Part-3

225 24 20
                                    

နားချိန်လည်းရောက်ကောကျောင်းသား/သူတို့ကအခန်းထဲကထွက်သွားကြပြီး နီခီလည်းသူ့သူငယ်ချင်း‌နဲ့အတူတူထွက်သွားတော့ ဟီဆွန်းတစ်ယောက်အနောက်ကနေလိုက်လာကာ

"ခန" ဆိုပြီးအော်လိုက်တော့နီခီ‌ကလှည့်ကြည့်လိုက်တာပေါ့...။

"ဟို...တစ်နေရာမှာ?ဆရာတို့တွေ့ဖူးကြလား?" ဆိုပြီးမေးလိုက်တော့သူ့သူငယ်ချင်းကနီခီပခုံးကိုပုတ်လိုက်ပြီး

"ပြီးရင်အားကစားကွင်းကိုလာခဲ့လိုက်နော်" ဆိုပြီးဟီဆွန်းကိုလည်းခေါင်းညွှတ်နှုတ်ဆက်သွားကာထွက်သွားတော့တယ်...။

"မတွေ့ဖူးဘူးဗျ ဘာဖြစ်လို့လဲဆရာ?"

"အော်?ဟုတ်လား?အော်အေး လူမှားတာပဲဖြစ်မှာပါ"

"ဒါဆို" ဆိုပြီးခေါင်းညွတ်နှုတ်ဆက်ပြီးအားကစားကွင်းကိုထွက်သွားလေရဲ့...။

"ဒီအပြုံးနဲ့ဒီခြေသံကိုအရမ်းရင်းနှီးနေသလိုပဲ" ဆိုပြီးတွေးနေကာ

"ထားလိုက်ပါတော့" ဆိုပြီးဆရာ/ဆရာမနားနေခန်းထဲဝင်သွားတော့တယ်...။

ညနေကျောင်းဆင်းချိန်ကိုရောက်လာတော့ ဆရာ/ဆရာမတွေအားလုံးကပြန်သွားကြပြီး ဟီဆွန်းကနောက်ဆုံးအချိန်သင်ရတော့ပစ္စည်းတွေသိမ်းတုန်းဆဲတုန်းပေါ့...။

"ဆရာရေ"

"ဗျာ?ဟုတ်ကဲ့?"

"တစ်ခုလောက်အကူအညီတောင်းမဆိုဆရာ့ကို"

"ပြောပါဗျ"

"ကျွန်မလေသိပ္ပံခန်းထဲဖတ်စာအုပ်မေ့ကျန်ခဲ့လို့"

"အော်ဟုတ်ကဲ့?"

"အဲ့ဒါသွားယူပေးပါလားရှင်?အကူအညီတောင်းတာပါဆရာရယ်"

"ရတယ်ဗျ ခနလေးပါနော်" ဆိုပြီးပစ္စည်းတွေအကုန်ကောက်ထည့်လိုက်၍

"အားနာလိုက်တာဆရာရယ်"

"ရပါတယ်ဗျ" ဆိုပြီးသိပ္ပံခန်းဘက်ကိုထွက်သွားတော့တယ်...။

သိပ္ပံခန်းကမှောင်မဲနေပြီးကြောက်စရာအရမ်းကောင်းတော့ ဘယ်သူကမှထိုအခန်းကိုမသွားချင်ကြဘူးပေါ့...။

One night one kiss💋 ✓ || Heeki🦌🐥Where stories live. Discover now