မယ်..။