123123
" ဟေး.. ဝီလီယမ်ရဲ့ စိတ်ဒုက္ခလေး "
"ဗျာ .. ကျွန်တော့်ကိုခေါ်တာလား အားနာပေမယ့် လူမှားနေတယ်ဗျ "
ကောင်လေး၏ အဖြေကို သူအလိုမကျ ၊ ထိုကောင်လေးကနောက်နေပုံလည်းမပေါ် ။ သူ့ရှေ့က စားပွဲပေါ်က orange juice တစ်ခွက်ကို ယူပြီးကျောခိုင်းသွားတဲ့ကောင်လေးကို ဂျွန်ကြည့်နေမိတုန်း။ ကောင်လေးကို လှမ်းခေါ်မလို့ လုပ်တုန်း ပုခုံးကိုပုတ်လာသည့် လက်တစ်ဖက်ကြောင့် သူတန့်သွားရသည်။
" တော်တော့ ဂျွန် ၊ ဂျော်နီက ငါ့ကိုမေ့သွားပြီ "
" ဟင် ဘာကိုပြောချင်တာလဲ ၊ အရင်လပဲ မင်းတို့ အတူချစ်နေကြတုန်းလေ "
" ဒီကြားထဲမှာ မင်းမသိလိုက်တာတွေရှိသေးတယ် ၊ လွယ်လွယ်ပြောရရင် ဂျော်နီရဲ့ ဦးနှောက် က လူတွေကိုသိပ်မမှတ်နိုင်တော့ဘူး ၊ သူအခု ငါ့ကိုမေ့သွားမယ် ပြီးရင် သူပြန်မှတ်မိလာလိမ့်မယ် ၊ ငါလည်း ဆရာဝန်မဟုတ်လို့ အဲ့ရောဂါအကြောင်းကိုသိပ်မသိဘူး အသက်အန္တာရယ်တော့မစိုးရိမ်ရဘူးတဲ့ ။
" တစ်ကယ်ပါပဲကွာ .. "
ဝီလီယမ် က လက်ထဲက ဝိုင်ခွက်ကို အသာလှုပ်ရမ်းရင်း မျက်စိရှေ့က တဖြည်းဖြည်း ဝေဝါး လာတဲ့ပုံရိပ်လေးကို နှမြောတသကြည့်နေမိသည်။
123120
ဩစရေးလျ ကို ပြောင်းလာပြီး ငါးနှစ်ကြာတဲ့ အခါမှ ဝီလီယမ် ပထမဆုံး new year eventကို join ဖြစ်သည်။ ရောင်စုံမီးတွေနဲ့ ဆူညံနေတဲ့ သီချင်းသံတွေက သူ့အတွက် တအားစိတ်ရှုပ်ဖို့ကောင်းသည်။ cigarettes တစ်လိပ်ကို ဆွဲယူပြီး club အပြင်ကိုထွက်လာလိုက်သည်။
" အင့် "
" ကျစ်!.. တစ်ကယ်ပါပဲကွာ ဒီနေ့မှ ဘာဖြစ်နေတာလဲ "
ဝင်ပေါက်ရှေ့တည့်တည့် မှာ သူ့ကိုဝင်တိုက်လာသည့် ကောင်လေးကြောင့် စိတ်တွေပိုရှုပ်လာရသည်။ ယိုင်နဲ့နဲ့ ခန္တာကိုယ်လေးဆီမှ အရက်နံ့က မွှန်နေအောင် ထွက်နေသည်။
ကောင်လေးက သူ့ကိုမော့ကြည့်လာသည့်အခိုက်အတန့် ၊ ပတ်ဝန်းကျင်မှာ အော်သံတွေဆူညံသွားသည်။ ကောင်းကင်ယံထက်မှာ တလက်လက် ထနေသည့် မီးရှုးမီးပန်း တွေက နှစ်သစ်ရဲ့ အစဆိုသည့် ပြယုဇ်ဖြစ်သည်။ မီးရှုးမီးပန်းတွေရဲ့ ပုံရိပ်ယောင်က ကောင်လေး၏ ကြည်လင်နေသည့် မျက်ဝန်းတွေ မှာထင်ဟပ်နေသည်။
ဝီလီယမ်က ကောင်လေး၏ ခါးကိုပွေ့လိုက်သည်။ နှစ်သစ်ကူးတဲ့နေ့မှာ ကြုံရတဲ့ စိတ်ဒုက္ခက ထိုသို့လှလှလေးဖြစ်သည်။
" အင့် ဘယ်သူကြီးလဲ လွှတ်! "
" ကိုယ်က ဝီလီယမ် "
123123
" ဂျော်နီ.."
