အားလပ်ရက်နှစ်ရက်ပြီးဆုံးသွားခဲ့ကာ တနင်္လာနေ့ရောက်လာခဲ့ပြီး ဟီဆွန်းကပုံမှန်အချိန်ပဲစာသင်ခန်းထဲဝင်လာ၍
"ဇွဲကောင်းနေလို့ပါလား?"
"မင်္ဂလာနံနက်ခင်းပါဆရာ" ဆိုပြီးဝိုင်းနှုတ်ဆက်ကြတော့နီခီကိုမတွေ့တာနဲ့လိုက်ရှာနေမိကာ သူ့ခုံပေါ်ထိုင်ပြီး နာမည်စာရင်းခေါ်လိုက်တော့တယ်...။
ခေါ်ပြီးသွားတော့ခဲတံကသူ့စားပွဲခုံအောက်ပြုတ်ကျသွားပြီး ခုံပေါ်ကဆင်း၍ကောက်လိုက်ချိန်ပဲ နီခီကိုမြင်သွားကာလန့်သွားတာပေါ့...။
ဟီဆွန်းတစ်ယောက်အသံတိုးတိုးလေးနဲ့နီခီကိုလှမ်းပြောလိုက်ကာ
"ဘာလုပ်နေတာလဲ?ဒီအောက်မှာ?"
"မနက်ဖြန်တွေ့မယ်လို့ပြောထားတယ်လေ"
"အဲ့ဒါကသိပေမဲ့ ဒီခုံအောက်မှာဘာလုပ်နေတာလဲလို့?"
"ဆရာ့ကိုတွေ့ဖို့ခိုးလာတာကျောင်းကို"
"အမ်?"
"ဆရာ့မျက်နှာတစ်စက္ကန့်မတွေ့ရင်မနေနိုင်တာမို့" ဆိုပြီးပြောလိုက်တော့ ဟီဆွန်းလည်းရင်ခုန်သွားပြီး
"ဒီကလေး" ဆိုပြီးရှက်သွားကာခုံပေါ်ပြန်ထိုင်လိုက်လေရဲ့...။
"ဆရာခုနကဘာလုပ်နေတာလဲ?ခုံအောက်ထဲဝင်ပြီး?"
"အော်?အော်...ခဲ-ခဲတံကောက်တာ"
"အော်"
"ဒါဆိုကျောင်းသားလေးတို့စာသင်မယ်နော်"
"ဒီအောက်မှာပဲနေနေတော့မှာလား?" ဆိုပြီးခုံအောက်ကနီခီကိုငုံကြည့်ကာ တိုးတိုးလေးမေးလိုက်ပေမဲ့ ကျောင်းသား/သူတွေကကြားသွားတော့တယ်...။"ဆရာဘယ်သူ့ကိုပြောတာလဲ?"
"အော်?ဒီတိုင်းပါ ကဲကဲစာသင်မယ်"
ဆိုပြီးစာစသင်လိုက်တာပေါ့...။နီခီတစ်ယောက်ဟီဆွန်းစာသင်တာထိုင်စောင့်ရင်းအိပ်ငိုက်လာပြီးအိပ်ပျော်သွားတော့တယ်...။
နားချိန်ရောက်သွားတော့ကျောင်းသား/သူတို့ကကိုယ်စီကိုယ်စီနေရာအသီးသီးကိုထွက်သွားကြပြီး ဟီဆွန်းကခုံအောက်နီခီကို
ငုံကြည့်လိုက်၍
YOU ARE READING
One night one kiss💋 ✓ || Heeki🦌🐥
Fanfiction"ဒီကနေအဝေးဆုံးတစ်နေရာကိုဆရာ့ကိုခေါ်ထုတ်သွားပေးမယ်..."