SeungMin အိမ်ကိုပြန်ရောက်တာနှင့် ကားကိုရောချကာ အပေါ်ထပ်သို့သာ ဦးတည်သွားလိုက်သည်။
"ဘယ်ကိုသွားတာမို့လို့ အခုမှအိမ်ပြန်ရောက်ရတာလဲ"
ခြေလှမ်းတွေက တုံ့ဆိုင်းသွားစဉ် အနားကိုလျှောက်လာသော လူကြီးလေးကိုလှည့်ကြည့်လိုက်တော့ စိတ်တွေကရှုပ်ထွေးလာရသည်။
နေ့လယ်ကတည်းက SeungMin စိတ်တွေ အဆင်ပြေနေတာမှမဟုတ်ပဲ။
"အဲ့တာ Mr Han နဲ့မဆိုင်ဘူးထင်တာပဲ"
"ဒီမှာ အခုအချိန်မှာ ငါကမင်းရဲ့အုပ်ထိန်းသူအဖြစ်ရှိနေတာနော် SeungMin"
"အဲ့တော့ ကျွန်တော်ဘယ်သွားတယ် ဘာစားတယ် ဘာတွေလုပ်တယ်ကအစ အစီရင်ခံနေရမှာလား"
"အဲ့တာကဖြစ်သင့်တယ်ထင်တာပဲ"
"ကောင်းပြီလေ ဒါဆိုကျွန်တော်ကရော
ခင်ဗျားအကြောင်းသိလို့ရတယ်မလား!"ပြောနေရင်းမှ ဒေါသရောယှက်လာသော
SeungMin ၏အသံကြောင့် Jisung မျက်နှာပျက်ယွင်းသွားရသည်။သူဘာလို့ ဒေါသထွက်နေရတာလဲ။
"ယဉ်ကျေးမှုမရှိလိုက်တာ"
"ဟက်! ယဉ်ကျေးမှုမရှိတဲ့ကောင်ပဲ
ခင်ဗျားအဖက်လုပ်စရာမှမလိုတာ
အဲဒီက ရာထူးကြီးကြီး ပုခုံးဖက်ပေါင်းလို့ရတဲ့
အဆင့်အတန်းနဲ့ကောင်ကိုပဲ ခင်ဗျားမျက်စိကျမှာပေါ့!"ထိုမျှသာပြောပြီး အပေါ်ထပ်သို့ ဒုန်းစိုင်းတက်သွားသူကြောင့် Jisung မှာကြောင်အမ်းလျက်သာ ကျန်နေခဲ့တော့သည်။
"ဘာကိစ္စကြောင့် အဲလောက်ဆက်ဆက်ထိမခံဖြစ်နေရတာလဲ"
စိတ်ညစ်စွာရေရွတ်လိုက်ရင်း ပြင်ဆင်ထားသော
ညစာတွေကို သူတစ်ယောက်တည်းသာ စားနှင့်နေလိုက်တော့သည်။အဲဒီက ယဉ်ကျေးမှုမရှိတဲ့ အရိုင်းအစိုင်းလေးက
ဒေါသထွက်နေတာကြောင့် ထမင်းအတူစားဖို့မခေါ်ချင်ပါ။ သူတို့နှစ်ယောက်လုံးအတွက် အေးရာအကြောင်းဖြစ်သာနေချင်သည်။____________________
SeungMin အခန်းထဲရောက်တာနှင့် စိတ်မကြည်သောကြောင့် ရေချိုး၍ခေါင်းပါလျှော်ပစ်လိုက်သည်။

YOU ARE READING
Mr. Han
Fanfictionစောင့်ကြည့်နေလိုက်ပါ မင်းကကျွန်တော့် အပိုင်ဖြစ်လာစေရမယ် Mr. Han _ Kim SeungMin _