"ဗျာ ဘာလိုအပ်လို့လဲခင်ဗျ "
" ကိုယ့်ကိုသိလား "
" ဟို ဖေဖေ့ မိတ်ဆွေ လားဟင် အားတော့နာပါတယ် ကျွန်တော်ကမှတ်ဉာဏ်သိပ်မကောင်းလို့ သိပ်မမှတ်မိဘူးရယ် "
ဂျော်နီ သူရှေ့က ခန့်ချောချော အကိုကြီးကိုတွေတွေလေးငေးစိုက်ကြည့်သည်။ ရင်းနှီးတယ်လို့ခံစားရပေမယ့် ဘယ်သူလဲဆိုတာစဉ်းစားလို့မရ။
" ဂျော်နီ မမှတ်မိလည်း ကိစ္စမရှိဘူး ကိုယ်တို့အသစ်ကပြန်စလို့ရတယ် ၊ ကိုယ်က ဝီလီယမ် "
" ဝီလီယမ် ... "
ထိုအသံကသူ၏ နားထဲပဲ့တင်ထပ်နေသည်။ မူးဝေလာတဲ့ခေါင်းနဲ့အတူ ခေါင်းထဲမှာ အစီအရီပေါ်လာသည့် မှတ်ဉာဏ်များကမြင်းရုပ်များနှင့်စက္ကူမီးအိမ်ကဲ့သို့ပင်။ မီးရှူးမီးပန်းများ၏ တဖောက်ဖောက် အသံများအောက်မှာ မာယာပိုစွာ တိုးဝင်ခဲ့တဲ့ ထိုသူ၏ရင်ခွင် ။ ဂျော်နီမျက်ဝန်းများက စိုစွတ်လာသည်။ သူက သူဘဝရဲ့အစိတ်အပိုင်းတစ်ခုကို ရာရာစစ မေ့ပြစ်ခဲ့သည်တဲ့လေ ။
" ကို..ကိုကို အင့်~ ကျွန် ကျွန်တော် တောင်းပန်ပါတယ် "
ဂျော်နီက သူ့မျက်စိရှေ့က ရင်ခွင်ကျယ်ထဲကို တိုးဝင်လိုက်သည်။ သူ၏ခါးပေါ် ရောက်လာသည့် ကိုကို့လက်များကတင်းတင်းကြပ်ကြပ်။ သူ့နည်းတူ ကိုကို့မျက်ဝန်းများကလည်းစိုစွတ်နေခဲ့သည်။
" ဘေဘီ့ အပြစ်မှမဟုတ်တာ ကိုယ့်ကိုပြန်မှတ်မိတယ်ဆိုရင်ပဲ ရပါပြီ "
ဝီလီယမ် သူ၏ရင်ခွင်ထဲကကောင်လေး၏ မျက်နှာကိုပင့်တင်လိုက်သည်။ မျက်ရည်တွေရွှဲနေတဲ့ထိုကောင်လေးက သနားစကာကောင်းနေပေမယ့် တအားလည်းလှလွန်းနေသည်။
မျက်ရည်တွေကို ဖွဖွလေး သုတ်ပေးရင် စိတ်မထိန်းနိုင်စွာ နှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်သည်။ ရင်းနှီးနေတဲ့အထိအတွေ့လေးနဲ့အတူ ရင်းနှီးနေတဲ့ မီးရှူးမီးပန်းသံများက ကောင်းကင်အနှံ့ ။
" ဘေဘီမေ့သွားလည်း ကိစ္စမရှိဘူး ကိုယ်ကပြန်မှတ်မိအောင်လုပ်ပေးမှာမို့ မှတ်ဉာဏ်တွေကြား နစ်မွန်းလိုက်စမ်းပါ "
ဆိတ်သားအင်ဂျွိုင်ယာလူဗီယာပါ သူငယ်ချင်းတို့
ဒါလေးက short story လောက်ပါပဲ new year night ကရောက်တက်ရာရာ ရေးထားတာလေး draft ထဲမှာတွေ့လာလို့တင်ပေးတာပါ ။
