စာအရမ်းကြိုးစားတဲ့အီဟီဆွန်းဟာ အိမ်မှာသားအကြီးဆုံးဖြစ်ပြီး မိဘတွေအားကိုးရတဲ့သားလေးတစ်ယောက်လည်းဖြစ်၍ အရမ်းကိုလိမ္မာပြီးရိုးသားတော့အဖေကရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ သူလုပ်ခိုင်းတာကိုပဲလုပ်ရတာပေါ့...။
ငယ်ငယ်လေးကတည်းကကျောင်းဆရာဖြစ်ချင်တဲ့အိပ်မက်ရှိခဲ့ပေမဲ့ သူ့အဖေကတော့ထိုအလုပ်ကိုမလုပ်စေချင်ပဲ ပိုက်ဆံအရမ်းမက်ပြီးသူကိုယ်တိုင်ကလည်းစီးပွားရေးလုပ်နေတာကြောင့်ဆရာဆိုတဲ့အလုပ်ကဘာမှကောင်းတာမဟုတ်ဘူးဆိုပြီးအပြင်းအထန်ကန့်ကွက်ခဲ့တော့တယ်...။
ထိုအရာကိုဟီဆွန်းကသိပေမဲ့လည်း သူ့အဖေကိုအရမ်းချစ်တာကြောင့်ဘာဆိုဘာမှပြန်မပြောခဲ့ဘူးပေါ့...။
ဒါကြောင့်လည်း ဟီဆွန်းကသူမတက်ချင်တဲ့စီးပွားရေးသင်တန်းတွေကိုတက်ခဲ့ရပြီး အချိန်တိုင်းကတစ်ခါလာလည်းစီးပွားရေး၊တစ်ခါလာလည်းစီးပွားရေးနဲ့အက်ကြောင်းထပ်နေခဲ့တာပေါ့။
တစ်နေ့ကျတော့ဟီဆွန်းတို့အိမ်ဆီလူ
တစ်ယောက်ရောက်လာခဲ့ပြီး တံခါးကိုခေါက်လိုက်တော့ဟီဆွန်းရဲ့အမေလည်းတံခါးကိုဖွင့်လိုက်တော့တယ်...။"ဘာများအလိုရှိလို့လဲကွဲ့?"
"မင်္ဂလာပါအန်တီအထဲကိုဝင်လို့ရမလားဗျ?" ဆိုပြီးမေးနေချိန်ဟီဆွန်းအဖေကရောက်လာကာ
"ဘယ်သူရောက်နေတာလဲ?"
"မသိဘူးဖေကြီး"
"ဘယ်သူလဲကွဲ့?"
"မင်္ဂလာပါဗျ ကျွန်တော်ဦးလေးတို့သားကိုကမ်းလှမ်းစရာလေးရှိလို့ပါဗျအထဲဝင်ခဲ့လို့ရမလားဗျာ?"
"အော် ဝင်ခဲ့လေရတယ်" ဆိုပြီးဝင်ခွင့်ပေးလိုက်၍ ထိုလူလည်းအထဲကိုဝင်ခဲ့တာပေါ့...။
"ထိုင်ပါ အအေးတို့ဘာတို့သောက်ဦးမလား?"
"ရပါတယ်ဦးလေး စကားခနပြောပြီးရင်ပြန်မှာပါဗျ" ဆိုပြီးခုံမှာထိုင်လိုက်ကာ
"ကျွန်တော်ကELSCကျောင်းကနေရောက်လာခဲ့တာပါဗျ သိလားတော့မသိ
ပေမဲ့ဒီကျောင်းပါဗျ" ဆိုပြီးသူတို့ရဲ့ကျောင်းပုံကိုပြလိုက်ကာ
YOU ARE READING
One night one kiss💋 ✓ || Heeki🦌🐥
Fanfiction"ဒီကနေအဝေးဆုံးတစ်နေရာကိုဆရာ့ကိုခေါ်ထုတ်သွားပေးမယ်..."