အချိန်က ညနေ၅နာရီကျော်နေပြီဖြစ်သည်။
မနက်က ရုန်းရှင်းဆန်ခက်ဖြစ်စဉ်အပြီး Mr Han ကဌာနမှူးဆိုတဲ့ကောင်းကို ထူတွဲ၍ ဆေးရုံလိုက်ပို့ပေးတယ်ဆိုပြီး ထွက်သွားတာ ရုံးဆင်းချိန်အထိပါ ရောက်မလာချေ။
တစ်ချို့ဌာနတွေက အလုပ်တောင်ဆင်းသွားကြပြီပေမဲ့ ပြဿနာတက်ထားသော အရောင်းဌာနမှာတော့ တစ်ယောက်စနှစ်ယောက်စရှိနေသေး၏။ မနက်ကတည်းက သူ့လုပ်ရပ်အပြီး မည်သူကမှ သူနှင့်အတွေ့မခံတော့ပေ။ အားလုံးက Mr Han အတိုင်းသူ့ကိုပြုမှုကြ၏။
SeungMin ဖုန်းကိုယူကာ hyunjin ဆီဖုန်းဆက်၍ လာကြိုရန်ပြောရသည်။ သူ့မှာကားမှမပါပဲ။
Hyunjin ကိုစောင့်နေစဉ် company ကိုပြန်ရောက်လာသော အတွင်းရေးမှုးဂင်မ်နှင့်ဆုံသည်။
"အတွင်းရေးမှူးဂင်မ် Mr Han အိမ်ပြန်သွားပြီလားဗျ"
"အော်...CEO ကဆေးရုံမှာပဲရှိပါသေးတယ်
ဌာနမှူးရဲ့မိသားစုနဲ့ စကားပြောနေတုန်းပဲ
SeungMin အိမ်ပြန်ဖို့အဆင်ပြေရဲ့လား
အစ်မလိုက်ပို့ပေးရမလား""အာ...ရပါတယ် အတွင်းရေးမှူးဂင်မ်
ကျွန်တော် သူငယ်ချင်းကိုခေါ်ထားပါတယ်""အင်း ဒါဆို အစ်မလည်း
ပစ္စည်းတွေသိမ်းပြီးပြန်တော့မယ်။
မနက်က ကိစ္စအတွက် သိပ်စိတ်မပူပါနဲ့
CEO ကကောင်းကောင်းဖြေရှင်းပေးနေပါတယ်
သူ့ကိုတော့ သေချာစကားပြောကြည့်လိုက်ဦးပေါ့""ဟုတ်ကဲ့ ပြောပြပေးလို့ကျေးဇူးတင်ပါတယ်"
"အင်း အင်း။ ဒါဆိုအစ်မသွားပြီနော်"
အတွင်းရေးမှူးဂင်မ်ပြန်သွားပြီး သိပ်မကြာခင်မှာပဲ
Hyunjin ရောက်လာခဲ့သည်။သူ့ရဲ့ပြိုင်ကားအနက်ပေါ်တက်ပြီး ဖြစ်သလို လျော့တိလျောရဲထိုင်လိုက်တော့ hyunjin ကအံ့ဩသလိုလေးကြည့်သည်။
"လင်ပူမိနေတာလား ချင်းဂု"
"သောက်ရေးမပါတာတွေ မပြောပါနဲ့လား"
အက်ရှနေသော အသံကြောင့် စနောက်ဖို့ကြံရွယ်နေသော hyunjin ရဲ့အတွေးတို့က လေထဲမှာတင်ရပ်တန့်သွားရ၏။

YOU ARE READING
Mr. Han
Fanfictionစောင့်ကြည့်နေလိုက်ပါ မင်းကကျွန်တော့် အပိုင်ဖြစ်လာစေရမယ် Mr. Han _ Kim SeungMin _