Part-7(THE END💕)

324 18 18
                                    

"နောက်တစ်ခါပါပဲ နောက်တစ်ခါပဲအခွင့်အရေးပေးပါ" ဆိုပြီးပါးကိုကိုင်ပြီးအတင်းနမ်းမလို့လုပ်တော့ဟီဆွန်းကအတင်းဖယ်၍

"မင်းလည်းငါ့အဖေနဲ့အတူတူပဲ ဖယ်လို့" ဆိုပြီးအတင်းရှောင်ပေမဲ့နီခီကအတင်းနမ်းတော့နမ်းမိသွားတာပေါ့...။

အသေစုပ်နမ်းပြီးရုန်းထွက်လို့မရအောင်ခါးကနေဆွဲသိမ်းထားကာ ဟီဆွန်းလည်းမတတ်နိုင်တဲ့အဆုံးပြန်နမ်းခဲ့တော့တယ်...။

နှစ်ယောက်လုံးရဲ့မျက်ရည်တွေကစီးကျနေခဲ့ပြီး ခနကြာတော့ပန်းခြံထဲကခုံတစ်ခုမှာထိုင်နေကာ

"ပြော သူနဲ့နေမှာလား?ငါနဲ့နေမှာလား?"

"သေချာပေါက်ဆရာနဲ့ပဲပေါ့"

"ဘာလို့လဲ?"

"ကျွန်တော်ဆရာ့ကိုချစ်လို့ အစကတော့ကျွန်တော်မှားမှန်းသိပါတယ် ပြောပြရမယ်ဆိုရင်..." ဆိုပြီးနောက်ကြောင်းပြန်တော့ ထိုကောင်မလေးကနီခီနဲ့ငယ်ရည်းစားတွေဖြစ်ခဲ့တာ‌ပေါ့...။

ဒါပေမဲ့နီခီလည်းကိုးရီးယားပြန်ကောခနတာလမ်းခွဲလိုက်ကြပြီး ဂျပန်ရောက်လာတာကိုသိသွားတော့ဟီဆွန်းအခန်းထဲမှာနေတဲ့ညက

"ပြန်တွဲရအောင်" ဆိုပြီးထိုကောင်မလေးကစာပို့လာခဲ့တော့တယ်...။

ထိုအချိန်မှာဟီဆွန်းကအိပ်ပျော်နေပြီးနီခီကမနက်လည်းကျကော အဲ့လိုစကားတွေထပြောနဲ့ထူးဆန်းတွေဖြစ်ကုန်တော့တာပေါ့...။

သူအရမ်းချစ်ခဲ့တဲ့ကောင်မလေးဖြစ်ခဲ့တာကြောင့်စိတ်ပြန်ယိုင်သွားတဲ့သဘောပေါ့...။

အဲ့နေ့ညကသူ့ဟိုတယ်ကိုသိပြီးကောင်မလေးကရောက်လာခဲ့ပေမဲ့ အမှောင်ထဲမှာနမ်းခဲ့တာမဟုတ်ဘဲကောင်မလေးကနမ်းဖို့တဲတဲလေးအချိန် နီခီကတားလိုက်ပါတယ်...။

"ငါယောက်ျားလေးတစ်ယောက်နဲ့အိပ်ခဲ့တယ်ဟီရာ"

"အော်???"

"ငါသူ့ကိုပဲချစ်တယ်ဟီရာ မင်းမရှိတဲ့အတောအတွင်းငါသိလိုက်ရတာကငါညီမလေးတစ်ယောက်ထက်မပိုခဲ့ဘူးဆိုတာပဲ"

One night one kiss💋 ✓ || Heeki🦌🐥Where stories live. Discover now