စိတ်ခံစားချက်တွေဆိုတာ Ferris Wheelတစ်ခု လိုပဲ။ တက်လိုက် ကျလိုက် နဲ့လည်နေတဲ့ ခံစားချက်တွေ ၊ ဆုံးဖြတ်ချက် ချရ ခက်ခဲတဲ့ ခံစားချက်တွေက လူကို တစ်ကယ်ပဲ ကသိကအောက်ဖြစ်စေတယ်။ ဒါပေမယ့် အဲ့ စိတ်ခံစားချက်က အချစ်ဆိုရင်တော့ အရာရာက အေးဆေးဖြစ်သွားတာပါပဲ ။
-
ယန်းဂျောင်ဝန်း အသက် ဆယ့်ကိုးနှစ်ပြည့်မွေးနေ့မှာ နှစ်အတော်ကြာပိတ်ထားတဲ့ ဘေးခြံကို လူသစ်ပြောင်းလာခဲ့သည်။ ဂျောင်ဝန်းကထိုနေ့မှာပဲ ဘုရားပေးတဲ့လက်ဆောင်ကဘာလဲဆိုတာ အပြည့်အဝနားလည်ခဲ့သည်။
ဘေးခြံကို ပြောင်းလာသော အစ်ကိုကြီးမှာ အသက်သာမပြောလျှင် ဂျောင်ဝန်းသူ့ထက်ငယ်လိမ့်မည်ဟုထင်မိမှာအမှန်ပင်။ဖြူဖြူဖွေးဖွေး သေးသေးညှက်ညှက် နှင့် ထိုအကိုကြီးသည် အလွန်ပင်ချစ်ဖို့ကောင်းသည်။
ဘေးခြံမှလူသစ်အစ်ကိုကြီးသည် အဖော်မင်သောဆယ်ကျော်သက်အရွယ်ဂျောင်ဝန်းအဖို့ စိတ်ဝင်စားစရာလူတစ်ဦးဖြစ်လာခဲ့သည်။
ဂျောင်ဝန်းအခန်းဝရံတာမှ ဘေးခြံအားရှင်းလင်းစွာမြင်ရသည်။ ဝရံတာသည် ဂျောင်ဝန်းအဖို့ အမုန်းဆုံးနေရာဖြစ်သည်။ အကြောင်းမှာ ဂျောင်ဝန်းအသက် 11 နှစ်လောက်တွင် သူအကြိုက်ဆုံး ဘမ်ဘေဘီး စက်ရုပ်အဝါလေး ဝရံတာမှပြုတ်ကျ၍ တစစီ ကွဲကြေမွခဲ့ရသောကြောင့်ဖြစ်သည်။
သို့သော် ဘေးခြံသို့ထိုအစ်ကိုကြီးပြောင်းလာပြီးနောက်ပိုင်းတွင် ဝရံတာမှာ ဂျောင်ဝန်းအကြိုက်ဆုံးနေရာဖြစ်လာခဲ့သည်။ ဘေးခြံကို ဝရံတာမှ လှမ်းကြည့်တိုင်း ထိုအစ်ကိုကြီး သူ့အားပြုံးပြသည့်အခါ ဂျောင်ဝန်း နှလုံးသားလေးမှာ ကျဉ်ကျဉ်သွားရသည်။
ထိုအပြုံးတွေသည် လူသတ်နိုင်သော အပြုံးလှလှကလေးများဖြစ်သည်။
-
" အစ်ကိုဆောနူ ..... အစ်ကိုဆောနူ ထတော့လေဗျာ "
ပေါင်းသင်းဆက်ဆံရေးအလွန်ကောင်းမွန်သောဂျောင်ဝန်းမှာ အချိန်တိုအတွင်း ဘေးခြံကို တံခါးမရှိဓားမရှိဝင်ထွက်လာနိုင်သည်။
" အွန်းမ် ဂျောင်ဝန်း ငါးမိနစ် "
" ဟာမရဘူးလေဗျာ အစ်ကိုကျွန်တော့်ကို ဒီနေ့ပန်းချီသင်ပေးမှာဆို "
![](https://img.wattpad.com/cover/364739869-288-k524745.jpg)