W.Y

969 90 20
                                    

Warning ⚠️
Read at your own risk.

" ကျစ်! စိတ်ပျက်ဖို့ကောင်းတဲ့ ဖယ်ရိုမုန်း အနံ့တွေ ၊ ကင်မ်ဆောနူ အဲ့စိတ်ပျက်စရာအနံ့တွေ ထပ်ထုတ်နေမယ်ဆို မင်းကို ငါတစ်ခုခုလုပ်မိတော့မယ်နော် "

" အဲ့ဒါတော့ ငါလည်း မတက်နိုင်ဘူး ဂျောင်ဝန်း ၊ မင်းကြောင့်ဖြစ်ရတာပဲကို မင်းသာအဲ့ဒီ စောက်ကျိုးနည်းဖယ်ရိုမုန်းနံ့ကိုအရင်စမထုတ်ခဲ့ရင် ဘာမှဖြစ်မှာမဟုတ်ဘူး "

" အယ်လ်ဖာလို့ လိမ်ထားတဲ့ကောင်ကများ "

" အဲ့တော့ ဘာဖြစ်လဲ မင်းအသားပဲ့သွားလို့လား သိုးလိုကောင် "

ယန်းဂျောင်ဝန်းရဲ့ စကားနာထိုးမှုက ကင်မ်ဆောနူ၏အရှိုက်ကိုတည့်တည့်ထိသွားဟန်တူသည် ။ ငါးနှစ်လုံး အယ်လ်ဖာလို့ပဲသိလာခဲ့ရတဲ့ ပိုင်မုသန်း‌လေးကင်မ်ဆောနူကို အိုမီဂါမှန်းသိလိုက်ရတဲ့အချိန် ဂျောင်ဝန်း မတုန်လှုပ်ဘူးဆို လိမ်ရာကျမှာပေါ့ ။

သူကိုယ်တိုင်ကိုက တုံးတာပါ ဒီလောက်ပန်းလေးလိုလှနေတာ အယ်လ်ဖာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။ နောက်ပြီး ငါးနှစ်အကြာမှ ပထမဆုံးရဖူးတဲ့ ကင်မ်ဆောနူရဲ့ ဖယ်ရိုမုန်းအနံ့က အလွန်တရာမှစိတ်ပျက်ဖို့ကောင်းသည်။ အလွန်တရာမှစိတ်ပျက်ဖို့ကောင်းအောင်မွှေးလွန်း‌‌ေနသည်။

သူ့လိုသွေးသန့် ဒေါမနန့် အယ်လ်ဖာတစ်ယောက်ကိုတောင် rut ဝင်ချင်သွားတဲ့ထိကို ကင်မ်ဆောနူရဲ့ ဖယ်ရိုမုန်းက ဆွဲဆောင်အားပြင်းပြသည်။ အနံ့တောင် ဒီလောက်မွှေးနေတာ scent gland ရှိတဲ့လည်ဂုတ်ကိုသာကိုက်လိုက်ရရင် ဘယ်လောက်ချိုလိုက်မလဲ ။

ဂျောင်ဝန်းက ဆောနူရဲ့ လည်ဂုတ်ကို ကြည့်ရင်း လျှာသပ်မိသည်။ ဂျောင်ဝန်းရဲ့အကြည့်တွေက လည်ဂုတ်မှတစ်ဆင့် သေးသွယ်လွန်းတဲ့ခါးသိမ်သိမ်လေးဆီကို ထပ်မံကူးသန်းသွားသည် ။ နောက်ပြီး အောက်ဖက်က လုံးတစ်နေတဲ့မက်မွန်သီးလေးဆီကို ။ ကင်မ်ဆောနူဆီကရတဲ့ချိုအီအီ ဖယ်ရိုမုန်းနံ့ကြောင့် ဂျောင်ဝန်းစိတ်တွေကမခိုင်တော့ပေ ။ စိတ်ရှိလက်ရှိသာဆို ဂျောင်ဝန်းကဆောနူရဲ့ခါးသေးသေးလေးကို ဆွဲကိုင်ပြီး တစ်ခုခု လုပ်ပြစ်လိုက်ပြီ ။ ဆောနူအပေါ်ဂျောင်ဝန်းရဲ့အကြည့်နဲ့အတွေးတို့က တစ်ဖြည်းဖြည်းညစ်ညမ်းလာသည်။

Highway To Heaven  | Yangsun Where stories live. Discover now