နေမင်းကြီးက မှန်တံခါးကိုထိုးဖောက်ဝင်ရောက်ကာ အိပ်ပျော်နေသော Jisung ကို သတိပေးဟန်ဖြင့် နှိုးယူနေ၏။
အအိပ်ဆတ်သော Jisung မှာတော့ ပျင်းရိမနေတော့ပဲ အိပ်ယာမှထ၍ အလုပ်သို့သွားရန်ပြင်ဆင်ရသည်။ ခေါင်းအစခြေအဆုံးအေးမြသွားအောင် ရေချိုးလိုက်ပြီးမှ အဖြူရောင်တီရှပ်ကိုဝတ်ဆင်ပြီး အပြာနုရောင် suit ဖြင့်တွဲဖက်ဝတ်ထားသည်မှာ လူငယ်ဆန်ပေမဲ့ ရင့်ကျက်သောအသွင်ကိုဆောင်သည်။
အလုပ်ကိုသွားရန် အကုန်ပြင်ဆင်ပြီးမှ
Jisung သတိရသွားတာက ကား...။မနေ့က လူမှုရေးနားမလည်တဲ့အရူးကြောင့်
သူ့ရဲ့ကား သုံးစားမရအောင်ပျက်စီးသွားပြီး
ကားသင်္ချွုင်းကိုရောက်ခါနီးနီးပုံစံတောင်ဖြစ်သွားသည်။ဒါကို အသိတရားမရှိတဲ့ကောင်စုတ်က ယဉ်ကျေးမှုပါမရှိပြန်ပါ။
"ကျစ်! အဲဒီ့လူမှုရေးနားမလည်တဲ့ကောင်ကြောင့်
ငါလည်း အသက်တိုရတော့မယ်"စိတ်ညစ်ညစ်နှင့် ငြီးငြူရင်း ဒီနေ့တော့ yongbok ကိုလာခေါ်ဖို့ဖုန်းဆက်ရမည်။ Lee yongbok ကလည်းတွေ့ရင် ဗျစ်တောက်ဗျစ်တောက်လုပ်ဦးမှာ အသေအချာ။ Jisung နေရာမှာတင်ထိုင်ငိုချလိုက်ချင်၏။
______________________
"ကောင်းသော မနက်ခင်းပါ CEO"
Company ကိုရောက်တာနဲ့ တွေ့သမျှဝန်ထမ်းများအားလုံးက အရိုအသေပေးကာ နှုတ်ဆက်ကြသည်။
"အင်း တာဝန်ကျေလိုက်ကြပါဦး"
"ဟုတ်ကဲ့ပါရှင့်"
Jisung ရုံးခန်းကိုရောက်တော့ လက်မှတ်ထိုးစရာဖိုင်များက စုပြုံလို့နေသည်။
"ဒါတွေအကုန် စီစစ်ပြီးသားတွေလား"
သူ့အမေးကို ဘေးနားမှ အတွင်းရေးမှူးဖြစ်သူက ပြန်ဖြေသည်။
"ဟုတ်ပါတယ် CEO
လက်မှတ်ထိုးဖို့ပဲလိုပါတော့တယ်ရှင့်""ဟုတ်ပြီ။ နောက်နာရီဝက်နေမှ ပြန်လာယူလိုက်ပါ"
"ဟုတ်ကဲ့"
အတွင်းရေးမှူးမလေး ထွက်သွားတာနဲ့ ဖိုင်တွေကြားထဲမျက်နှာအပ်ကာ လုပ်ရတော့သည်။

YOU ARE READING
Mr. Han
أدب الهواةစောင့်ကြည့်နေလိုက်ပါ မင်းကကျွန်တော့် အပိုင်ဖြစ်လာစေရမယ် Mr. Han _ Kim SeungMin _