I wanna kiss you

746 71 16
                                    


Warning: Kiss scene
တစ်ပုဒ်လုံးနီးပါး kiss sceneတွေ ချည်းပဲမလို့ အဆင်ပြေမှဖတ်ပါရှင့်။





" မင်းကိုနမ်းချင်တယ် "

" ဟင့်.. လွှတ်ပါ ကိုကို အွင့်... "

ယန်းဂျောင်ဝန်း၏ ငြင်းဆန်နေသော တားဆီးသံကလေးများမှာ ဖိကပ်ခံလိုက်ရသော နှုတ်ခမ်းတစ်စုံကြောင့် ကွယ်လေငဲ့ပိတ်ပိတ်ပျောက်သွားရသည်။  ခါးအားတင်းကြပ်စွာဖက်ထားသောကြောင့် ဂျောင်ဝန်းမှာ ရုန်းမရ ။  ခုလိုမျိုး ဂျောင်ဝန်းအပေါ်ရမ်းကားသည့် အချိန်မျိုးတွင် ကိုကို၏ ခွန်အားကို ဂျောင်ဝန်းမတွန်းလှန်နိုင်။

နှုတ်ခမ်းသားတို့အား အပေါ်တစ်လှည့်အောက်တစ်လှည့် စုပ်ယူနမ်းရှိုက်နေခြင်းကြောင့် ဂျောင်ဝန်း ၏ နှုတ်ခမ်းတစ်စုံမှာ ပူထူလာ၏။ အတင်းအကြပ် နမ်းကာအနိုင်ကျင့်နေသော ကိုကို၏ ရင်ဖက် ကို လွတ်လိုလွတ်ငြား မျှော်မှန်း၍ တွန်းသော်လည်း ဒုံရင်းက ဒုံရင်းပဲမလို့ ဂျောင်ဝန်းအကြီးကြီးဝမ်းနည်းရ၏။

ကိုကိုသည် သူ့အား ထိုသို့ ခနခနပင် အနိုင်ကျင့်လေသည်။

" ဘာငိုစရာပါလို့လဲ ‌ရှောင်ပေါင်ပေါင်း "

နမ်းနေရင်းမှ မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာသော ကောင်လေးကြောင့် ဆောနူက နှုတ်ခမ်းများကိုအလွှတ်ပေးလိုက်သည်။  လွှတ်ပေးလိုက်သည့်‌တိုင် အငိုမတိတ်နိုင်သေးသော သူ၏ မွေးစားညီလေးမှာ ကလေးဆန်လွန်းလှသည်။

"ကို ဟင့် ~ ကိုကို က အင့် .. အနိုင်ကျင့်တာ "

ရှိုက်သံလေးများကြားမှ တစ်စိုးတစထွက်လာသောအသံကလေးမှာ အသဲယားဖွယ် ။ စိတ်မထိန်းနိုင်စွာ နှုတ်ခမ်းတို့အား တစ်ဖန်နမ်းရှိုက်မိသည့်အခါ ရင်ဖက်ပေါ်သို့ ကျရောက်လာသော လက်သည်းလှလှတို့၏ ကုတ်ချက်ကလေးမှာ စူးခနဲ ။

" ဆိုးလိုက်တာကွာ "

" ဆိုးတာက ကိုကိုလေ ဟင့် "

" ဟုတ်တယ် ဟုတ်တယ်ကိုယ်က ဆိုးတာ မငိုနဲ့တော့တိတ်တိတ် "

ပါးပြင်အုအုထွေးထွေးကလေးပေါ်မှမျက်ရည်စီးကြောင်းလေးအား ခပ်ဖွဖွ သုတ်ပေး၍ ချော့မြူသည့်အခါ သူ၏ ညီလေးမှာ လိမ်လိမ်မာမာ နှင့် အငိုတိတ်၏ ။  ခါးသို့ဖက်တွယ်လာသော လက်ကလေးတို့မှာ ဆောနူအားခွဲခွာရတော့မည့်လူအလား တင်းတင်းကြပ်ကြပ် ။

Highway To Heaven  | Yangsun Where stories live. Discover now