Part-6

180 17 30
                                    

ဟီဆွန်းကအရင်နိုးလာပြီးသူ့ရင်ခွင်ထဲမှာအိပ်နေတဲ့နီခီကိုနိုးမှာစိုးလို့ဖြည်းဖြည်းချင်းထကာ လိုက်ကာကိုထဖွင့်တာပေါ့...။

နီခီကနားပါးတော့နိုးသွားပြီး ဟီဆွန်းအနောက်ကနေလှမ်းဖက်လိုက်ကာ

"အော်?နိုးလာတာလား?အိပ်တာမဟုတ်ဘူး"

"နီခီ့ကိုအရမ်းမယုံပါနဲ့"

"အော်?"

"အရမ်းမယုံပါနဲ့လို့"

"ဘာဖြစ်လို့လဲ?"

"မသေချာဘူးကျွန်တော်က" ဆိုပြီးဖက်နေရင်းကနေထထွက်သွားတော့တယ်...။

ဟီဆွန်းလည်းကြောင်သွားပြီး ဘာပြောသွားမှန်းမသိတော့သွားတိုက်ဆေးနဲ့မျက်နှာသစ်ဆေးကိုထုတ်ကာ

"မျက်နှာသစ်ရအောင်လေ" ဆိုပြီးအော်ခေါ်လိုက်တော့ နီခီကသူ့အခန်းဘက်ကိုဝင်သွားတာပေါ့...။

ရုတ်တရက်ထူးဆန်းသွားတဲ့နီခီကြောင့်ဟီဆွန်းလည်းကြောင်နေကာ ခနနေတော့ဟီဆွန်းအခန်းထဲကိုသူ့သွားတိုက်တံတို့ဘာတို့နဲ့ပြန်ရောက်လာတော့တယ်...။

အတူတူရေချိုးခန်းထဲဝင်ပြီးသွားတိုက်၊မျက်နှာသစ်ကြကာ မနက်စာကိုလည်းဟိုတယ်မှာတူတူစားကြတာပေါ့...။

ဒီနေ့ကခရီးစဉ်ဒုတိယနေ့ဆိုတော့လည်ပတ်စရာနေရာတွေအများကြီးသွားစရာရှိတာပေါ့...။

ဒီလိုနဲ့မနက်၁၀နာရီလောက်ရောက်တော့အားလုံးကားပေါ်တက်ကြပြီး ဂျပန်ရဲ့အထင်ကရနေရာတွေကိုသွားလေ့လာကာ
နီခီကတော့မျက်နှာမကောင်းနေခဲ့ဘူးပေါ့...။

ဖုန်းထဲလည်းစာတွေတောက်လျှောက်ဝင်နေပြီးနီခီကထိုစာတွေကိုခိုးခိုးဖတ်ကာ လည်ပတ်နေရင်းနဲ့ကိုဖုန်းတွေဘာတွေလည်းသွားပြောနေရင်ပြောနေခဲ့တာပေါ့...။

ဟီဆွန်းကလည်းနီခီပြောင်းလဲနေတာကိုရိပ်မိလာပြီး စိတ်ထဲလည်းကြောက်စိတ်တွေပြည့်နှက်လာခဲ့တော့တယ်...။

လျှောက်လည်ပြီးတော့ညနေစောင်းလောက်ကျဟီဆွန်းကပင်ပန်းနေတာနဲ့အခန်းထဲမှာအနားယူနေချိန် အပြင်ဘက်ကအသံတစ်ခုခုကိုကြားတော့ ထွက်ကြည့်လိုက်တာပေါ့...။

One night one kiss💋 ✓ || Heeki🦌🐥Where stories live. Discover now