CEO ရဲ့ရုံးခန်းအတွင်း အသက်၂၀ ဝန်းကျင်ကောင်လေးနှင့် စီအီးအိုဖြစ်သူ Mr.Han တို့မှာ ဆိုဖာတွင် မျက်နှာချင်းဆိုင်ထိုင်လျက် အကြည့်ချင်းစစ်တိုက်နေကြ၏။
ဂနာမငြိမ်တဲ့အကြည့်တို့နဲ့ကောင်လေးမှာ အမြင်ကပ်စရာကောင်းလောက်အောင် စပ်ဖြီးဖြီးလုပ်နေပြီး ထိုကောင်လေးကို ဝါးစားမတက်ကြည့်နေသော Jisung မှာလည်း တရှူးရှူးတရှဲရှဲဖြင့် ဒေါသကြောင့် မျက်နှာတို့မှာနီရဲနေချေပြီ။
"မင်းက တကယ်ပဲ သူဌေးဂင်မ်ရဲ့သားလား"
မယုံသင်္ကာဖြစ်ခြင်းမဟုတ်ပဲ သိသိရက်နဲ့ထပ်ပြီး မေးလာသော Jisung ကြောင့် SeungMin ပါးစပ်မှလေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
"ခင်ဗျားမယုံရင် ကျွန်တော့်အဖေကိုပြန်ခေါ်ပေးရမလား"
"ကျစ်! မင်းစကားပြောတာဆင်ခြင်ပါ
Kim SeungMin။ ငါကမင်းထပ်ကြီးတယ်""Oh sorry... ကျွန်တော်က
ခင်ဗျားကိုဘယ်လိုခေါ်ရမလဲမသိလို့လေ။
ပြီးတော့ ကိုယ့်ထက်ကြီးတဲ့လူကို ကိုကိုခေါ်ချင်ပေမဲ့...""တော်တော့... Hyungလို့ပဲခေါ်"
သူ့ရဲ့ စကားကြောင့် Jisung မျက်နှာ၌ ချယ်ရီရောင်သန်းလာသည်ကို SeungMin မြင်လိုက်ပါသေးသည်။
"Mr.Han ?"
"Hum.."
"Mr.Han လေ ကျွန်တော်က ခင်ဗျားကို Mr.Han လို့ခေါ်မယ်။ ဘယ်လိုလဲ"
"ခေါ်ချင်သလိုသာခေါ်တော့"
သူ့ထပ် ၆နှစ်လောက်ငယ်တဲ့ ကောင်လေးက
သူ့ကို ခေါ်ရမည့်နာမ်စားနဲ့မသင့်တော်ပေမဲ့
ပြောရင် ပိုပိုပြီးဆိုးတဲ့ နာမည်တွေရလာမှာစိုးတာကြောင့် လက်ခံရန်သာရှိတော့သည်။"ဟုတ်ပြီ ကျေးဇူး Mr.Han"
"ဒါနဲ့ သူဌေးဂင်မ်ပြောတဲ့ ကိစ္စကိုမင်းဘက်က ကြည်ကြည်ဖြူဖြူ လက်ခံတာသေချာလား"
"လက်ခံလို့ ဒီကိုရောက်နေတာပေါ့"
"ဟုတ်ပြီ။ ဒါဆို မင်းငါ့စကားသေချာနားထောင်ရမယ်။ မင်းကို ဒီကဌာနတစ်ခုမှာ အလုပ်သင်ခန့်ပေးမယ်။ ရုံးလာချိန်နဲ့ ရုံးဆင်းချိန်မှာ ငါနဲ့အတူသွားလာရမယ်.."

YOU ARE READING
Mr. Han
Fanfictionစောင့်ကြည့်နေလိုက်ပါ မင်းကကျွန်တော့် အပိုင်ဖြစ်လာစေရမယ် Mr. Han _ Kim SeungMin _